Transparency Myanmar

transparency.myanmar@gmail.com

Reuters, 22nd July 2010

တရုတ်အနေဖြင့် လာမည့် ငါးနှစ် အတွင်း တဖြည်းဖြည်း လုပ်ငန်းစဉ်များတွင် ယွမ်ငွေအား ပိုမို ကျယ်ပြန့်သော ခွင်အတွင်း နှုန်းရှင်ဖြင့် မျှောထားသင့်ကြောင်း ဗဟိုဘဏ်၏ ဒေသဆိုင်ရာ ဋ္ဌာနခွဲ တစ်ခုမှ တာဝန်ရှိ သူတစ်ဦးက ကြာသပတေးနေ့က ပုံနှိပ်ထုတ်ဝေသော မှတ်ချက်တွင် ဖော်ပြထားသည်။

Henan ပြည်နယ် Zhengzhou ရှိ ဗဟိုဘဏ် လေ့ကျင့်ရေးကျောင်းမှ  Wang Yong  က ပြောကြားရာတွင် တရုတ်ပြည်သူ့ဘဏ် (People's Bank of China) အနေဖြင့် နိုင်ငံခြား ငွေလဲလှယ်ရေး ဈေးကွက်တွင် ဝင်ရောက် စွက်ဖက်မှုအား နောက်ဆုတ်သင့်ကြောင်း၊ နေ့စဉ် အတက်အကျကို ကန့်သတ်ထားခြင်းကို ကျော်လွန်၍ ယွမ်က တက်သွားခြင်း မရှိသောကြောင့် ဟုဆိုသည်။

ယခု လောလောဆယ် အားဖြင့် ယွမ်ငွေသည် ဗဟိုဘဏ်မှ သတ်မှတ်ထားသော စံနှုန်းမှ ၀.၅ % သာ နေ့စဉ် အတက်အကျ ပြုလုပ်နိုင်သည်။ Beijing သည် ယွမ်ငွေအား အမေရိကန် ဒေါ်လာနှင့် အသေ ချည်နှောင်ထားခြင်းအား ဇွန်လ (၁၉) ရက်နေ့က ဖယ်ရှားလိုက်ပြီးနောက် ၀.၈ %  ခန့်သာ တိုးလာသည်။

နေ့စဉ် အတက်အကျ နှုန်းသည် လာမည့်နှစ်တွင် ၁ %  ရှိမည်ဟု ခန့်မှန်းထားပြီး၊ ၂၀၁၅ ခုနှစ်တွင် ၂ % ရှိမည်ဟု ခန့်မှန်းထားသည်ဟု တရားဝင် Shanghai Securities News ဆောင်းပါးတွင် Wang က ရေးသားထားသည်။

၎င်း၏ မှတ်ချက်များသည် တာဝန်ရှိသူများ၏ စဉ်းစားမှုတွင် အရာ ထင်လိမ့်မည် မဟုတ်သော်လည်း၊ ယွမ်လဲလှယ်နှုန်း ပြုပြင် ပြောင်းလဲရေးကို မည်သို့ လုပ်ဆောင်မည်နည်းဟု တရုတ်ပြည်ကြီးက စဉ်းစားနေချိန်တွင် ခြားနားသော အမြင် တစ်ခုအဖြစ် မီးမောင်းထိုး ပြလိုက်သကဲ့သို့တော့ ဖြစ်မည် ဖြစ်သည်။

တိုင်းပြည်၏ ထိပ်တန်းခေါင်းဆောင်များ ပြောကြားခဲ့သော အမြန်လက်ခံ ကျင့်သုံးရန် အတွက် တောင်းဆိုမှုများကို Beijing အနေဖြင့် လက်မခံကြောင်း အဆိုကို Wang က ထပ်မံထောက်ခံခဲ့သည်။

"တရုတ် အနေဖြင့် တစ်ကမ္ဘာလုံး၏ ဘဏ္ဍာရေး အကျပ်အတည်းကို ပေးဆပ် မပေးနိုင်ပါဘူး။ တခြားလူတွေရဲ့ စိတ်ခံစားမှု အတိုင်း လိုက်လုပ်ဖို့ မလိုပါဘူး'' ဟု ၎င်းက ရေးသားခဲ့သည်။

တရုတ်ပို့ကုန်များ အပေါ် ထိထိရောက်ရောက် ပံ့ပိုးနေသည့် တရုတ် ငွေကြေး မူဝါဒသည် အမေရိကန် လွှတ်တော်အတွင်း၌ တရုတ်ကို ဖိအားပေးရန် ရည်ရွယ်သည့် ဥပဒေ အလျှင်အမြန် ပြဋ္ဌာန်းရန် တွန်းအား ပေးနေသော တရုတ်ဝေဖန်သူ အမတ်များအား ထောက်ကွက် အသစ် ရစေခဲ့သည်ဟု အမေရိကန် ပြည်ထောင်စု အရံ ငွေကြေး ရန်ပုံငွေ ဥက္ကဋ္ဌ Ben Bernanke က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

တရုတ်နိုင်ငံသည် အကယ်၍ ယူရိုဇုန် ကြွေးမြီ ပြဿနာ၏ အဆက်မပြတ် ထိုးနှက်မှုကို ခံနေရသည် ဆိုပါက ၎င်း၏ ပို့ကုန်ကို အားပေးရန် အတွက် အမေရိကန် ဒေါ်လာနှင့် ချိတ်ဆက်ထားသော ၎င်း၏ ငွေကြေးကို တန်ဖိုး လျှော့ရန် ခွင့်ပြုသင့်သည်ဟု ဗဟိုဘဏ် အကြံပေး Zhou Qiren က သီးခြား ပြောဆိုသည်။

ယွမ်ငွေ တန်ဖိုး ဖြေလျှော့ပေးမှုကို ယခင်လက ပြန်လည် စတင်ခြင်းသည် လတ်တလော သတင်း ခေါင်းကြီးပိုင်းများကို လွှမ်းမိုးခဲ့သော်လည်း တရုတ်နိုင်ငံ၏ ပိုမို အခြေခံကျသော ပြုပြင်ပြောင်းလဲမှုသည် လွန်ခဲ့သည့် ၅ နှစ်၊ ၂၀၀၅ ဇူလိုင် ၂၁ရက်တွင် ပေါ်ပေါက်ခဲ့ဖူးပြီး ထိုစဉ်က ဘေဂျင်းသည် ယွမ်ငွေကို ဒေါ်လာနှင့် တရားဝင် ချည်ထားခြင်းကို ရုတ်သိမ်းခဲ့ပြီး မှန်မှန် ပြောင်းလဲသွားသော လမ်းကြောင်းပေါ် ချပေးခဲ့သည်။

နှစ်ပတ်လည် အထိမ်းအမှတ် အယ်ဒီတာ အာဘော်တွင် အစိုးရ Xinhua သတင်းဋ္ဌာနက "တရုတ်ငွေကြေး ပြုပြင် ပြောင်းလဲမှုသည် ယခုအခါ ငွေလဲလှယ်နှုန်း အတက်အကျ သိသာစွာ တွေ့မြင်နေရခြင်းနှင့် အတူ တိုးတက် ပြောင်းလဲမှုကို ပြုလုပ်နိုင်ခဲ့သည်'' ဟု ချီးမွှမ်း ရေးသားလိုက်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment