Transparency Myanmar

transparency.myanmar@gmail.com

AFP, 11th March 2010

ရွေးကောက်ပွဲ ဥပဒေကို ကြေညာပြီး ရက်ပိုင်း အကြာတွင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့သစ်ကို မြန်မာအစိုးရက ခန့်အပ် တာဝန်ပေးလိုက်ကြောင်း နိုင်ငံပိုင် မီဒီယာက ကြာသပတေးနေ့တွင် ထုတ်ပြန်လိုက်သည်။

နိုင်ငံပိုင် ရုပ်သံလိုင်းနှင့် ရေဒီယိုမှ ကြေညာချက်တွင် ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် ကော်မရှင် အဖွဲ့ဝင် ၁၇ ဦးကို ခန့်အပ်သည့် အမိန့်ကို အစိုးရက ထုတ်ပြန်ကြောင်း ပြောကြားခဲ့သော်လည်း အသေးစိတ် ပြောကြားခြင်း မရှိပါ။

ယခုနှစ် အတွင်း တစ်ချိန်ချိန်တွင် ကျင်းပပေးမည်ဟု အစိုးရက ကတိပေးထားသော ရွေးကောက်ပွဲများ ကျင်းပမည့်ရက်ကို ရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိမ့်မည် ဖြစ်သည်။ ရွေးကောက်ပွဲများကို အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း ကျင်းပဖွယ် ရှိသည်ဟု အကဲခတ်များက ခန့်မှန်းထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment