Transparency Myanmar

transparency.myanmar@gmail.com

၂၀၁၀ နှစ်ကုန်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် ၂၀၁၀ မေလမှ နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသည်ဗီဇာ မဟုတ်သော ဗီဇာဖြင့် ဝင်ရောက်နေထိုင်ကြသည့် နိုင်ငံခြားသားများအား နေထိုင်ခွင့် သွားလာခွင့်ကို ကန့်သတ်မည်ဟု နေပြည်တော်သတင်းများက ဆိုသည်။
မြန်မာနိုင်ငံအတွင်း အသစ်တည်ထောင် ထောက်ပံ့မည့်  LIFT၊ Global Fund စသည့် ပမာဏများစွာ ရှိသည့် ရန်ပုံငွေသစ်များ ဝင်ရောက်ရန် ရှိနေသည့်အချိန်တွင် အစိုးရအနေဖြင့် ၎င်းတို့ သဘောတူညီ ထားသော ဤရန်ပုံငွေများ ဝင်ရောက်နိုင်ရန် မည်သို့မျှ ကူညီဆောင်ရွက်မပေးလိုသည့် သဘော ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။
နေပြည်တော်အစိုးရသည် ရွေးကောက်ပွဲတွင် နိုင်ငံတကာငွေကြေးနှင့် လူပုဂ္ဂိုလ်များ ဝင်ရောက်ခြေရှုပ်မည်ကို စိုးရိမ်သောကြောင့် ယခုကဲ့သို့ ကန့်သတ်ခြင်း ဖြစ်သည်ဟု ဆို၏။

--
Posted By icypress to Sensible Rumour at 10/22/2009 02:45:00 AM

0 comments:

Post a Comment