Transparency Myanmar

transparency.myanmar@gmail.com

Xinhua, 22nd July 2010

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် Abhisit Vejjajiva က ကြာသပတေးနေ့က မြောက်ပိုင်း Tak ခရိုင်ရှိ ထိုင်း-မြန်မာ စစ်ဆေးရေး ဂိတ်ကို မကြာမီ ပြန်လည် ဖွင့်လှစ်လိမ့်မည်ဟု ၎င်းက ယုံကြည်ကြောင်း ပြောကြားခဲ့သည်ဟု ထိုင်း သတင်း အေဂျင်စီ (TNA) က သတင်း ပေးပို့ခဲ့သည်။

ဇူလိုင်လ (၁၂) ရက်နေ့က မြန်မာ အစိုးရသည် သောင်ရင်းမြစ်ကို ဖြတ်ကူးသည့် ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားနှင့် နယ်စပ် စစ်ဆေးရေး စခန်းကို ပိတ်လိုက်ပြီးနောက်၊ မဲဆောက်-မြဝတီ နယ်စပ် ကုန်သွယ်ရေးနှင့် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့သည်။

မြန်မာ အာဏာပိုင်များသည် ထိုင်းနိုင်ငံ ဖက်တွင် မြစ်ကမ်းပါး ပြိုမှု ကာကွယ်ရေးအတွက် ဆောက်လုပ်ရေး လုပ်ငန်းများ လုပ်ဆောင်နေမှုအား မကျေနပ်ကြောင်း Abhisit ကပြောသည်။

သို့သော် သောင်ရင်းမြစ်တွင် အဆိုပါ လုပ်ငန်းကိစ္စနှင့် ပတ်သက်၍ ထိုင်း၏ ရှင်းလင်းချက်ကို မြန်မာ အာဏာပိုင်များ လက်ခံ ရရှိပြီး ဖြစ်ကြောင်း Abhisit က ပြောသည်။

The Nation ကလည်း Abhisit က အဆိုပါ စီမံကိန်းကို ထိုင်းက ရပ်ဆိုင်းထားပြီး ဖြစ်ကြောင်း ပြောခဲ့သည်ကို ကိုးကား ဖော်ပြခဲ့သည်။

"ဒါကြောင့်၊ မြန်မာအစိုးရဟာ ထိုင်းနိုင်ငံနဲ့ ဒီ် စီမံကိန်းအပေါ် နားလည်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်'' ဟု ဝန်ကြီးချုပ်က ပြောသည်။

မြန်မာနှင့် ထိုင်း နှစ်နိုင်ငံ စလုံးက မိမိတို့ဖက်ရှိ မြစ်ကမ်းပါး အတွက် အသီးသီး စိုးရိမ်မှု ရှိနေကြသည်။ တစ်ဖက်ဖက်မှ ကမ်းပါးနံရံ ဆောက်လုပ်မှုသည် မြစ်ကြောင်းနှင့် အနားသတ်မျဉ်းတွင် ထိခိုက်မှု ရှိနိုင်ကြောင်း စိုးရိမ်ကြခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် Abhisit က မြန်မာနိုင်ငံသို့ ၎င်း သွားရောက် လည်ပတ်မှုအား ရက်မသေချာသေးဘဲ ရွှေ့ဆိုင်းခဲ့ပြီး၊ နှစ်နိုင်ငံ စလုံး သင့်တော်မည့် အချိန် မရသေးကြောင်း ပြောကြားထားသည်။

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment