Transparency Myanmar

transparency.myanmar@gmail.com

(AFP သတင်းဌာနမှ 29 January 2011 ရက်စွဲပါ Secrecy swirls as Myanmar prepares new parliament သတင်းကို ဘာသာ ပြန်ဆိုသည်)

တနင်္လာနေ့ မနက် ၈ နာရီ ၅၅ မိနစ် အချိန်တွင် မြန်မာ နိုင်ငံ၏ ပွင့်သစ်စ လွှတ်တော်ကို တရားဝင် ဖွင့်လှစ်ရန် အတွက် ယူနီဖောင်းဝတ် စစ်သား ရာဂဏန်းနှင့် ရွေးချယ် တင်မြှောက်ခံ လွှတ်တော် ကိုယ်စားလှယ် တစ်ထောင်ကျော်တို့  နိုင်ငံ အလယ်ပိုင်း အုပ်ချုပ်ရေး မြို့တော်တွင် အတူတကွ စုဝေးကြတော့မည် ဖြစ်သည်။

မြန်မာ အစိုးရ ယုံကြည်လွန်းသော ဗေဒင် နက္ခတ် ပညာ၏ ထွက်ကုန် တစ်ခု ဖြစ်သည့် အချိန် တိုင်မင် ကိုက်မှုသည် ၁၉၆၂ ခုနှစ်က စတင်ခဲ့သော စစ်အုပ်ချုပ်ရေး အောက်တွင် နာလံ မထူ နိုင်လောက်အောင် ညှိုးရော်နေသော မြန်မာ နိုင်ငံ အတွက် ထူးခြားမှု တစ်ခုဟု ဆိုနိုင်သည့် လွှတ်တော်သစ်၏ သွင်ပြင် လက္ခဏာ တစ်ခုပင် ဖြစ်သည်။

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်ခြင်းနှင့် လိမ်ညာမှု၊ ခြိမ်းခြောက်မှု အထောက် အထားများကြောင့် နာမည် ပျက်ခဲ့ရသော နိုဝင်ဘာ ရွေးကောက်ပွဲ အပြီးတွင် လွှတ်တော် သစ်အတွင်းမှ အမည်ခံ လူတစ်အုပ်နှင့် အတူ စစ်အစိုးရက ဆက်လက် စံစား ပျော်မွေ့ဦးမည် ဖြစ်သည်။

လွှတ်တော် ကိုယ်စားလှယ် နေရာ လေးပုံ တစ်ပုံကို မဲပေးပွဲ မတိုင်မီကပင် တပ်မတော် အတွက် သီးသန့် ဖယ်ထားပြီး ဖြစ်သည့် အပြင် တပ်မတော် နောက်ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကလည်း ကိုယ်စားလှယ် နေရာပေါင်း ၁၁၅၄ နေရာတွင် ၈၈၂ ဦး အနိုင် ရရှိကာ အောင်ပွဲခံ ထားသည်ဟု ဆိုသည်။

အမျိုးသား လွှတ်တော်နှင့် ဒေသလွှတ်တော် ၁၄ ခုကို နေပြည်တော်တွင် ခေါ်ယူ စည်းဝေးခြင်းသည် စစ်အစိုးရက ၂၀၀၃ ခုနှစ်တွင် ချမှတ်ခဲ့သော "စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီ စနစ်သို့ လမ်းညွှန်မြေပုံ" ၏ နောက်ဆုံး အဆင့်သို့ နိုင်ငံကို ဦးလှည့်လိုက်ခြင်း ဖြစ်သည်။

သို့သော်လည်း လက်ရှိ အာဏာရ စစ်ဖက် အစိုးရက နှစ်ပေါင်း များစွာ ကြိုတင် စီစဉ် ပြင်ဆင် နေခဲ့ချိန်တွင် လွှတ်တော် အမတ်များ ကိုယ်တိုင်မှာမူ လွှတ်တော် အမတ် တစ်ဦး ဖြစ်လာလျှင် လုပ်ရမည့် လုပ်ငန်းနှင့် ပတ်သက်၍ "ပျောက်သော လမ်းမှာ စမ်းတဝါးဝါး" ဖြစ်နေကြဆဲပင် ဖြစ်ချေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment