Transparency Myanmar

transparency.myanmar@gmail.com

VOA News, 11th March 2010

အမေရိကန် ပြည်ထောင်စုသည် တရုတ်နိုင်ငံ၏ လူ့အခွင့်အရေး ကိစ္စများကို ကြာသပတေးနေ့က ဝေဖန် ပြောကြားခဲ့ရာ၊ မူဝါဒများကို မေးခွန်းထုတ်သည့် နိုင်ငံသားများကို ဘီဂျင်းက ကန့်သတ်မှုများ ချမှတ်ခဲ့မှုအပေါ် စိုးရိမ်ပူပန်မှုများ တိုးပွားလာရကြောင်း ဆိုခဲ့သည်။

ကြာသပတေးနေ့က ထုတ်ပြန်သော အမေရိကန် နိုင်ငံခြားရေးဋ္ဌာန၏ ၂၀၀၉ ခုနှစ် လူ့အခွင့်အရေး အစီရင်ခံစာတွင် ဖော်ပြထားရာ၌ ပြီးခဲ့သည့်နှစ်က တရုတ်နိုင်ငံတွင် လူ့အခွင့်အရေး လှုပ်ရှားသူများကို ဖမ်းဆီးမှုများ၊ ခြိမ်းခြောက်မှုများ တိုးတက်လာခဲ့ကြောင်း၊ ပြည်သူများဖက်မှ အကျိုးဆောင်ပေးသော ဥပဒေ ပညာရှင်များအား ခြိမ်းခြောက်ခြင်း၊ တားဆီးခြင်းများ ရှိခဲ့ကြောင်း ဆိုသည်။

အဆိုပါ အစီရင်ခံစာတွင် နီပေါ နိုင်ငံမှ ပြန်ပို့သော တိဗက် လူမျိုးအား နှိပ်စက်မှုများ၊ အဓမ္မ လုပ်အားပေးစေမှုများ ရှိကြောင်း အသေးစိတ် ရေးသား ဖော်ပြထားသည်။တရုတ်နိုင်ငံ Xinjiang ဒေသတွင် ဘာသာရေးအရ လည်းကောင်း၊ ယဉ်ကျေးမှုအရ လည်းကောင်း ပြင်းထန်စွာ နှိပ်ကွပ်မှုများ ရှိကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံခြားရေး ဋ္ဌာနက မြောက်ကိုးရီးယား လူ့အခွင့်အရေး မှတ်တမ်းများကလည်း ဆိုးရွားလှကြောင်း၊ ဥပဒေပြင်ပ သတ်ဖြတ်မှုများ၊ ပျောက်ဆုံးမှုများနှင့် အကြောင်းမဲ့ ဖမ်းဆီးခြင်းများ ရှိခဲ့ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင်လည်း အလားတူ ကိစ္စရပ်များ ရှိကြောင်း ဥပဒေပြင်ပ သတ်ဖြတ်မှုများ၊ ပျောက်ဆုံးမှုများ၊ အစိုးရ တပ်ဖွဲ့များ ကျူးလွန်သော မုဒိန်းမှုများ၊ နှိပ်စက်မှုများကို ဖော်ပြထားသည်။

ကမ္ဘောဒီးယားနိုင်ငံတွင်လည်း ၎င်း၏ လုံခြုံရေး တပ်ဖွဲ့များသည် မတရားမှုများကို အရေးယူ မခံရသောကြောင့် မကြောက်မရွံ့ ကျူးလွန်လျက် ရှိကြောင်း သုံးသပ်ထားသည်။

အဆိုပါ အစီရင်ခံစာတွင် လာအိုနိုင်ငံနှင့် ပတ်သက်၍ ဖော်ပြထားရာတွင် ပြည်သူများ၏ ပုဂ္ဂလိက လွတ်လပ်ခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ စုဝေးခွင့်၊ ပုံနှိပ်ဖော်ပြခွင့်များကို ကန့်သတ်မှုများ ရှိကြောင်း ဖော်ပြခဲ့သည်။

ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့၏ အကျင့်ပျက် လာဘ်စားမှုကိုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထိုင်းနိုင်ငံ လုံခြုံရေး အဖွဲ့များ၏ ရာဇဝတ်မှု သံသယရှိသူများ အပေါ် အင်အား အလွန်အကျွံ သုံးစွဲမှုကိုလည်း ဝေဖန်ထားသည်။

ဗီယက်နမ်၏ လူ့အခွင့်အရေး မှတ်တမ်းများမှာလည်း ပြဿနာများ ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ အတိုက်အခံ လှုပ်ရှားမှုများအား တားမြစ်ထားခြင်းနှင့် လွတ်လပ်စွာ ပုံနှိပ် ဖော်ပြခွင့်ကို ကန့်သတ်ထားခြင်း များရှိကြောင်း ဖော်ပြထားသည်။

အမေရိကန် နိုင်ငံခြားရေး ဋ္ဌာနသည် အင်ဒိုနီးရှား အစိုးရကို ရှားရှားပါးပါး ချီးကျူးခဲ့သည်။ ပြီးခဲ့သည့်နှစ်က အင်ဒိုနီးရှားတွင် တိုင်းသူပြည်သားများ၏ လူ့အခွင့်အရေးကို ယေဘုယျအားဖြင့် လေးစားခဲ့သည်ဟု သုံးသပ်ထားသည်။ ပြဿနာ အချို့မူ ရှိနေသေးကြောင်း လုံခြုံရေး တပ်ဖွဲ့များမှ သတ်ဖြတ်မှုများ၊ ထောင်များ၏ ဆိုးရွားသော အခြေအနေများ၊ တရားစီရင်ရေး စနစ်တွင် လာဘ်စားမှုများ ရှိနေသးကြောင်း ဖော်ပြထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment