Transparency Myanmar

transparency.myanmar@gmail.com

နာဂသူပုန်ခေါင်းဆောင် Thuingaleng Muivah ကို ထောက်ခံသူများနှင့် မဏိပူရ အစိုးရအကြား ဖြစ်ပေါ်လျက်ရှိသော လိပ်ခဲတည်းလည်းပြဿနာကြောင့် ဒေသတွင်း တိုင်းရင်းသား လူမျိုးစုများ ဆက်ဆံရေး ပိုမိုဆိုးရွားလာနိုင်ဖွယ် ရှိနေသည်။

နာဂ အုပ်စုများက ယခုအခါ မဏိပူရနှင့် အိန္ဒိယဒေသများသို့ ဆက်သွယ်ပေးသည့် အမျိုးသားလမ်းမကြီးကို ပိတ်ပင်လိုက်ရာ မဏိပူရတွင် အစားအသောက်၊ လောင်စာနှင့် အခြားသော ကုန်ပစ္စည်းများ ပြတ်တောက်မှုနှင့် ကြုံတွေ့ရမည့် ကိန်းဆိုက်တော့မည်ဖြစ်သည်။

အဆိုပါ လိပ်ခဲတည်းလည်းပြဿနာကို နယူးဒေလီအစိုးရက ကြားဝင်ဖြေရှင်းပေးသော်လည်း ယခုအချိန်အထိ အောင်မြင်မှု မရရှိသေးပေ။ ယခုပြဿနာသည် နာဂသူပုန် ခေါင်းဆောင် Thuingaleng Muivah က မဏိပူရပြည်နယ်ရှိ သူ၏ မွေးရပ်ဇာတိ ကျေးရွာကို သွားရောက်လည်ပတ်ရန် ကြိုးစားရာမှ အချေတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

နာဂခွဲထွက်ရေးသမားများ၏ အဓိကတောင်းဆိုချက်မှာ မဏိပူရပြည်နယ်၊ အာသံပြည်နယ်၊ အူရန်ချာ ပရာဒေ့ရှ်နှင့် မြန်မာနိုင်ငံ ထဲတွင် နေထိုင်သော နာဂများအပါအဝင် နာဂလူမျိုးနှင့် သက်ဆိုင်သော ပြည်နယ်များအားလုံး ပါဝင်သည့် နာဂနယ်မြေကြီးတစ်ခု ဖန်တီးပေးရေးပင်ဖြစ်သည်။ မဏိပူရပြည်နယ် နယ်စပ်ဒေသ Imphal တောင်ကြားရှိ တောင်ကုန်းဒေသများမှာ နာဂလူမျိုးစုများ အဓိက အခြေချနေထိုင်ရာဖြစ်သည်။

မဏိပူရအစိုးရက စိတ်ပူပန်လျက်ရှိသည်မှာ အကယ်၍ နာဂသူပုန်ခေါင်းဆောင်သာ ၎င်းတို့၏ ပြည်နယ်ထဲသို့ လာရောက်လည်ပတ်ပါက ပြည်နယ်တွင်း နေထိုင်သော တိုင်းရင်သား လူမျိုးစုများ ဆက်ဆံရေး မပြေမလည်ဖြစ်နိုင်သည်ဟူသော  အချက်ပင်ဖြစ်သည်။

အရှေ့မြောက်ဒေသတွင် ဖြစ်ပေါ်လျက်ရှိသော ပုန်ကန်ထကြွမှုအချို့ကြောင့် တိုင်းရင်းသား လူမျိုးစုများနှင့် ဒေသတွင်း နေထိုင်သူများကို ပဋိပက္ခများဖြစ်ပေါ်စေသည်။ အကယ်၍ အဆိုပါ အရေးကိစ္စများကို ပညာသားပါပါ ကိုင်တွင်ဖြေရှင်းနိုင်ခြင်း မရှိပါက ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပေါ်လာဖွယ်ရှိသည်။၏

နာဂလူမျိုး အရေးကိစ္စနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးမှုများ နှစ်ကာလကြာရှည်စွာ ပြုလုပ်နေရခြင်း၏ အကြောင်းအရင်းတစ်ခုမှာ ခွဲထွက်ရေးသမားများ၏ တောင်းဆိုမှုများသည် နာဂလူမျိုးမဟုတ်သော ပြည်သူများကို ထိခိုက်နစ်နာစေသောကြောင့်ပင်ဖြစ်သည်။

သို့သော် သတိထားရန် လိုအပ်သည်မှာ နိုင်ငံနယ်နိမိတ်ဟူသည့် အရေးကိစ္စပါသော နိုင်ငံရေးအမြင်ဖြင့် ပြဿနာ ဖြေရှင်းပါက ဒေသတွင်း ငြိမ်းချမ်းရေးနှင့် စီးပွားရေး တည်ငြိမ်မှု မရရှိနိုင်ဟူသော အချက်ပင်ဖြစ်သည်။

နယ်မြေခွဲခြား သတ်မှတ်ရန် တောင်းဆိုနေမှုများသည် မည်သို့မျှ ခွဲခြား၍မရနိုင်သော တိုင်းရင်းသားလူနည်းစုများ၊ ဒေသခံများ၏ ယဉ်ကျေးမှုများကို ခွဲခြားပစ်နေသည့် သဘောတွင် ရှိသည်ကို ခွဲထွက်ရေးသူပုန်များ သတိပြုသင့်သည်။

Relief Web မှသတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment