Transparency Myanmar

transparency.myanmar@gmail.com


News.yahoo.com, 21st April 2010
    တရုတ် စီးပွားရေး ပြန်လည်၍ လျှင်မြန်စွာ ကြီးထွားလာမှုကြောင့် တရုတ်နိုင်ငံ၏ ရေနံ လိုအပ်ချက်မှာ မတ်လအတွင်း ၁၂.၈ % မြင့်တက်လာခဲ့ပြီး သန့်စင် ချက်လုပ်နိုင်မှု ပမာဏလည်း မြင့်မားလာခဲ့သည်ဟု အင်္ဂါနေ့ သတင်းများအရ သိရှိရသည်။
    လွန်ခဲ့သောနှစ် မတ်လကထက် သိသိသာသာ မြင့်မားသော ရေနံ လိုအပ်ချက်မှာ တစ်နေ့လျှင် စည်ပေါင်း ၈.၁၂ သန်းထိ ရောက်ရှိလာသည်ဟု Mc Graw.Hill Cos ၏ စွမ်းအင် သတင်းဌာနခွဲ Platts မှ ထုတ်ပြန်သော တရားဝင် အချက်အလက် သတင်းများအရ သိရှိရသည်။
    ယခုလသည် တရုတ်နိုင်ငံ၏ ရေနံ လိုအပ်ချက် ၂ ဆ မြင့်တက်လာသော ကာလ၏ ၇ လမြောက်ပင် ဖြစ်သည်။ သို့ရာတွင် ဖေဖော်ဝါရီလက လိုအပ်ချက်ဖြစ်သော တစ်နေ့လျှင် စည်ပေါင်း ၈.၅ သန်းမှ အချိန်တိုအတွင်း ယခုကဲ့သို့ မြင့်တက်လာခြင်း ဖြစ်သည်။
    Sinopec ၊ Petro China ၊ China National Offshore Oil Corp စသော နိုင်ငံပိုင် စွမ်းအင် ဘီလူးကြီးများ၏ ထုတ်လုပ်မှု စွမ်းအားသစ်များကြောင့် လိုအပ်ချက် မြင့်မားလာမှုကို ကူညီ ဖြည့်ဆည်းနိုင် ခဲ့သည်ဟု Platts သတင်း အချက်အလက် ဌာနက ဆိုသည်။
    ယခုနှစ် ပထမ ၄ လပတ်တွင်း ပြည်တွင်း အသားတင် ထုတ်လုပ်မှု GDP ၁၁.၉ % သို့ ရောက်ရှိခဲ့သည့် တရုတ်စီးပွားရေး ပြန်လည် သန်စွမ်းလာမှုကြောင့် ယခုကဲ့သို့ လိုအပ်ချက် မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကာလအတွင်း စက်မှုကဏ္ဍ ထုတ်လုပ်မှုနှင့် လောင်စာဆီ လိုအပ်ချက်မှာ အပြိုင် မြင့်တက်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment