Transparency Myanmar

transparency.myanmar@gmail.com

(Associated Press မှ 6 February 2011 ရက်စွဲပါ "Indian Navy Captures 28 Pirates From Thai Vessel" ကို ဘာသာ ပြန်ဆိုသည်)

တနင်္ဂနွေနေ့က အိန္ဒိယ သမုဒ္ဒရာ အတွင်း အပြန်အလှန် ပစ်ခတ်မှု ခဏတာ ဖြစ်ပွားပြီးနောက် ထိုင်းငါးဖမ်း သင်္ဘော တစ်စီးပေါ်မှ သံသယ ဖြစ်ဖွယ် ဆိုမာလီ ပင်လယ် ဓားပြ ၂၈ ဦးကို အိန္ဒိယ ရေတပ်က ဖမ်းဆီး ရမိခဲ့သည်ဟု တာဝန် ရှိသူ တစ်ဦးက ပြောကြားသည်။

ဂရိ အလံတင် ကုန်သင်္ဘော တစ်စီးကို ပင်လယ် ဓားပြများက တိုက်ခိုက်ရန် ပြင်ဆင်နေခြင်း ကြောင့် မိမိတို့ ရေတပ်က ဝင်ရောက် လှုပ်ရှား ခဲ့ခြင်း ဖြစ်သည်ဟု ရေတပ် ပြောရေး ဆိုခွင့် ရှိသူ ကပ္ပတိန် နမ်ဘီယာက ပြောကြား ခဲ့သည်။

ချဉ်းကပ်လာသော အိန္ဒိယရေတပ်နှင့် ကမ်းခြေစောင့် ရေယာဉ် နှစ်စီးကို ပင်လယ် ဓားပြများက ပစ်ခတ် ခဲ့သော်လည်း အလံဖြူထောင်ကာ လက်နက်ချ အညံ့ခံခဲ့သည်။ အခင်း ဖြစ်နေရာမှာ လပ်ရှ် ဝါဒီ ကျွန်းစုများ၏ အနောက်ဘက် ကီလိုမီတာ ၁၆၀ အကွာတွင် ဖြစ်သည်ဟု ကပ္ပတိန် နမ်ဘီယာက ဆိုသည်။

ပင်လယ် ဓားပြများက သိမ်းယူကာ အာရေဗျ ပင်လယ် အတွင်း နေရာ ပေါင်းစုံ၌ မိခင် ရေယာဉ် အဖြစ် အသုံး ပြုနေသော ပရန်တလေ - ၁၁ သဘောင်္ပေါ်မှ ရေယာဉ် အဖွဲ့သား ၂၄ ဦးကို ရေတပ်က ဖမ်းဆီး ခဲ့သည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

တနင်္ဂနွေနေ့က ဖမ်းဆီး ရမိသော အဆိုပါ သင်္ဘောနှင့် ပင်လယ် ဓားပြများကို စစ်ဆေး မေးမြန်းရန် အတွက် မွန်ဘိုင်းသို့ ခေါ်ဆောင်သွားမည်ဟု သိရှိရသည်။

ယခု ဖမ်းဆီးမှုသည် ရက်သတ္တနှစ်ပတ် အတွင်း အဆိုပါ ဒေသ၌ အိန္ဒိယ ရေတပ်က လုပ်ဆောင် ခဲ့သော ဒုတိယမြောက် ပင်လယ် ဓားပြ တိုက်ဖျက် စစ်ဆင်ရေး ဖြစ်သည်ဟု ဆိုသည်။

ယခင်နှစ် ဧပြီလမှ စ၍ ပင်လယ် ဓားပြများက မိခင် ရေယာဉ် အဖြစ် အသုံး ပြုနေသော နောက်ထပ် ငါးဖမ်း သင်္ဘော တစ်စီး ဖြစ်သည့် ပရန်တလေ ကိုလည်း ဇန်နဝါရီ ၂၈ တွင် အိန္ဒိယ ရေတပ်က ကြားဖြတ် တိုက်ခိုက် ဖမ်းဆီး နိုင်ခဲ့သည်။ အပြန် အလှန် တိုက်ခိုက် ပစ်ခတ် ကြပြီးနောက် ပင်လယ် ဓားပြ ၁၅ ဦးကို ရေတပ်က ဖမ်းဆီးခဲ့သည်။ အဆိုပါ ငါးဖမ်း သင်္ဘောပေါ်တွင် ပင်လယ် ဓားပြများက ဓားစာခံ အဖြစ် ဖမ်းဆီးထားသည့် မူလ ရေယာဉ် အဖွဲ့သားများ ဖြစ်သော ထိုင်းနှင့် မြန်မာ ရေလုပ်သား ၂၀ ကိုလည်း ကယ်တင် နိုင်ခဲ့သည်။

ပြီးခဲ့သော နှစ်ပတ် အတွင်း ဖမ်းဆီးမိခဲ့သော ရေယာဉ်များသည် ပရန်တလေ မိသားစုပိုင် ငါးဖမ်း သင်္ဘော အုပ်စုမှ ဖြစ်ပြီး လွန်ခဲ့သော ခြောက်လ အတွင်း ၎င်းတို့၏ ရေယာဉ် အများ အပြားကို ပင်လယ် ဓားပြများက အပိုင် စီးခြင်း ခံခဲ့ရသည်ဟု Press Trust of India သတင်းဌာနက ဖော်ပြ ခဲ့သည်။

ပင်လယ်နီနှင့် အိန္ဒိယ သမုဒ္ဒရာကို ဆက်သွယ် နေသည့် အေဒင် ပင်လယ်ကွေ့သည် ကမ္ဘာ့ သွားလာမှု အများဆုံး ရေလမ်းကြောင်း တစ်ခု ဖြစ်ပြီး ဆိုမာလီ ပင်လယ် ဓားပြများ၏ ထိပ်တန်း ပစ်မှတ် နေရာ တစ်ခု ဖြစ်နေသည်။

အိန္ဒိယ ရေတပ်က ယခု ဒေသတွင် ၂၀၀၈ ခုနှစ်မှ စ၍ ပင်လယ်ဓားပြ တိုက်ဖျက်ရေး စောင့်ကြပ်မှု အဖြစ် ကုန်သင်္ဘောများကို လိုက်ပါ စောင့်ရှောက် ခဲ့သည်။

ထိုနှစ်အတွင်းက ပင်လယ် ဓားပြများ သိမ်းယူထားကာစ ထိုင်း ငါးဖမ်းသင်္ဘော တစ်စီးကို နှစ်မြှုပ်ခဲ့သည့် အတွက် အိန္ဒိယ ရေတပ်မှာ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ အိန္ဒိယ ရေတပ်က ၎င်းတို့၏ လုပ်ရပ်ကို ကာကွယ်သည့် အနေဖြင့် "မိမိကိုယ် မိမိ ကာကွယ်ရန် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်" ဟု ပြောကြား ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment