Transparency Myanmar

transparency.myanmar@gmail.com

(ဇန်န၀ါရီလ ၃၁ ရက် ၂၀၁၁ ရက်စွဲပါ Bangkok Post မှ Business Keen On Roads along border with Burma  သတင်းကို တိုက်ရိုက် ဘာသာ ပြန်ဆိုသည်)

ထိုင်းနိုင်ငံ ဗဟိုရှိ စီးပွားရေး ဦးဆောင် ဦးရွက် ပြုသူများသည် မြန်မာနှင့် နယ်စပ်ချင်း ထိစပ် နေသော ၂၁၉၃ ကီလိုမီတာ တစ်လျှောက် Chaing Rai မှာ Chumphon ထိ ဘန်ကောက်နှင့် ပတ်ဝန်းကျင် မြို့များကို မဖြတ်ပဲ လမ်းဖွံ့ဖြိုး တိုးတက်ရေး အတွက် တွန်းအား ပေးလျက် ရှိသည်။

ထိုင်းဗဟို ဒေသ ထိုင်းစက်မှု လုပ်ငန်း ဖက်ဒရေးရှင်း (FTI) မှ အကြီးအကဲ Sing Tangcharoenchaichana က ပြောကြားရာတွင် အဖွဲ့ဝင် များသည် အစိုးရ အေဂျင်စီများနှင့် လမ်းဖောက်လုပ်ရေး လုပ်ငန်းများ အတွက် တွန်းအား ပေးနိုင်ရန် လုပ်ကိုင်လျက် ရှိသည်ဟု ဆိုသည်။ အဆိုပါ လမ်းသည် Chiang Rai, Chaing Mai, မယ်ဟောင်ဆွမ်၊ တပ်ခ်၊ Kamphaeng Phet, Nakhon Sawan, Uthai Thani, Suphan Buri, ကချာနာဘူရီ၊ ရချာဘူရီ၊ ပတ်ချာဘူရီ၊ Prachuap Khiri Khan နှင့် Chumphon နယ်များ အားလုံး ပါဝင် စေရမည် ဖြစ်သည်။

အဆိုပြု ထားသော လမ်းဖွံ့ဖြိုးမှု စီမံကိန်းသည် အဆိုပါ ပြည်နယ်များတွင် စက်မှု လုပ်ငန်းများ ချဲ့ထွင်ရေး အတွက် ဆွဲဆောင်မည် ဖြစ်သည်။ သို့မှသာ အဆိုပါ ဒေသများရှိ လူများ ၀င်ငွေ တိုးလာပြီး၊ ထိုင်းနိုင်ငံ၏ ကုန်သွယ်ရေး၊ ရင်းနှီး မြှုပ်နှံမှု၊ ခရီးသွား လုပ်ငန်းနှင့် အလုပ်အကိုင် နေရာများတွင် အောင်မြင်မှု ရနိုင်မည်ဟု ယင်းက ပြောသည်။

Mr Sing သည် ဇန်န၀ါရီလ ၂၂ မှ ၂၅ ထိ မြန်မာနိုင်ငံ ထားဝယ်မြို့သို့ သွားရောက်ခဲ့သော FTI မစ်ရှင်တွင် ပါဝင်ခဲ့ပြီး ထားဝယ် တက္ကသိုလ်နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လုပ်ငန်းရှင်များအသင်းနှင့် ထိုင်းနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့သည်။

အဆိုပါ မစ်ရှင်သည် ဘတ် (၄၀၀) ဘီလီယံ တန်ဖိုးရှိ ထားဝယ် စီမံကိန်း၏ တိုးတက်မှုများကို ကြည့်ရှုခဲ့သည်။ ထားဝယ်စီမံကိန်းတွင် ထားဝယ်မှ ကချာနာဘူရီသို့ ဆက်သွယ်သော အဝေးပြေး လမ်းမ ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်တို့ ပါဝင်သည်။

ဆိပ်ကမ်း ဆောက်လုပ်ရေးနှင့် အဝေးပြေးလမ်းတို့မှာ ၂၀၁၅ တွင် ပြီးစီးမည်ဖြစ်သည်။ ထားဝယ်သည် အရှေ့တောင်အာရှ နှင့် တရုတ်ကို အန်ဒမန် ပင်လယ်မှတဆင့် အိန္ဒိယ သမုဒ္ဒရာသို့ ဆက်သွယ်ပေးပြီး အရှေ့ အလယ်ပိုင်း ဥရောပနှင့် အာဖရိကမှ ကုန်ပစ္စည်းများ လက်ခံပေးမည် ဖြစ် ကုန်သွယ်မှု ဗဟိုဌာန ဖြစ်လာနိုင်မည် ဖြစ်သည်။

ကချာနာဘူရီ ပြည်နယ်သည် ထားဝယ် စီမံကိန်းအတွက် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် သယ်ယူ ပို့ဆောင်ရေးများ ဖြည့်ဆည်း ပေးနိုင်ရန် အထူး စီးပွားရေးဇုန် ထူထောင်ရန် မျှော်မှန်းလျက် ရှိသည်။

လက်ရှိ နယ်စပ် မငြိမ်သက်မှုများနှင့် ပတ်သက် Mr Sing က မြန်မာ အာဏာပိုင်များသည် လမ်းကို ရုတ်တရက် ပိတ်လိမ့်မည်ဟု မယုံကြည်ကြောင်း၊ ဆောက်လုပ်ရေးကို နှောင့်ယှက်မည့် အဖြစ် အပျက်များကို ကြိုတင် ကာကွယ်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောသည်။

မကြာသေးခင်က ကျင်းပသော အာဆီယံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်း အစည်းအဝေးတွင် မြန်မာနိုင်ငံသည် လမ်းသစ်အား အဆင့်မြှင့် အာဆီယံ ဟိုင်းဝေး၊ နိုင်ငံတကာ ဟိုင်းဝေး၏ အစိတ်အပိုင်းအဖြစ် အသုံးပြုရန် စီစဉ်နေသည်။

ကချာနာဘူရီ ဒုတိယ အုပ်ချုပ်ရေးမှူး Chaiwat Limwantha က ပြောကြားရာတွင် ယင်း၏ ပြည်နယ်ရှိ Baan Phu Namron ကို နယ်စပ် စစ်ဆေးရေးစခန်းနှင့် အကောက်ခွန်ရုံး အဖြစ် ပြောင်းလဲ ဖွင့်လှစ်နိုင်ရေးကို အရှိန်မြှင့် ကြိုးပမ်းနေကြောင်း၊ သို့မှသာ ဆောက်လုပ်ရေး ပစ္စည်းများ သယ်ယူပို့ဆောင်ရေး လွယ်ကူမည် ဖြစ်ပြီး၊ ရင်းနှီး မြှုပ်နှံသူများနှင့် ခရီးသည်များ ထားဝယ်သို့ သွားရောက် နိုင်ရေး လွယ်ကူမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ လုပ်ငန်းစဉ်မှာ လေးလခန့် ကြာမြင့်မည်ဟု ခန့်မှန်းရသည်။

အကောက်ခွန် ရုံးသစ်သည် ထားဝယ်ဆိပ်ကမ်းနှင့် စက်မှုဇုန် ဆောက်လုပ်ရာတွင် လိုအပ်မည့် စက်ပ္စည်းများ၊ ယန္တရားများ တင်ပို့ရာတွင် အထောက်အကူ ဖြစ်မည် ဖြစ်သည်။ ထိုင်း စက်ရုံ အတော် များများသည် ထားဝယ်သို့ ပြောင်းရွေ့ ကြမည် ဖြစ်သည်။

ထိုင်းအစိုးရသည် Bang Yai- Nakhon Pathom – Muang Kanchanaburi လမ်းနှင့် Muang Khachanaburi မှ Baan Phu Namron လမ်း နှစ်ခုကို ထားဝယ်နှင့် ဆက်သွယ်ရန် ဖောက်လုပ်မည်ဟု မကြာခင်က ကြေညာခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment