Transparency Myanmar

transparency.myanmar@gmail.com

(The Straits Times မှ 29 January 2011 ရက်စွဲပါ U.S Law suit filed against Sri Lanka Leaders ကို ဘာသာ ပြန်ဆိုသည်)

သီရိလင်္ကာ နိုင်ငံ သမ္မတကို တရား စွဲဆိုသည့် အမှုကို တမီလ် မျိုးနွယ်စုဝင်များက အမေရိကန် ပြည်ထောင်စုတွင် သောကြာနေ့၌ တင်သွင်းခဲ့ပြီး ဥပဒေ ပြင်ပ သတ်ဖြတ် ခံရမှုများကြောင့် နစ်နာကြေး အမေရိကန် ဒေါ်လာ သန်း သုံးဆယ် တောင်းခံလိုက်သည်။

နိုင်ငံ ခေါင်းဆောင် တစ်ဦး လာရောက် လည်ပတ်မှုကို အမေရိကန် အာဏာပိုင်များက မည်မျှ လေးစားမှု ရှိသည်ကို စမ်းသပ်သည့် အနေဖြင့် သမ္မတ မာဟင်ဒါ ရာဂျာ ပတ်ဆာ အမေရိကန် ပြည်ထောင်စုသို့ တိတ်တဆိတ် သွားရောက်ခဲ့အပြီးတွင် တမီလ် အခွင့်အရေး လှုပ်ရှားသူများက ဥပဒေ ကြောင်းအရ တရား စွဲဆိုမှုကို စတင်ခဲ့ခြင်း ဖြစ်သည်။

နှိပ်စက် ညှင်းပန်းမှုနှင့် ဥပဒေ ပြင်ပ သတ်ဖြတ်မှုများ အတွက် ပြည်ပ နိုင်ငံ တာဝန် ရှိသူများကို အမေရိကန် ပြည်ထောင်စုတွင် အရေးယူခွင့် ပြုသည့် ၁၉၉၁ ခုနှစ် အက်ဥပဒေ အရ တရားလို သုံးဦး ကိုယ်စား အမှုကို တင်သွင်းခဲ့သည်ဟု ထင်ရှားသော ဝါရှင်တန် ရှေ့နေ မစ္စတာ Bruce Feim က ပြောကြားသည်။

ဝါရှင်တန်ရှိ ခရိုင် တရားရုံးတွင် အမှု တင်သွင်းခြဲပီးနောက် Bruce Feim က "အနှိပ်စက်ခံ သားကောင်များ အကာအကွယ် ပေးရေး ဥပဒေ အရ အရေးယူမည့် ဥပဒေ လက်တံကို သီရီ လင်္ကာမှ ပုန်းနေရုံနဲ့ သမ္မတ ရာဂျာပတ်ဆာ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး" ဟု ပြောခဲ့သည်။

Bruce Feim က ဆက်လက်၍ "သမ္မတ ရာဂျာ ပတ်ဆာထံမှ အကြောင်းပြန်မှုကို အလို ရှိကြောင်းနှင့် သို့မဟုတ်ပါက ၎င်း မပါဘဲ ဆက်လက် ဆောင်ရွက်သွားမည်" ဖြစ်ကြောင်း ပြောကြားသည်။

တမီလ် ကျားသူပုန်များကို နောက်ဆုံး အဆင့် ရှာဖွေ ရှင်းလင်း ခဲ့သော ၂၀၀၉ ခုနှစ်က အစိုးရ ထိုးစစ် အပါအဝင် ဖြစ်စဉ် သုံးခုတွင် ဆွေမျိုးများ အသတ် ခံရသည်ဟု ပြောကြားခဲ့သော တရားလို သုံးဦးကိုယ်စား ယခု အမှုတွင် နစ်နာကြေး အမေရိကန် ဒေါ်လာ သန်းသုံးဆယ် တောင်းခံ ထားသည်ဟု သိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment