Transparency Myanmar

transparency.myanmar@gmail.com

AFP, www.yahoo.com, 21 Apr 2010

          မြောက်ကိုရီးယား ကွန်မြူနစ်ပါတီ၏ ပြည်သူ့လွှတ်တော် အမြဲတမ်းကော်မတီ ဥက္ကဌ ကင်ယုံနမ် သည် အီရန်နိုင်ငံသို့ ယခုနှစ် နွေရာသီတွင် လာရောက်မည်ဟု အစိုးရ IRNA သတင်းဌာနက အင်္ဂါနေ့တွင် ထုတ်ပြန်ပါသည်။

          " လာမယ့် နှစ်လ သုံးလ အတွင်း ဒီအဆင့်မြင့်ပုဂ္ဂိုလ် လာရောက်မယ်လို့ မျှော်လင့်ရပါတယ်" ဟု အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ ဌာနမှူး မိုဟာမက် အလီဖာသိုလာဟီ က IRNA သို့ ပြောကြားခဲ့ပါသည်။

          ခရီးစဉ်၏ အသေးစိတ်ကို ၎င်းက ပြောကြားခဲ့ခြင်းမရှိသော်လည်း အီရန်နှင့် မြောက်ကိုရီးယားသည် ၎င်းတို့၏ နျူကလီယာ အစီအစဉ်အပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်ထားသော စည်းကမ်းများကို ခပ်ပြောင်ပြောင် ငြင်းပယ်နေသည်ဟု အနောက်နိုင်ငံများက စွပ်စွဲနေမှုကြောင့်  ယခု ကင်ယုံနမ်၏ ခရီးစဉ်မှာ အရေးပါသည့် သဘော သက်ရောက်နေပါသည်။

          နျူကလီယာ လက်နက် အသုံးပြုမှု အလုံးစုံကို တားမြစ်ကန့်သတ်ထားသည့် အမေရိကန် နျူကလီယာ မူဝါဒသစ်တွင် အဆိုပါ နှစ်နိုင်ငံစလုံးကို ဝါရှင်တန်က သီးသန့်ရွေးထုတ်ထားပါသည်။

          ကွန်မြူနစ်နိုင်ငံ၏ ရာဘာတံဆိပ်တုံးသာ နှိပ်ခွင့်ရှိသော လွှတ်တော် အမြဲတမ်းကော်မတီ ဥက္ကဌ ကင်ယုံနမ်သည် အမည်ခံ ခေါင်းဆောင်တစ်ဦးသာ ဖြစ်ပြီး ပွဲလမ်း၊ အခမ်းအနားများတွင်သာ တာဝန်ယူရခြင်းဖြစ်သည်။

          အာဏာအားလုံးမှာ အမျိုးသားကာကွယ်ရေးကောင်မရှင် ဥက္ကဌ တာဝန်ယူထားသူ ခေါင်းဆောင်ကြီး ကင်ဂျုံအီ၏ လက်ထဲတွင်သာ ရှိနေပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment