Transparency Myanmar

transparency.myanmar@gmail.com

Blog.amnestyusa.org, By Christoph Koettl, 11th March 2010

မြန်မာနိုင်ငံသည် အနှစ်နှစ်ဆယ် အတွင်း ပထမဆုံးအကြိမ် အဖြစ် ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်လျက် ရှိသည်။ အစိုးရသည် ၁၉၉၀ ခုနှစ်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ရှုံးခဲ့သည့် အနေအထားမျိုးကို ကာကွယ်သည့် အနေဖြင့် အတိုက်အခံ အင်အားစုများကို နှိပ်ကွပ်ခြင်း၊ ရွေးကောက်ပွဲ ဥပဒေ အသစ်တွင် အနိုင်ရရန် အားသာချက်များ ထည့်သွင်းထားခြင်း များကို ပြုလုပ်လျက် ရှိသည်။

ဥပဒေအသစ်သည် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်ခဲ့ခြင်း ဖြစ်ရုံသာမက နိုင်ငံရေး အကျဉ်းသားများ၊ အစိုးရ ဝန်ထမ်းများကို နိုင်ငံရေးပါတီဝင်ရေး ရွေးကောက်ပွဲ ဝင်ရောက်ရေး ကိုပါ တားမြစ်ထားသည်။ မကြာသေးမီက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော မြန်မာ နိုင်ငံ၏ လူ့အခွင့်အရေး အစီရင်ခံစာတွင် ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေသော ပြည်တွင်း အခြေအနေနှင့် အနာဂတ် အနောက်နိုင်ငံများ ဆက်ဆံရေး အလားအလာများကို ဖော်ပြထားသည်။

တစ်ချိန်တည်းမှာပင် မြန်မာအစိုးရက လျစ်လျူရှုထားသော အိမ်နီးချင်းနိုင်ငံများရှိ အခြေအနေ ဆိုးရွားနေသည့် မြန်မာဒုက္ခသည်များ၏ အခြေအနေကိုလည်း ဖော်ပြထားသည်။ ရွေးကောက်ပွဲ မတိုင်မီတွင် တိုးပွားလာနေသော ဒုက္ခသည်များ၏ အခြေအနေမှာ စိုးရိမ်ဖွယ်ဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း မြန်မာနိုင်ငံမှ ဒုက္ခသည်များ အလုံးအရင်းလိုက် ဝင်ရောက်မှုကို တားဆီးသောအားဖြင့် ဒုက္ခသည်များကို လူ့အခွင့်အရေးအရ နှိပ်စက်မှုများ ပြုလုပ်ရန် ဆုံးဖြတ်ထားသည်။

Physicians for Human Rights (PHR) မှ ထုတ်ပြန်သော "နိုင်ငံမဲ့ ငတ်ပြတ်နေသော ဒုက္ခသည်များ" ခေါင်းစဉ်ပါ အစီရင်ခံစာ အသစ်တွင် ဘင်္ဂလားဒေ့ရှ် အစိုးရက ရိုဟင်ဂျာ ဒုက္ခသည်များကို မတရားသဖြင့် နှိပ်စက်နေမှုများနှင့် ဒုက္ခသည်များ ကြုံတွေ့နေရသော လူသားချင်း စာနာထောက်ထားဖွယ် ဒုက္ခရပ်များကို ဂရုပြုကြရန် တောင်းဆိုခဲ့သည်။

ဘင်္ဂလားဒေ့ရှ်တွင် မြန်မာနိုင်ငံမှ ဒုက္ခသည်ပေါင်း နှစ်သိန်းမှ လေးသိန်းကြား ရှိသော်လည်း ဒုက္ခသည် ဦးရေ ၂၈၀၀၀ သာ UNHCR နှင့် ဘင်္ဂလားဒေ့ရှ် အစိုးရ ပူးတွဲ ဒုက္ခသည် စခန်းတွင် မှတ်ပုံတင်ထားသည်။ ရိုဟင်ဂျာ ဒုက္ခသည်များကို ၁၉၉၃ ခုနှစ်ကစ၍ အကာအကွယ်ပေးခြင်း မပြုတော့ဘဲ၊ တရားမဝင် ဝင်ရောက်လာသော ဒုက္ခသည်များကို အကြောင်းမဲ့ ဖမ်းဆီးခြင်း၊  နှင်ထုတ်ခြင်းများ ပြုလုပ်ခဲ့သည်။

အဆိုပါ လူ့အခွင့်အရေးအရ နှိပ်စက်ခံရမှုများအပြင် ဘင်္ဂလားဒေ့ရှ်အစိုးရသည် ဆိုးရွားသော အခြေအနေတွင် နေထိုင်နေရပြီး အဟာရ ချို့တဲ့နေသည့် မြန်မာဒုက္ခသည်များအား ပေးထားသော လူသားချင်း စာနာသော အကူအညီ၊ အထောက်အပံ့များ မရရှိအောင် တက်ကြွစွာ ပိတ်ဆို့နေကြောင်း PHR တွင် သက်သေ အထောက်အထားများ ရှိသည်ဟု ဖော်ပြ ထားသည်။

PHR သည် ၎င်း၏ Online Action တွင် လူတိုင်းအား ပါဝင်ရန်၊ မြန်မာဒုက္ခသည်များကို နှင်ထုတ်မှုများ ရပ်ဆိုင်းရန်နှင့် လိုအပ်သော အစားအသောက် အကူအညီများ ဖြန့်ဝေမှု သေချာစေရေး တို့တွင် ပါဝင်ရန် နှိုးဆော်ထားသည်။ မြန်မာနိုင်ငံမှ ဒုက္ခသည်များ ၎င်းတို့နိုင်ငံတွင် ဖိနှိပ်ခံရသကဲ့သို့ အခြားနိုင်ငံတွင် မခံရရေးနှင့် ၎င်းတို့တွင် အန္တရာယ်ရှိနေသော မူရင်းနိုင်ငံသို့ ပြန်မပို့ရေးတို့ အတွက် မိမိတို့ လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း PHR မှ နှိုးဆော်ထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment