Transparency Myanmar

transparency.myanmar@gmail.com

(ဇန်န၀ါရီလ ၃၀ ရက် ၂၀၁၁ ရက်စွဲပါ AP သတင်းဌာန၏ Myanmar Opposition Group Launches Website  သတင်းကို တိုက်ရိုက် ဘာသာ ပြန်ဆိုသည်)

နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော မြန်မာ အတိုက် အခံ အုပ်စုသည် ယင်းတို့၏ ပထမဆုံး တရားဝင် ၀က်ဆိုဒ်ကို လွှင့်တင် ခဲ့သည်။

ဒေါ်အောင်ဆန်း စုကြည်က ပြောကြားရာတွင် ယခု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ၀က်ဆိုဒ်သည် ယင်းတို့၏ မြန်မာ နိုင်ငံတွင် ဒီမိုကရေစီ ပန်းတိုင် အောင်မြင်ရေး အတွက် ပိုမို မြန်ဆန်စွာ ပြုလုပ်ပေး နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောခဲ့သည်။

ဝက်ဆိုဒ်ကို အင်္ဂလိပ် မြန်မာ နှစ်ဘာသာဖြင့် လွှင့်တင်ထားပြီး မြန်မာနိုင်ငံ၏ ၂၂ နှစ်အတွင်း ပထမဆုံး ပါလီမန် မစတင်မှီ တစ်ရက် အလို တနင်္ဂနွေနေ့က လွှင့်တင်ခဲ့သည်။ NLD သည် ပြီးခဲ့သည့် နှစ်က ရွေးကောက်ပွဲကို စစ်တပ် အုပ်ချုပ်ရေး သက်ဆိုးရှည်အောင် တရား မျှတမှု မရှိသည့် အခြေအနေတွင် ပြုလုပ်ခြင်းကြောင့် သပိတ် မှောက်ခဲ့သည်။

သို့သော် မသဲကွဲသေးသော အချက်တစ်ခုမှာ အစိုးရသည် အင်တာနက်နှင့် အခြား မီဒီယာ များအပေါ် တင်းကြပ်စွာ ထိန်းချုပ်ထားသည့် အလျောက် NLD ၀က်ဆိုက်ကို ပိတ်ပင်မှုများ ပြုလုပ်ရန် ကြိုးစားခြင်း ရှိမရှိ ကိစ္စပင် ဖြစ်သည်။ ၀က်ဆိုက် လိပ်စာမှာ http://www.nldburma.org ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment