Transparency Myanmar

transparency.myanmar@gmail.com

ကုန်သွယ်ရေးလမ်းကြောင်းများဖွင့်ပေးရန် ထိုင်းကတရုတ်ကို တောင်းဆို

20 - Oct - 2009

Bangkok's Independent News

          မြန်မာနိုင်ငံကိုဖြတ်၍ ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် တရုတ်နိုင်ငံကိုဆက်သွယ်ထားသော R3 အဝေးပြေးလမ်းမကြီးတစ်လျှောက် လယ်ယာထွက်ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် ပိုမို လွယ်ကူစေရေးအတွက် နယ်စပ်စစ်ဆေးရေးဂိတ်ကို ဖွင့်ပေးရန် ထိုင်းလယ်ယာစိုက်ပျိုးရေးဝန်ကြီး ဌာနက တရုတ်နိုင်ငံကိုတောင်းဆိုလိုက်သည်။

          အောက်တိုဘာ ၂၄ ရက်တွင် ကျင်းပမည့် တတိယအကြိမ် ထိုင်း-တရုတ်ကုန်သွယ်ရေး ပူးတွဲကော်မတီအစည်းအဝေးတွင် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက် ရေးကို မြှင့်တင်ရန် ထိုင်းနိုင်ငံက ဦးစားပေးဆွေးနွေးမည်ဟု စိုက်ပျိုးရေးဝန်ကြီး Theera Wongsamut က ပြောသည်။

          အထက်ပါကိစ္စသည် အချိန်ကုန်သက်သာစေခြင်းကြောင့် နှစ်နိုင်ငံစလုံး၏ ပို့ကုန် လုပ်ငန်းရှင်များကို အကျိုးဖြစ်ထွန်းစေပြီး လယ်ယာထွက်ကုန်များကို လတ်ဆတ်ကောင်းမွန် စေသော ရလဒ်ကို ရရှိမည်ဟုဆိုသည်။

          မြန်မာနိုင်ငံ တာချီလိတ်နှင့်ကျိုင်းတုံကိုဖြတ်၍ ထိုင်းနိုင်ငံမြောက်ပိုင်းနှင့်တရုတ်နိုင်ငံ ကူမင်း ကိုဆက်သွယ်ထားသော R3 အဝေးပြေးလမ်းမကြီး၏ ကုန်းတွင်းအခြေစိုက်စစ်ဆေးရေးဂိတ်ကို ဖွင့်လှစ်ပေးရန် ထိုင်းအစိုးရက တရုတ်နိုင်ငံကိုတောင်းဆိုမည်ဟု သိရှိရသည်။

          ယခုအစည်းအဝေးတွင် တရုတ်နိုင်ငံနှင့်ထိုင်းနိုင်ငံကြား ကုန်သွယ်ရေး သယ်ယူ ပို့ဆောင်ရေးနှင့်ပတ်သက်သောကိစ္စရပ်များ အားလုံးကို ဆွေးနွေးသွားမည်ဖြစ်ပြီး နှစ်နိုင်ငံကြား ပို့ဆောင်ရေးကိစ္စများကို အဆင်ပြေလွယ်ကူစေမည့် ညှိနှိုင်းဆုံးဖြတ်ချက်ရရှိရန် ကြိုးစားမည်ဟု ၎င်းကပြောကြားပါသည်။

          အကယ်၍ ညှိနှိုင်းမှုများအောင်မြင်သွားပါက အချိန်တိုအတွင်း ပို့ဆောင်နိုင်မှုကြောင့် သစ်သီးဝလံများ ထိုင်းနိုင်ငံမှတင်ပို့ရန် အဆင်ပြေသွားမည်ဖြစ်ပြီး လယ်ယာထွက်ပစ္စည်းပို့ကုန် လုပ်ငန်းရှင်များအနေနှင့်လည်း ပိုထွက်လာသောအချိန်တွင် နောက်တကြိမ်တင်ပို့ရန် အခွင့်အရေး ရရှိမည်ဖြစ်သည်။

          တရုတ်နိုင်ငံကလည်း R3 အဝေးပြေးလမ်းကိုဖြတ်၍ ထိုင်းနိုင်ငံသို့၎င်း၊ မဲခေါင်မြစ်ကြောင်း ကို ဖြတ်၍ အခြားအာဆီယမ်နိုင်ငံများသို့၎င်း ထွက်ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရန်ဆန္ဒ ရှိနေပါသည်။

          တချိန်ထဲမှာပင် ၂၀၀၉ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း အောင်မြင်ဖြစ်ထွန်းနေသော ထိုင်း မြန်မာ နယ်စပ်ကုန်သွယ်ရေးကဏ္ဍကို Chiang Rai ခရိုင် မယ်ဆိုင် အကောက်ခွန်ရုံးက ပါဝင် ဆောင်ရွက်ခဲ့ကြောင်းတွေ့ရှိရပါသည်။

          အကောက်ခွန်ရုံး အကြီးအကဲ Chuchai Udompoj က မယ်ဆိုင်-တာချီလိတ် စစ်ဆေးရေး ဂိတ်၏ စာရင်းများအရ ၂၀၀၉ ဘဏ္ဍရေးနှစ်တွင် ကုန်သွယ်မှုတန်ဖိုးဘတ် .၆၂ ဘီလျံ ရှိခဲ့ပြီး၊ ၂၀၀၈ ခုနှစ်ထက် ၁၆. ရာခိုင်နှုန်းတိုးခဲ့ပြီး၊ မျှော်မှန်းချက် ၁၀ ရာခိုင်နှုန်းကို ကျော်လွန်ခဲ့သည်ဟု ပြောပါသည်။ ၎င်းအနက် ဘတ် ၃၅၉.၄၂ သန်းမှာ သွင်းကုန်တန်ဖိုးဖြစ်သည်ဟုဆိုပါသည်။

          မြန်မာနိုင်ငံ၏ပို့များတွင် သစ်လုံးများ၊ ကြက်သွန်ဖြူ၊ သစ်သီးဝလံများ၊ အ၀တ်အထည်နှင့် ဦးထုပ်များပါဝင်သည်ဟု ၎င်းကပြောကြားသည်။

          ထိုင်းနိုင်ငံက မြန်မာနိုင်ငံတွင်းသို့ လောင်စာဆီများ၊ နိုင်ငံခြားအရက်၊ မော်တော်ကား တာယာ၊ သဲနှင့်သံမဏိပြားများ ပြန်လည်တင်ပို့သည်ဟုဆိုပါသည်။

          'Chuchai' ကဆက်လက်ပြောကြားရာတွင် တရုတ်နှင့်ကုန်သွယ်ရန် R3 လမ်းမကြီး ပွင့်သွားပါက ၎င်း၏မယ်ဆိုင် စစ်ဆေးရေးဂိတ်ရှိ နယ်စပ်ကုန်သွယ်ရေးတန်ဖိုးမှာ လာမည့်နှစ်တွင် ၂ဆ မြင့်တက်သွားမည်ဟု သုံးသပ်လိုက်ပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment