Transparency Myanmar

transparency.myanmar@gmail.com

The Straits Times, 11th March 2010

          မြန်မာအစိုးရသည် ဒေါ်အောင်ဆန်းစုကြည်၏ အတိုက်အခံပါတီ နယ်ရုံးများကို ပြန်လည် ဖွင့်လှစ်ခွင့် ပြုလိုက်သည်။ ပါတီရုံးခွဲများကို ၂၀၀၃ ခုနှစ်ကတည်းက ပိတ်ထားခဲ့ရသည်ဟု ပါတီ၏ ပြောခွင့် ရပုဂ္ဂိုလ်က ကြာသပတေးနေ့က ပြောကြားခဲ့သည်။

          နိုင်ငံတဝှမ်းရှိ NLD ပါတီရုံးခွဲ ၃၀၀ ခန့်ကို ၂၀၀၃ ခုနှစ် မေလက ဒေါ်အောင်ဆန်းစုကြည်၏ ကားတန်းအား အစိုးရ အလိုတော်ရိများက တိုက်ခိုက်ခဲ့၍ လူ ၁၂ ဦးခန့် သေဆုံးခဲ့သော အဖြစ်အပျက် နောက်ပိုင်းမှ စ၍ ပိတ်ထားခဲ့ရခြင်း ဖြစ်သည်။

          အစိုးရသည် ပါတီ၏ ရုံးချုပ်သို့ အကြောင်းကြားခြင်း မရှိသေးသော်လည်း ဒေသဆိုင်ရာတိုင်း၊ ပြည်နယ်ရုံးများတွင်မူ ပြန်လည် ဖွင့်လှစ်ခွင့်ပြုကြောင်း အာဏာပိုင်များက အကြောင်းကြားခဲ့သည်ဟု NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောကြားခဲ့သည်။ ရုံးခွဲ ၁၀၀ ခန့် ပြန်လည်ဖွင့်လှစ်ပြီး ဖြစ်ကာ ကျန်ရုံးခွဲများ ဆက်လက် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

          ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို မကြေညာသေးသော်လည်း လာမည့် အောက်တိုဘာ သို့မဟုတ် နိုဝင်ဘာတွင် ဖြစ်နိုင်သည်ဟု မျှော်လင့်ရသည်။

          မြန်မာအစိုးရသည် ယခုအပတ်အတွင်း ရွေးကောက်ပွဲဥပဒေကို ထုတ်ပြန်ခဲ့ရာ ထောင်ဒဏ်ကျခံနေသော သူတစ်ဦးသည် ပါတီဝင် မဖြစ်စေရဟု ဆိုထားသည့်အတွက် ဒေါ်အောင်ဆန်းစုကြည် သည် NLD မှ နုတ်ထွက်ပေးရမည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment