Transparency Myanmar

transparency.myanmar@gmail.com

 

Bangkok Post, 11th March 2010

တရားမျှတမှု မရှိသည့် ရွေးကောက်ပွဲ ဥပဒေကို စည်းစည်းလုံးလုံး တုန့်ပြန်ကြရန် အထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ ပြည်သူလူထုကို ကြာသပတေးနေ့တွင် တောင်းဆိုခဲ့သည်ဟု သူမ၏ ရှေ့နေ ဦးဥာဏ်ဝင်းက AFP သို့ ပြောကြားသည်။

၂၀၀၂ ခုနှစ်က ပြန်လည် ထိန်းသိမ်းခြင်း ခံရသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ယခုနှစ် ရွေးကောက်ပွဲများတွင် ပါဝင်ခြင်း မပြုနိုင်ရန် အစိုးရက ပိတ်ပင် တားမြစ် ထားသည်။ မြန်မာစစ်ဖက် အစိုးရက ရွေးကောက်ပွဲ ဥပဒေကို ကြေညာပြီး ရက်အနည်းငယ် အတွင်း ယခုနှစ် ရွေးကောက်ပွဲများ အတွက် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့သစ်ကို ခန့်အပ် တာဝန်ပေး လိုက်သည်။

ဒီမိုကရေစီ ခေါင်းဆောင်၏ နေအိမ်သို့ သွားရောက်ခဲ့သော ဦးဥာဏ်ဝင်း၏ အဆိုအရ ''ဒီလို တရားမမျှတတဲ့ ဥပဒေကို ပြည်သူတွေနဲ့ နိုင်ငံရေးပါတီတွေ ပေါင်းပြီး စည်းစည်းလုံးလုံး တုန့်ပြန်သွားရမယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း သိရှိရသည်။

''ဒီလို တစ်ဖက်သက် ဖိနှိပ် ချုပ်ချယ်ထားတဲ့ ဥပဒေမျိုး ထွက်လာလိမ့်မယ်လို့တောင် သူမက ထင်မထားဘူး'' ဟု ဦးဥာဏ်ဝင်းက ပြောကြားသည်။

ယခု ထွက်လာသော ရွေးကောက်ပွဲ ဥပဒေသစ် အရ ဒေါ်အောင်ဆန်းစုကြည်သည် NLD ပါတီမှ ဖယ်ထုတ်ခြင်းကို ရင်ဆိုင်ရနိုင်သလို ပြစ်ဒဏ်ကျခံ နေရသူ တစ်ဦး အနေဖြင့် ယခုနှစ် ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် ပါဝင်ခွင့် ရမည် မဟုတ်တော့ပါ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment