Transparency Myanmar

transparency.myanmar@gmail.com

နေပြည်တော် အစိုးရသည် လောင်စာဆီ အမျိုးမျိုး ကို လွတ်လပ်စွာ တင်သွင်းခွင့် ပြူလိုက်ပြီး ဖြစ်ရာ နာဂစ်ဆီ တင်သွင်းသော ယခင်ဒီဇယ် မှောင်ခို သဌေးများ နှင့် ရေလုပ်ငန်းနယ် မှ ဗိုလ်ချုပ်မောင်မောင်သိမ်း မွေးထားသော ပို့ကုန်လုပ်ငန်းရှင်ကြီးများ အပြိုင်လုပ်ရန် ပြင်နေကြသည်။
နာဂစ်ဆီ တင်သွင်းသော ယခင်ဒီဇယ် မှောင်ခို သဌေးများက ဒီဇယ်ဆီတင်သွင်းသူများ အသင်းတခုကို အောက်တိုဘာ ၂၀ ရက်ကဖွဲ့ခဲ့ကြသည်။ ရေလုပ်ငန်းနယ်မှ ပို့ကုန်လုပ်ငန်းရှင်ကြီးများကို ဗိုလ်ချုပ် မောင်မောင်သိမ်း ကြားဝင်၍ အစုစပ် သင်္ဘောငှါးတင်သွင်းရန် ညှိနိုင်းပေး နေသည်။ နာဂစ်ဆီ တင်သွင်းသော ယခင် ဒီဇယ် မှောင်ခို သဌေးများက ဗိုလ်ချုပ်မှူးကြီးသား ထွန်းနိုင်ရွှေ နာမယ်ခံသော လုပ်ငန်း တိုက်စစ်မှူး ဝင်းမြင့်ကို ဥက္ကဌခန့်ခဲ့ကြသည်။ ဒေါက်တာဝင်းမြင့်သည် ဆီတင်သဘောင်္ဟောင်းကြီး တစင်း ခိုးသွင်း ထားပြီး ဆင်မလိုက်တွင် ကပ်ထားသည်။နာဂစ်ဆီ မှာ အကောက်ခွန်လွတ် ဖြစ်ရာ ရေလုပ်ငန်းနယ်မှ ပို့ကုန် လုပ်ငန်းရှင်ကြီးများကို ပြိုင်ရန် တန်ချိန် တစ်သိန်း သွင်း၍ သိုလှောင်ကာ စောင့်နေကြသည်။ မကြာမှီ ပို့ကုန်ဒေါ်လာဈေးကြီး သွားပြီး အခွန်တဂါလံ ၂၀၀ ကျပ်ပေါင်းလျှင် ဒီဇယ်ဆီပြသနာ ရင်ဆိုင်ကြရတော့မည် ဖြစ်သည်။
ပန့်ဆိုင်ထောင်၍ ဆီရောင်းခြင်း ကို ဦးပိုင်ကိုသော် မှ ခွင့်ပြုမည် မဟုတ်ကြောင်း ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး ကပြောလိုက်ရာ ဗိုလ်ချုပ်မှူးကြီး မိသားစု အတွက် ဖြစ်ပုံရသည်။

--
Posted By icypress to Sensible Rumour at 10/21/2009 09:17:00 AM

0 comments:

Post a Comment