Transparency Myanmar

transparency.myanmar@gmail.com

ဘင်္ဂလားဒေ့ရှ်၏လုပ်ပိုင်ခွင့်ကို ရေနံကုမ္ပဏီများသို့ပေး

(Alexander's Gas & Oil Connection, Company News E & SE Asia)

16-10-09

          ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အမေရိကန်မှ Conoco Philips နှင့် အိုင်ယာလန်မှ Tullow Oil တို့ကို ဘင်္ဂလားပင်လယ်အော်အတွင်းရှိ ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ရေပြင်အတွင်းကမ်းလွန် ရေနံရှာဖွေထုတ်လုပ်ရန် လုပ်ကွက်()ခုကိုပေးခဲ့ပါသည်။ ကုမ္ပဏီများကို သဘာဝဓာတ်ငွေ့ရှာဖွေ ထုတ်လုပ်ရန်အတွက်ပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရေနယ်နိမိတ်အတွင်း အိမ်နီးချင်းအိန္ဒိယနှင့် မြန်မာတို့၏ပိုင်ဆိုင်မှု တောင်းဆိုချက်များကို ဥပေက္ခာပြု၍ပေးခဲ့ခြင်း ဖြစ်သည်။

          ရေနံကုမ္ပဏီများသည် ဒေါ်လာ(၁၆၀.)မီလီယံသုံးစွဲ၍ ထုတ်လုပ်မည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါကမ်းလွန်ရေနံထုတ်လုပ်ရန် ကြေညာချက်ကို စစ်တပ်ကထောက်ခံသော ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရက ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

          နိုင်ငံပိုင် ဘင်္ဂလားဒေ့ရှ်ရေနံ၊ သဘာဝနှင့်ဓာတ်သတ္တူကော်ပိုရေးရှင်းက Mohammad Muqtadir က ဘင်္ဂလားပင်လယ်အော်ရှိ လေ့လာရှာဖွေမှုပြုလုပ်ခြင်းမရှိသေးသည့်နယ်မြေများ အတွင်းတွင် သဘာဝဓာတ်ငွေ့ရှာဖွေရန် Conoco Philips နှင့် Tullow ကို ပေးခဲ့ခြင်းဖြစ်ကြောင်း၊ Conoco  ကို ကမ်းလွန်ရေတိမ်ပိုင်းတွင် လုပ်ကွက်တစ်ကွက်ပေးခဲ့ပြီး၊ Tullow ကို ရေနက်ပိုင်း လုပ်ကွက်()ခုတွင် ဖွင့်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ကုမ္ပဏီ ()ခု၏ သဘာဝဓာတ်ငွေ့ရှာဖွေမှု ရလဒ်ကို ()နှစ်အတွင်း တင်ပြရမည်ဖြစ်ပြီး၊ အစိုးရအနေဖြင့် ကုမ္ပဏီတစ်ခုကို လုပ်ကွက်()ခု ထက်ပို၍ပေးရန် ဆန္ဒမရှိကြောင်းလည်း ပြောခဲ့သည်။

          သဘာဝဓာတ်ငွေ့လုပ်ကွက်များ ခွင့်ပြုခြင်းဆုံးဖြတ်ချက်ကို (၂၀၀၈) ရွေးကောက်ပွဲက အနိုင်ရရှိခဲ့၍ ဖွဲ့စည်းထားသောအစိုးရက ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ လက်ရှိနိုင်ငံ၏သဘာဝ ဓာတ်ငွေ့သုံးစွဲမှုသည် ယခုနှုန်းအတိုင်းဆက်လက်၍ သုံးစွဲသွားပါက (၂၀၁၄-၂၀၁၅) ခုနှစ်ခန့်တွင် အရန် သဘာဝဓာတ်ငွေ့ပမာဏမှာ ကုန်သွားမည်ဖြစ်သည်ဟု ကြိုတင်တွက်ဆလျက် သဘာဝ ဓာတ်ငွေ့ထပ်မံထုတ်လုပ်ရန် လေ့လာရှာဖွေရေးစာချုပ်များ ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment