Transparency Myanmar

transparency.myanmar@gmail.com

မြောက်ကိုရီးယား နျူဆိုင်ရာပုဂ္ဂိုလ်များ အမေရိကန်တွင်

ဆွေးနွေးပွဲ တက်ရောက်မည်

CNN

19 - Oct - 2009

          အမေရိကန်အစိုးရဌာနက မြောက်ကိုရီးယား နျူကလီးယားကိုယ်စားလှယ်အဖွဲ့ကို တရားဝင်ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးရန် ဆုံးဖြတ်လိုက်သဖြင့် ၎င်းအဖွဲ့သည် လာမည့်လကုန်တွင် အမေရိကန်ပြည်ထောင်စု၌ကျင်းပမည့် ညှိနှိုင်းဆွေးနွေးပွဲများသို့ တက်ရောက်နိုင်လိမ့်မည်ဟု ဌာန ပြောရေးဆိုခွင့်ရှိသူက သောကြာနေ့က ပြောကြားသည်။

          Pyongyang's Institute of Disarment and Peace မှ ဒုတိယညွှန်ကြားရေးမှူး သံအမတ်ကြီး Ri Gun သည် University of San Dieqo တွင် ကျင်းပသည့် အရှေ့မြောက်အာရှ ဒေသ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးပွဲစကားဝိုင်းနှင့် National Committee on American Foreign Policy နှင့် Korea အဖွဲ့အစည်းများက နယူးယောက်တွင် ကျင်းပမည့် ဟောပြောပွဲများ သို့ တက်ရောက်ရန် ဖိတ်ကြားခြင်းခံရသည်ဟု ပြောခွင့်ရပုဂ္ဂိုလ် Ian Kelly က ပြောသည်။

          ယခုလအစောပိုင်းက တရုတ်ဝန်ကြီးချုပ် Wan Jiabao ခရီးစဉ်အပြီးတွင် မြောက်ကိုရီးယားသည် အမေရိကန်ပြည်ထောင်စုနှင့် နှစ်နိုင်ငံဆွေးနွေးပွဲများပြုလုပ်ရန် ဆန္ဒရှိ ကြောင်းနှင့် ၎င်း၏နျူကလီးယားအစီအစဉ်နှင့် ပတ်သက်သော ခြောက်နိုင်ငံဆွေးနွေးပွဲသို့ ပြန်လည်တက်ရောက်လိုကြောင်း ထုတ်ဖေါ်ပြသခဲ့သည်ဟု တရုတ် Xinhua News Agency သတင်းများအရ သိရသည်။

          မြောက်ကိုရီးယားသည် ၎င်း၏နျူကလီးယားစမ်းသပ်မှုနှင့် ဒုံးပျံပစ်လွှတ်မှုများအပေါ် ကုလသမဂ္ဂက အရေးယူခဲ့ခြင်းကို ဆန့်ကျင်သည့်အနေဖြင့် ဧပြီလတွင် ခြောက်နိုင်ငံဆွေးနွေးပွဲမှ နှုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ ကွန်မြူနစ်မြောက်ကိုရီးယားသည် ယခင်လက ၎င်းတို့ခေါင်းဆောင် Kim Jong-il နှင့် တရုတ်အထူးသံတမန် Dai Bingguo တို့၏တွေ့ဆုံမှုအပြီးတွင်လည်း ဆွေးနွေးပွဲများ ပြန်လည်ကျင်းပလိုကြောင်း အလားတူထုတ်ပြန်ကြေငြာခဲ့ပါသည်။

          ခြောက်နိုင်ငံဆွေးနွေးညှိနှိုင်းမှုတွင် အမေရိကန်ပြည်ထောင်စု၊ တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်နှင့် ရုရှားနိုင်ငံတို့ပါဝင်ပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment