Transparency Myanmar

transparency.myanmar@gmail.com

အိန္ဒိယက တရုတ်နိုင်ငံတွင် ပိုမိုရင်းနှီးမြှုပ်နှံရန် ကြိုးပမ်း

(Bangkok Post : 17 - 10 -2009)

          တရုတ်နိုင်ငံသည် အိန္ဒိယနိုင်ငံအနေဖြင့် ကြီးမားလှသော တရုတ်ဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် ဆွဲဆောင်လျက်ရှိသည်။ အိန္ဒိယနိုင်ငံကုမ္ပဏီများ ပြင်ပရင်းနှီးမြှုပ်နှံမှု တိုးတက်လာစေရန် ရည်ရွယ်လျက် တရုတ်နိုင်ငံ၏ Invest Hang Kong နှင့် Guangzhou Bureau of Foreign Trade and Economic Co-operation က အိန္ဒိယနိုင်ငံ Bangalore တွင် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စာတမ်းဖတ်ပွဲကို ကျင်းပခဲ့ရာ အိန္ဒိယစီးပွားရေးလုပ်ငန်းများမှ အဆင့်မြင့် အလုပ်အမှုဆောင်အရာရှိ (၁၀၀) ခန့်တက်ရောက်ခဲ့သည်။

          အိုင်တီနှင့် ပတ်သက်သော ၀န်ဆောင်မှုများနှင့် ဘ၀နှင့်ဆိုင်သော သိပ္ပံဆိုင်ရာလုပ်ငန်းများ အပေါ် အဓိကထားလုပ်ဆောင်မည်ဖြစ်ပါသည်။

          Invert Hong Kong ရင်းနှီးမြှုပ်နှံရေးမှ ညွှန်ကြားရေးမှူးချုပ် Simon Galpin က Hong Kong နှင့် ပုလဲမြစ်၊ မြစ်ဝကျွန်းပေါ်ဒေသ (Pearl River Delta) တို့ ပူးပေါင်းခြင်းဖြင့်ဖြစ်ပေါ်လာ မည့်အမြင်နှင့် အခွင့်အလမ်းများကို ရှင်းလင်းတင်ပြခဲ့သည်။

တရုတ်ပြည်အစိုးရက (၂၀၂၀) ခုနှစ် တွင် ပုလဲမြစ်၊ မြစ်ဝကျွန်းပေါ်ဒေသကို ကမ္ဘာပေါ်တွင် ပြိုင်ဘက်ကင်းဒေသတစ်ခုအဖြစ် တည်ဆောက်ရန် ဆုံးဖြတ်ချက်စီမံကိန်းအတွက် ဟောင်ကောင် နှင့် Guangzhou တို့က စီးပွားရေးနယ်များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး၊ နယ်စပ်ဖြတ် ကျော်အခြေခံအဆောက်အအုံများ တည်ဆောက် အကောင်အထည်ဖေါ်လျက်ရှိသည်။

အိန္ဒိယစီးပွားရေးအဖွဲ့အစည်းများသည် ထုတ်လုပ်မှုအမျိုးမျိုးကို ပြုလုပ်လိုပြီး၊ ၀ယ်ယူမှု လုပ်ငန်းများကို လုပ်ရန် ဆန္ဒရှိနေသလို မြို့()မြို့ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းဖြင့် ဈေးကွက် မြှင့်တင်ပေးနိုင်ပြီး စီမံခန့်ခွဲမှုအရည်အသွေးများလည်း ပိုမိုကောင်းလာမည်ဖြစ်ပါသည်။

ဟောင်ကောင်နှင့်အိန္ဒိယနိုင်ငံတို့သည် သမိုင်းကြောင်းအရ စီးပွားရေးနှင့် ကုန်သွယ်ရေး များရှိခဲ့ပါသည်။ (၂၀၀၈) ခုနှစ်တွင် ()နိုင်ငံအကြား ကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၁၄.၁၅ ဘီလီယံ ရှိခဲ့ပါသည်။ အိန္ဒိယမှပို့ကုန် ဒေါ်လာ .၄၅ ဘီလီယံနှင့် ဟောင်ကောင်မှ ပို့ကုန်တန်ဖိုး ဒေါ်လာ . ဘီလီယံ ရှိခဲ့ပါသည်။

အိန္ဒိယနိုင်ငံ၏ စီးပွားရေးတိုးတက်လာသည်နှင့်အညီ ဟောင်ကောင်တွင် အိန္ဒိယကုမ္ပဏီ များ  ပိုမိုလာခဲ့သည်။ မြို့တွင်း၌အိန္ဒိယကုမ္ပဏီ (၁၅၀၀) ရှိလာခဲ့သည်။ အိန္ဒိယကုမ္ပဏီများက ဟောင်ကောင်ကို တရုတ်ပြည်မကြီးဈေးကွက်အတွင်းသို့ ၀င်ရောက်ရန် ဖြတ်သန်းရမည့်  ကြားခံ အဖြစ်သတ်မှတ်ရန် လှုံ့ဆော်မြှင့်တင်ရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဟု Mr. Galpin က ပြောကြားခဲ့သည်။

Guangzhou သည်လည်း တရုတ်ပြည်မဈေးကွက်အတွင်းသို့ ၀င်ရောက်ရန် အခြေခံ တစ်ခုဖြစ်ကြောင်း အဆိုပါဗျူရိုမှ၊ ဒုတိယညွှန်ကြားရေးမှူး Chen Yong Fang က ပြောခဲ့သည်။ Guangzhou သည် မော်တော်ယာဉ်ထုတ်လုပ်မှု၊ ရေနံဓါတုပစ္စည်းများနှင့် အိုင်တီတို့ အဓိက ထုတ်လုပ်သောဒေသဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

လက်ရှိတွင် ဆော့ဝဲနှင့် ဇီဝဗေဒဆိုင်ရာ စက်မှုလုပ်ငန်းများသည် စက်မှုလုပ်ငန်းတိုးတက်မှု အတွက် ဦးဆောင်နေသော အင်အားသစ်အဖြစ် ပေါ်ပေါက်လာပြီဖြစ်သည်။ (၂၀၀၈) ခုနှစ်ကုန် အထိ ဆော့ဝဲထုတ်လုပ်သောလုပ်ငန်း (၂၀၀၀) ခန့်ရှိခဲ့ပြီး၊ နှစ်စဉ် ဒေါ်လာ (.) ဘီလီယံ တန်ဖိုး ပမာဏရှိသည့်ပစ္စည်းများ ထုတ်လုပ်ခဲ့ပြီးဖြစ်သည်။

ယခုအခါ နိုင်ငံခြားကုမ္ပဏီပေါင်း (၁၉၂၁၆) ခု Guangzhou တွင်ရှိနေပြီး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ (၇၂.၀၄) ဘီလီယံရှိပါသည်။ Global Fortune 500 စာရင်းတွင် ပါဝင်သော ကော်ပိုရေးရှင်းများအနက်မှ (၁၇၀)သည် Guangzhou တွင် ရင်းနှီးမြှုပ်နှံထားပြီးဖြစ်သည်။

နိုင်ငံတကာကော်ပိုရေးရှင်းများသည် Guangzhou ကို သူတို့၏ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးမှု မဟာဗျူဟာတွင် အချက်အလက်များ ရယူခြင်းနှင့် ထုတ်လုပ်မှုများပြုလုပ်ရန် ဒေသဆိုင်ရာအခြေ စိုက်ဒေသအဖြစ် ရွေးချယ်လာကြပြီဖြစ်သည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment