Transparency Myanmar

transparency.myanmar@gmail.com

(AFP သတင်းဌာနမှ 30 January 2011 ရက်စွဲပါ Death Toll from Egypt Protests passes 100 source ကို ဘာသာ ပြန်ဆိုသည်)

အီဂျစ် နိုင်ငံတွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ မငြိမ်သက်မှုများ ငါးရက် ဆက်တိုက် ဖြစ်ပွား ခဲ့ရာ အနည်းဆုံး လူ ၁၀၂ ဦး သေဆုံး ခဲ့ပြီး စနေနေ့ တစ်ရက်တည်း ၌ပင် သေဆုံးသူ ၃၃ ဦး ရှိသည်ဟု လုံခြုံရေး သတင်းရပ်ကွက်များနှင့် ဆေးရုံ သတင်း ရပ်ကွက်များက စနေနေ့တွင် ပြောကြားသည်။

ကိုင်ရို တောင်ဘက် ၁၄၀ ကီလိုမီတာ အကွာရှိ ဘင်နိုဆွတ် မြို့တွင် ၁၀ ဦးကျော် သေဆုံး ခဲ့ကြောင်း သတင်း ရရှိပြီး အဆိုပါ မြို့တွင် ဆန္ဒပြသူများက ရဲစခန်းကို မီးရှို့ရန် ကြိုးစားခဲ့ပြီး နောက်ပိုင်း သေဆုံးသူ ၂၂ ဦးအထိ ရှိခဲ့သည်ဟု မျက်မြင် သက်သေများက ပြောကြားခဲ့သည်။

အင်္ဂါနေ့က ဆန္ဒပြပွဲများ စတင် ဖြစ်ပွားပြီး နောက်ပိုင်း ၉၂ ဦး သေဆုံး ခဲ့သည်ဟု အစောပိုင်း သတင်းများက ဆိုသည်။ စနေနေ့က ကိုင်ရိုတွင် နောက်ထပ် သုံးဦး သေဆုံးပြီး ဂါဇာ နယ်စပ်မှ ရာဖာ မြို့တွင် သုံးဦးနှင့် စူးအက် တူးမြောင်း အနောက်ဖက် ကမ်း၌ အစ္စမာလီမြို့တွင် သုံးဦး သေဆုံး ခဲ့သည်ဟု သိရှိရသည်။

သမ္မတ ဟော့စနီ မူဘာရက် နုတ်ထွက် ပေးရန် တောင်းဆို ကြသော မကြုံစဖူး ဆန္ဒပြပွဲများ အတွင်း အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့ အကြား ကိုင်ရိုနှင့် စူးအက်မြို့များတွင် ၇ ဦး သေဆုံး ခဲ့သည်ဟု ဆိုသည်။ ယခု သီတင်းပတ် ဆန္ဒပြပွဲများတွင် ဆန္ဒပြသူ ထောင်ပေါင်းများစွာ ထိခိုက် ဒဏ်ရာ ရရှိခဲ့သည် ဟုလည်း သတင်းများ ရရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment