Transparency Myanmar

transparency.myanmar@gmail.com

English people.com, 11-Mar-2010

ဖွံ့ဖြိုးမှု နိမ့်ကျသောနိုင်ငံများ အတွက် အကောက်ခွန် အခွင့်ထူး အစီအစဉ် အရ မြန်မာမှ တင်ပို့သော ကုန်ပစ္စည်း အမည် ၂၅၁ မျိုးခန့်ကို အကောက်ခွန်လွတ်၊ ပမာဏ ကန့်သတ်မှုလွတ် အစီအစဉ်ကို တောင်ကိုးရီးယားက တစ်ဖက်သတ် ကမ်းလှမ်းခဲ့ရာ ယခုနှစ် ဇန်နဝါရီလ အထိ ပို့ခဲ့သော မြန်မာ ပို့ကုန် ၈၅ % သည် အဆိုပါ ဥပဒေ အရ အကျုံးဝင်သည်ဟု သိရသည်။

၂၀၀၉ အတွင်း ၈၀ % နှင့် ၂၀၀၈ အတွင်း ၇၅ % လည်း အဆိုပါဥပဒေတွင် အကျုံးဝင်သည်ဟု ဆိုသည်။

ဖွံ့ဖြိုးမှုနည်းသော ဆင်းရဲသော နိုင်ငံများ အပေါ် အထူး အခွင့်အရေးပေးသည့် အစီအစဉ်အရ ကိုးရီးယားက သတ်မှတ်ပေးသော အခွန်လွတ်၊ ကြိုက်သလောက်ပို့ ဥပဒေနှင့် အကျုံးဝင်သည့် ပစ္စည်း အမည် ၄၀၇၄ မျိုးခန့် ရှိပြီး အထူးသဖြင့် လယ်ယာ ထွက်ကုန်၊ ရေထွက်ပစ္စည်း၊ တိရိစ္ဆာန် ဘေးထွက်ပစ္စည်း၊ အဝတ်အထည်၊ သတ္တု၊ စက်မှု ထွက်ကုန်၊ ဆေးနှင့် ဆေးပစ္စည်း၊ ဓာတုထွက်ကုန်၊ လက်မှုပစ္စည်း စသည်တို့ ပါဝင်သည်။

အခွင့်ထူး အစီအစဉ်ဖြင့် ကာကွယ်ပေးသော ကုန်ပစ္စည်းများတွင် မြန်မာနိုင်ငံမှ လယ်ယာ ထွက်ကုန် အချို့နှင့် အထည်ချုပ် ထွက်ကုန်များ ပါဝင်နေသည်။

မြန်မာနှင့် ကုန်သွယ်ရေးကို မြှင့်တင်ရန် အတွက် မြန်မာပို့ကုန် ၂၅၃ မျိုးကို ၂၀၀၉ ခုနှစ် အတွက် သွင်းကုန် အခွန် ကင်းလွတ်ပေးပြီး ကြိုက်သလို ပို့ခွင့်ပေးမည်ဟု တောင်ကိုးရီးယားက အာမခံ ကမ်းလှမ်းထားသည်။ အဆိုပါ ပစ္စည်း ၂၅၃ မျိုးတွင် လယ်ယာထွက်ကုန်၊ ရေထွက်ပစ္စည်း၊ သစ်တောထွက် ပစ္စည်း၊ အထည်အလိပ်နှင့် ရိုးရာ လက်မှု ပစ္စည်းများ ပါဝင်သည်။

တောင်ကိုးရီးယားက ပေးသော အထူးအခွင့်အရေးကို အကျိုးရှိစွာ အသုံးပြုကြရန်နှင့် အရှေ့အာရှနိုင်ငံ တောင်ကိုးရီးယားနှင့် ပို့ကုန် လုပ်ငန်းကို မြှင့်တင်ကြရန် ပြည်တွင်း ပို့ကုန် လုပ်ငန်းရှင်များကို မြန်မာနိုင်ငံက တိုက်တွန်းထားသည်။

အာဆီယံနိုင်ငံများမှ တင်သွင်းသည့် ကုန်စည် အများစုအပေါ် အခွန် ကင်းလွတ်ခွင့် ပေးထားသောကြောင့် တောင်ကိုးရီးယား-မြန်မာ အပြန်အလှန် ကုန်သွယ်ရေး ဖွံ့ဖြိုးလာလိမ့်မည်ဟု မျှော်လင့်ထားကြသည်။

အာဆီယံမှ တင်သွင်းသော ကုန်ပစ္စည်း ၆၃ % ကို တောင်ကိုးရီးယားက ၂၀၀၇ ခုနှစ်က စ၍ အခွန်ကင်းလွတ်ခွင့် ပေးထားသည်။

ယခု အစီအစဉ်သည် တောင်ကိုးရီးယား-မြန်မာ ကုန်သွယ်ရေး လွတ်လပ်နယ်မြေကို ထူထောင်ရန် ရည်ရွယ်သော တောင်ကိုးရီးယား၏ ကြိုးစားမှု နောက်တစ်ဆင့် တက်ခိုင်းခဲ့ခြင်းလည်း ဖြစ်သည်။

တောင်ကိုးရီးယားသည် မြန်မာမှ လယ်ယာထွက်ကုန်၊ ရေထွက်ကုန်၊ သစ်တောထွက်ကုန်နှင့် အထည်ချုပ် ထွက်ကုန်များ အများစု ပါဝင်သော ကုန်စည် အမျိုးပေါင်း ၃၀၀၀ခန့်ကို တင်သွင်းနေပြီး မြန်မာက တောင်ကိုးရီးယားမှ သံနှင့် သံမဏိ၊ အထည်အလိပ်နှင့် လျှပ်စစ် ပစ္စည်း အသုံးအဆောင်များ ပြန်လည် တင်သွင်းသည်။ တောင်ကိုးရီးယားသည် မြန်မာ၏ အဋ္ဌမ အကြီးဆုံး ကုန်သွယ်ဘက်လည်း ဖြစ်သည်။

တောင်ကိုးရီးယားသည် မြန်မာ အပါအဝင် အာဆီယံနိုင်ငံများမှ တင်ပို့သော ကုန်စည် ၉၅ % ကို အခွန်ကင်းလွတ်ခွင့် ပြုရန် ဆက်လက် စီစဉ်နေပြီး တောင်ကိုးရီးယား ပို့ကုန်များ အပေါ် မြန်မာက အခွန်ကင်းလွတ်ခွင့် ပေးမည့် အစီအစဉ်ကို ၂၀၁၈ တွင် စတင်နိုင်ရန် မျှော်လင့်ထားသည်။

တရားဝင် စာရင်းဇယားများအရ မြန်မာ-တောင်ကိုးရီးယား နှစ်နိုင်ငံ ကုန်သွယ်ရေး တန်ဖိုးသည် ၂၀၀၈- ၂၀၀၉ ဘဏ္ဍာရေးနှစ်တွင် အမေရိကန် ဒေါ်လာ ၂၅၂ သန်း ရှိခဲ့ပြီး မြန်မာမှ ကိုးရီးယားမှ မြန်မာသို့ ဒေါ်လာ ၁၈၈.၄၈ သန်းကို ပြန်လည် တင်ပို့ခဲ့သည်။

ရင်းနှီးမြှပ်နှံမှု ကဏ္ဍတွင် ၁၉၈၈ မှ ပြီးခဲ့သော နိုဝင်ဘာလ အထိ တောင်ကိုးရီးယားက မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ သန်း ၂၄၀ ခန့်အထိ ရင်းနှီးမြှုပ်နှံခဲ့ပြီး နိုင်ငံတွင်း ဒဿမ အကြီးဆုံး စာရင်းဇယားများအရ သိရသည်။

တောင်ကိုးရီးယားက ရင်းနှီးမြှုပ်နှံ ထားသော စီမံကိန်း ၃၇ ခုသည် မြန်မာနိုင်ငံတွင်း စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တန်ဖိုး ဒေါ်လာ ၁၅ ဘီလီယံ၏ ၁.၅၂ % ရှိသည်ဟုလည်း သိရသည်။

တစ်ချိန်တည်းတွင်ပင် မြန်မာ ကုမ္ပဏီ ၇ ခုနှင့် တောင်ကိုးရီးယား ကုမ္ပဏီ ၇၀  တို့သည် မြန်မာနိုင်ငံတွင် အမေရိကန် ဒေါ်လာ ၃၁ သန်း တန်ဖိုးရှိ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံ သဘောတူညီချက်များ ရရှိခဲ့သည်ဟု သတင်းများ အရ သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment