Transparency Myanmar

transparency.myanmar@gmail.com

(AFP သတင်းဌာနမှ 30 January 2011 ရက်စွဲပါ China Blocks Egypt Online ကို ဘာသာ ပြန်ဆိုသည်)

တရုတ် နိုင်ငံက တိုင်းပြည် အနှံ့ ကျယ်ပြန့်စွာ လူကြိုက်များ အသုံးပြုကြသည့် Twitter ကဲ့သို့ အွန်လိုင်း ဝန်ဆောင်မှုများတွင် "Egypt" ဟူသော စကားလုံးကို ပိတ်ထားလိုက် သည့်အပြင် အီဂျစ် နိုင်ငံရေး အကျပ်အတည်းနှင့် ပတ်သက်သည့် သတင်း ဖော်ပြမှုကို နိုင်ငံပိုင် မီဒီယာတွင် တင်းတင်း ကြပ်ကြပ် တားမြစ်ထားသည်။

တရုတ် အာဏာရ ကွန်မြူနစ် ပါတီသည် လူထု အုံကြွမှုကို လှုံ့ဆော်နိုင်သည့် အလား အလာ မှန်သမျှကို ဆတ်ဆတ် ထိမခံ အကဲဆတ် လွန်းသည့် အဖွဲ့အစည်း ဖြစ်သည်။

တရုတ် နိုင်ငံ၏ Micro-Blogging service တွင် အီဂျစ် ဟူသော စာလုံးကို ရိုက်နှိပ် ရှာဖွေ ပါက "သက်ဆိုင်ရာ ဥပဒေများ၊ စည်းကမ်းများနှင့် မူဝါဒများ အရ ရှာဖွေသည့် အကြောင်း အရာကို ဖော်ပြခြင်း မပြု" ဟူသော စာတမ်း ထွက်ပေါ်လာသည်။ တရုတ် နိုင်ငံတွင် Twitter ကို အသုံး ပြုသူ အရေအတွက် သန်းငါးဆယ် ကျော်သည်ဟု သိရသည်။

သမ္မတ ဟော့စနီ မူဘာရက် အာဏာရှင် အစိုးရကို ဆန့်ကျင်သည့် သွေးစွန်းသော ဆန္ဒပြပွဲများ နှင့် ပတ်သက်၍ နိုင်ငံပိုင် CCTV နှင့် Xinhua စင်ဟွာ သတင်းဌာနများက သတင်း ဖော်ပြခဲ့သော်လည်း အဓိက သတင်း Website များတွင် အီဂျစ် ဆန္ဒပြပွဲ သတင်းများကို စာပိုဒ် အနည်းငယ်နှင့် ဓာတ်ပုံ အနည်းငယ် မျှသာ ထည့်သွင်းရန် ကန့်သတ် ထားသည်။

အီဂျစ် အရေးအခင်းကို မှတ်ချက် ပေးရန် ယမန်နေ့က တောင်းဆိုမှုကို တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဌာနက တုံ့ပြန်ခြင်း မရှိခဲ့ပါ။

အီဂျစ် အာဏာပိုင်များက နိုင်ငံတွင်း အင်တာနက်နှင့် လက်ကိုင်ဖုန်း အသုံးပြုမှုများကို သောကြာနေ့က စ၍ ကန့်သတ် ပိတ်ပင်ထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment