Transparency Myanmar

transparency.myanmar@gmail.com

Mizzima news, 12th March 2010

ဒေသတွင်း ၁၀ ရက် ခရီးစဉ် လတ်တလော လှည့်လည်နေသော အရှေ့အာရှ ပစိဖိတ် ဒေသဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးစဉ်နှင့် ပတ်သက်၍ ဆွေးနွေးနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက အတည်ပြု ပြောဆိုသည်။

သောကြာနေ့တွင် မလေးရှားမှ ဘရူနိုင်းသို့ ကူးမည့် Kurt Campbell သည် လက်ရှိတွင် အရှေ့တောင် အာရှ နိုင်ငံများသို့ ခရီးလှည့်လည်ကာ အပြန်အလှန် ဆက်ဆံရေး များကို ဆွေးနွေးနေကြောင်း မြန်မာနိုင်ငံသို့ ၎င်းလာရောက်နိုင်ချေ ရှိသည့် ခရီးစဉ်ကို မိမိတို့ ဆွေးနွေးနေကြောင်း ရန်ကုန် အမေရိကန် သံရုံးက ပြောကြားသည်။

အလားအလာရှိသော ခရီးစဉ်နှင့် ပတ်သက်၍ မြန်မာအာဏာပိုင်များနှင့် ဆွေးနွေးနေဆဲ ဖြစ်သည်ဟု သံရုံးအရာရှိက မဇ္ဈိမသို့ ပြောကြားသည်။

Campbell သည် အမေရိကန် အဆင့်မြင့် အရာရှိကြီး တစ်ဦး၏ ၁၄ နှစ် အတွင်း ပထမဆုံး ခရီးစဉ် အပြစ် ၂၀၀၉ နိုဝင်ဘာလက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ဖြစ်သည်။ အမေရိကန်ကို ဆန့်ကျင်နေသော မြန်မာနိုင်ငံနှင့် ဆွေးနွေးညှိနှိုင်းရေး ဝါဒသစ်ကို ကြေညာပြီးနောက် ပထမဆုံး အကြိမ်လာရောက်ခဲ့ခြင်း ဖြစ်သည်။

ယခင် ဘွတ်ရှ် အစိုးရ၏  မြန်မာနိုင်ငံ မူဝါဒသစ်ကို ဝါရှင်တန်က မနှစ်က ပြောင်းလဲခဲ့ပြီး အရေးယူ ပိတ်ဆို့ရေးနှင့် တွေ့ဆုံညှိနှိုင်းရေးကို တပြိုင်နက် စတင် ကျင့်သုံးခဲ့သည်။

အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲများတွင် ပါဝင်ခြင်း မပြုနိုင်အောင် ပိတ်ပင်ထားသည့် မြန်မာ အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေ အပေါ် စိတ်အနှောင့်အယှက် ဖြစ်မိကြောင်း ဗုဒ္ဓဟူးနေ့ ကွာလာလမ်ပူတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် Campbell က ပြောကြားခဲ့သည်။

''ယခု အချိန်အထိ တွေ့ရသမျှမှာ စိတ်အနှောက်အယှက် ဖြစ်စရာများ ဖြစ်နေ၍ စိတ်မကောင်း ဖြစ်မိကြောင်း၊ ရွေးကောက်ပွဲများ မတိုင်ခင် ကြိုတင်၍ ပြည်တွင်း တွေ့ဆုံ ဆွေးနွေးမှုများ ဖြစ်မြောက်ရန် မြန်မာ အစိုးရက ကြိုးစားသည်ကိုသာ မိမိတို့ မြင်တွေ့လိုကြောင်း'' Campbell က ရှင်းလင်း ပြောကြားခဲ့သည်။

မတ်လ ၇ ရက်နေ့ စင်္ကာပူ နိုင်ငံ မှ စတင်ခဲ့သော Campbell ၏ အာရှ ခရီးစဉ်တွင် ထိုင်း၊ လာအို၊ မလေးရှား၊ ဘရူနိုင်း၊ အင်ဒိုနီးရှားနှင့် တိုကျိုတွင် ရပ်နားရန် စီစဉ် ထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment