Transparency Myanmar

transparency.myanmar@gmail.com

BBC News, 20th July 2010

ထိုင်းအာဏာပိုင်များသည် ဘန်ကောက်တွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများကို နှိမ်နင်းခဲ့ပြီး နှစ်လအကြာတွင် ထိုင်းနိုင်ငံ မြောက်ပိုင်း ပြည်နယ် သုံးခုတွင် အရေးပေါ် အခြေအနေ ကြေညာထားမှုအား ရုတ်သိမ်းလိုက်သည်။

တာဝန်ရှိသူ တစ်ဦးက ပြောကြားရာတွင် Lampang၊ Roi Et နှင့် Sakon Nakhon တို့တွင် အရေးပေါ် ဥပဒေ ရုတ်သိမ်းခဲ့ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အဆိုပါ ဒေသများတွင် မငြိမ်သက်မှုများ မရှိတော့၍ ဖြစ်ကြောင်း ဆိုသည်။

သို့သော် အရေးပေါ် ဥပဒေသည် ဘန်ကောက်နှင့် အခြားပြည်နယ် ၁၅ ခု တွင် ကျန်ရှိ နေသေးကြောင်း အဆိုပါ တာဝန်ရှိသူက ဆိုသည်။

ဥပဒေတွင် လူငါးဦးထက် ပိုမို၍ မစုရုံးရန်နှင့် လုံခြုံရေး တပ်ဖွဲ့များအား သံသယရှိသူများအား တရားရုံးသို့ တင်ပို့ခြင်း မရှိဘဲ ရက် ၃၀ ထိန်းသိမ်း ထားခွင့် ပြုထားသည်။

အရေးပေါ် ဥပဒေသည် ယခုနှစ် အစောပိုင်းက ဘန်ကောက်တွင် လူ ၉၀ သေဆုံးခဲ့သော အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများကြောင့် ထုတ်ပြန်ခဲ့ရခြင်း ဖြစ်သည်။

ဇူလိုင်လ ၆ ရက်နေ့က ပြည်နယ် ငါးခုတွင် အဆိုပါ ဥပဒေ ရုတ်သိမ်းပေးခဲ့ပြီး၊ ကျန်ဒေသများတွင် နောက်ထပ် သုံးလ သက်တမ်းတိုးခဲ့သည်။

လူ့အခွင့်အရေး အုပ်စုများနှင့် နိုင်ငံခြား သံတမန်များက အရေးပေါ် ဥပဒေကို တတ်နိုင်သမျှ အမြန်ဆုံး ရုတ်သိမ်းရန် ထိုင်းအစိုးရအား တိုက်တွန်းခဲ့ကြပြီး၊ ဝေဖန် သုံးသပ်သူများကမူ အာဏာပိုင်များသည် ဆန္ဒပြ လှုပ်ရှားမှုများကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်နိုင်ရန် အဆိုပါ ဥပဒေကို အသုံးပြုလျက် ရှိသည်ဟု ဆိုသည်။

သို့သော် ယခင်လို ထပ်မံ ဖြစ်ပွားခြင်းမှ ကာကွယ်ရန် အဆိုပါ ဥပဒေ လိုအပ်နေသေးကြောင်း ထိုင်းအစိုးရက ငြင်းချက် ထုတ်ခဲ့သေးသည်။

"ပြည်နယ် သုံးခုမှာ ရုတ်သိမ်း ပေးခဲ့ရတာကတော့ အဲဒီမှာ မငြိမ်မသက် ဖြစ်စေမယ့် လှုပ်ရှားမှု၊ လက္ခဏာတွေ မရှိလို့ပါပဲ။ အစိုးရမှာ ငြိမ်းချမ်းတဲ့ အခြေအနေကို ဆက်ထိန်းဖို့ လုံခြုံရေး အင်အား အပြည့်အစုံ ရှိပါတယ်" ဟု အစိုးရ လက်ထောက် ပြောခွင့်ရ ပုဂ္ဂိုလ် Supachai Jaisamut က ပြောကြားခဲ့သည်။

"အစိုးရက ပြည်နယ် ၁၆ ခုမှာ အရေးပေါ် အခြေအနေကို ဆက်လက် ထားရှိမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ လှုပ်ရှားမှု အချို့ ရှိနေသေးလို့ပါ" ဟု ၎င်းက ဆိုသည်။

 

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment