Transparency Myanmar

transparency.myanmar@gmail.com

Daily Contributor, 21st July 2010

အာဆီယံနိုင်ငံများ၏ အစည်းအဝေးကို ဇူလိုင် ၂၃ရက် သောကြာနေ့တွင် ကျင်းပမည် ဖြစ်သည်။ ယခု အစည်းအဝေး ဖိုရမ်၌ ဆွေးနွေးမည့် ခေါင်းစဉ်များတွင် ဒေသတွင်း သဘာဝ ဘေးအန္တရာယ် တုန့်ပြန်ရေးနှင့် ကယ်ဆယ်ရေး၊ မြန်မာနိုင်ငံမှ လာမည့် ရွေးကောက်ပွဲ စသည်တို့ ပါဝင်သည်။

မြန်မာနိုင်ငံက လာမည့် ရွေးကောက်ပွဲကို လွတ်လပ်၊ မျှတစွာ ကျင်းပမည် ဆိုသည်ကို အာဆီယံ အဖွဲ့က သံသယရှိ၊ စိုးရိမ်နေကြသည်။ အဖွဲ့ဝင် နိုင်ငံများမှ ဝန်ကြီးများက မြန်မာ အာဏာပိုင်များအား အများနှင့် သက်ဆိုင်သော ရွေးကောက်ပွဲ ကျင်းပပေးရန် တိုက်ရိုက် တဲ့တိုး ထုတ်ဖော် ပြောဆိုခဲ့ကြသည်။ ဒီမိုကရေစီ ထောက်ခံသူ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ ယခုအချိန်အထိ ရွေးကောက်ပွဲတွင် ပါဝင်ခြင်းကို တားမြစ်ခံရဆဲ ဖြစ်သည်။

တစ်ချိန်တည်းတွင် ဒေသတွင်း၌ မကြာခဏ ဖြစ်ပွားနေသော သဘာဝ ဘေးအန္တရာယ်များကို တုန့်ပြန်ရာတွင် အရပ်ဖက်နှင့် စစ်ဖက် ပူးပေါင်း ဆောင်ရွက်မှု ထိထိရောက်ရောက် တိုးတက်စေရန် အာဆီယံ ခေါင်းဆောင်များက စီစဉ်နေကြသည်။ အဆိုပါ ဘေးအန္တရာယ်များတွင် မြေငလျှင်များ၊ မုန်တိုင်းများ၊ မီးတောင် ပေါက်ကွဲမှုများ ပါဝင်သည်။ ပင်လယ် ရေမျက်နှာပြင် မြင့်တက်လာမှုနှင့် ပြင်းထန် ဆိုးဝါးသော ရာသီဥတု ပြောင်းလဲမှုသည် အရှေ့တောင်အာရှ ဒေသ အတွက် ကြီးမားသော စိုးရိမ်စရာ ဖြစ်လာသည်။

အာဆီယံသည် အာရှတိုက်တွင် အကြီးဆုံး လုံခြုံရေး ဖိုရမ် တစ်ခုဖြစ်သည်။ အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံ အကြားတွင် ယခု ရေပန်းစားနေသော လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်ကို ချမှတ်ထားသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment