Transparency Myanmar

transparency.myanmar@gmail.com

မြောက်ကိုရီးယားက နိုင်ငံရေးအကျဉ်းသား ၁၅၀၀၀၀ ထိန်းသိမ်းထား

(BBC News : 17-10-09)

          မြောက်ကိုရီးယားသည် အလုပ်အကျဉ်းစခန်း ()ခုတွင် နိုင်ငံရေးအကျဉ်းသား ၁၅၄၀၀၀ ကို ဖမ်းဆီးထားသည်ဟု တောင်ကိုရီးယားဥပဒေပြုအဖွဲ့များက ပြောကြားခဲ့သည်။

          အာဏာရ Grand National Party မှ Yoon Sang-hyun ၏ပြောကြားချက်အရ အကျဉ်းသားများသည် အလွန်နည်းပါးသော အစားအသောက်ရရှိအောင် အချိန်များစွာ အလုပ် လုပ်ရကြောင်း Yanhap  သတင်းဌာနကပြောကြားသည်။ Mr. Yoon က ၎င်းသည် တောင်ကိုရီးယားအစိုးရ အစီရင်ခံစာအပေါ် အခြေခံ၍ ပြောခြင်းဖြစ်ကြောင်း သိရှိရပါသည်။

          မြောက်ကိုရီးယားက သူတို့လူ့အခွင့်အရေးချိုးဖောက်ခြင်း စွပ်စွဲချက်ကိုငြင်းဆိုခဲ့သည်။ ယခုနှစ်ဦးပိုင်းတွင် လူ့အခွင့်အရေးကို လေးစားသည်ဟူသော ထုတ်ဖေါ်ပြောဆိုချက်ဖြင့် ၎င်းတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခဲ့သည်။ သို့သော် လူ့အခွင့်အရေးအဖွဲ့များ၊ မြောက်ကိုရီးယား ဒုက္ခသည်များက ဤစတာလင်ဝါဒကျင့်သုံးသော နိုင်ငံသည် လူ့အခြေခံအခွင့်အရေးများကို အမှတ်မဲ့စွာ နေရာအနှံ့တွင် ဆက်လက်ကျူးလွန်နေကြောင်း ပြောခဲ့သည်။

          အမျိုးသားညီလာခံတွင် တင်ပြသော ၎င်း၏အစီရင်ခံစာတွင် Mr. Yoon က မြောက်ကိုရီးယားတွင် ၁၉၉၀ ခုနှစ်ပိုင်းက အကျဉ်းသား ၂၀၀၀၀၀ ကို ထိန်းသိမ်းထားသည့် အလုပ်စခန်း (၁၀) ခု ရှိပြီး၊ ()ခုကို အပြည်ပြည်ဆိုင်ရာဖိအားပေးမှုကြောင့် ပိတ်ခဲ့ကြောင်းတင်ပြ ထားသည်။ သို့သော် အကျဉ်းထောင် ()ခုတွင်မူ အစိုးရဆန့်ကျင်သူများ၊ နိုင်ငံအတွင်းမှ ထွက်ပြေးသူများ၊ နိုင်ငံရေးအာဏာလုခြင်း၌ ရှုံးသွားသူများနှင့် သူတို့၏ခေါင်းဆောင်မှုအပေါ် အရိုအသေမပြုသော သာမန်မြောက်ကိုရီးယားနိုင်ငံသားကို အကျဉ်းချထားပါသည်။

 
လူသားချင်းစာနာထောက်ထားမှု ပြစ်မှုကျူးလွန်ခြင်း

          ရာဇ၀တ်မှုကျူးလွန်သူအကျဉ်းသားများနှင့် ခွဲခြား၍ အကျဉ်းချထားခြင်းခံရသော နိုင်ငံရေး အကျဉ်းသား ၁၅၄၀၀၀ တို့မှာ တနေ့လျှင် (၁၀)နာရီကျော် အလုပ်လုပ်ရပြီး (၂၀၀)ဂရမ် ( အောင်စ) သာရှိသော အစားအသောက်ကိုသာရပြီး၊ ဆေးကုသခွင့်ခံစားနိုင်ခြင်းမရှိဟု Mr. Yoon ပြောသည်။

          မြောက်ကိုရီးယားသည် လူသားချင်း စာနာထောက်ထားမှုနှင့် ပတ်သက်သည့် ပြစ်မှုအမျိုးမျိုးကို ကျူးကျော်နေသည်ဖြစ်ကြောင်း၊ လူထုရှေ့တွင် သေဒဏ်ပေးခြင်း၊ နှိပ်စက်ခြင်းနှင့် အဓမ္မပြုကျင့်ခြင်းများကို နိုင်ငံမှထွက်ပြေးသူများအပေါ်တွင် ပြုလုပ်လေ့ ရှိကြောင်းလည်း ဆက်လက်ပြောကြားခဲ့သည်။

          တောင်ကိုရီးယားသည် နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ကောင်းမွန်အောင်ပြုလုပ်ခြင်းကို ထိခိုက်မည်ကို စိုးရိမ်သောကြောင့် မြောက်ကိုရီးယား၏လူ့အခွင့်အရေးချိုးဖောက်မှုများကို ထုတ်ဖော်ပြောဆိုရန်ရှောင်ကြကြောင်း လေ့လာသူများက ပြောပါသည်။ သို့သော် သမ္မတ Lee Myung-bak က မြောက်ကိုရီးယားအာဏာရှင်အစိုးရကို ပြောင်ပြောင်တင်းတင်းဝေဖန်မှုများကို ပြုလုပ်မည်ဟု လွန်ခဲ့သည့်နှစ်၊ တာဝန်စတင်ထမ်းဆောင်စဉ်ကပြောကြားခဲ့ပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment