Transparency Myanmar

transparency.myanmar@gmail.com

(Posted by NEO in the myanmarcupid .net)

၈၈တုန်းက ကျနော်လဲအော်ဖူးပါတယ်။ ဒီမိုကရေစီရရှိရေး ဒို့အရေးလို့ အသံဝင်အောင် အော်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီမိုကရေစီဆိုတာဘာလဲ မသိပါဘူး။ ကြားဖူးရုံပါဘဲ။ ကျနော် သိတာကတော့ မဆလကို မကျေနပ်ဘူး၊ ငွေစက္ကူတွေကို တရားမ၀င်ဘူးလို့ကျေညာတဲ့ကိတ်စ၊ နောက်ပြီး ပါတီကောင်စီတွေ မင်းမူနေတာတွေကို မကျေနပ်တဲ့ ကိတ်စတွေ၊ နောက်တချက်ကတော့ ကျောင်းသားတွေ ဦးဆောင်တဲ့ အရေးတော်ပုံဖြစ်လို့ ကိုယ့်အသိစိတ်နဲ့ ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဒီမိုကရေစီကို သိတဲ့လူတွေလဲရှိမှာပေါ့။ ဒါပေမယ့် လူတိုင်း မျှော်လင့်ချက်တွေ မတူဘူး ဆိုတာသေချာပါတယ်။ အဓိကကတော့ စီးပွားရေးဘဲ။ လူထုက စီးပွားရေးအဆင်ပြေနေရင် အဲဒီအရေးတော်ပုံဖြစ်လာမှာမူတ်ပါဘူး။ သေချာတာကတော့ ဒီမိုကရေစီကိုမသိတဲ့လူတွေများပါတယ်၊ အများစုကတော့ လက်ရှိအခြေအနေကို မကျေနပ်ကြလို့ အုံကြွခဲ့ကြတယ်လို့ထင်ပါတယ်။

၉၀ရွေးကောက်ပွဲဖြစ်လာတော့လဲ ဒီလိုသဘောထားမျိုးပါဘဲ။ အန်အယ်ဒီကို ၀ိုင်းပြီးမဲပေးခဲ့ကြတယ်။ အန်အယ်ဒီနိုင်ရင် ဒီမိုကရေစီရမယ်ဆိုတာထက် လက်ရှိ အခြေအနေ
ထက် ပိုကောင်းလာမယ်လို့ မျှော်လင့်ခဲ့ကြတာဘဲ ပိုဖြစ်နိုင်ပါတယ်။ ခုချိန်မှာတော့ လူထုက ဒီမိုကရေစီကို ပိုမိုသိရှိလာကြပြီ ဆိုပေမယ့်လဲ အဓိကလိုလားချက်ကတော့ ပျောက်ကွယ်မသွားပါဘူး။ ကျနော်လဲ ပြည်သူတယောက်အနေနဲ့ လိုလားချက်ကို ပြောရရင် နိုင်ငံစီးပွားရေး တိုးတက်လာစေချင်တယ်၊ သင့်တော်တဲ့အလုပ်အကိုင်တခု လိုချင်တယ်၊ မိသားစု အသိုင်းအ၀ိုင်းနဲ့ နေချင်တယ်၊၊ မီးမှန်စေချင်တယ်၊ (ဒီအထဲမှာ ဒီမိုကရေစီတခုမှမပါဘူး)၊ ဒီထက်ပိုပြီးမျှော်လင့်ရရင် အင်တာနက် မြန်စေချင်တယ်၊ ကိုယ်ပိုင်ကားစီးချင်တယ်၊ ကိုယ်ပိုင်အိမ်ယာနဲ့နေချင်တယ်၊ (ဒီအထိ ဒီမိုကရေစီမပါသေးဘူး)၊ ဒီထက်ပိုပြီးမျှော်လင့်ကြည့်ဦးမယ်၊ လွတ်လပ်စွာပြောဆိုရေးသွားခွင့်၊ ဆန္ဒပြခွင့်တွေလိုချင်တယ်၊ နိုင်ငံရေးသမားတွေကို ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေတွေကို ဖျက်သိမ်းချင်တယ်၊ လူ့အခွင့်အရေး အပြည့်အ၀လိုချင်တယ်၊ (ဒီတခါတော့ ဒီမိုကရေစီပါလာပြီ)၊ ၂၀၀၈အခြေခံဥပဒေမှာ တည်ဆဲဥပဒေတွေကို လွှတ်တော်ကနေ မဖျက်သိမ်းသရွေ့ အတည်ဖြစ်တယ် လို့ဆိုထားတော့  လွှတ်တော်မှာ ပြည်သူရဲ့ လွတ်လပ်ခွင့်တွေ အဟန့်အတားဖြစ်စေတဲ့ ဥပဒေတွေကို ဖျက်သိမ်း၊ သင့်တော်တဲ့ ဥပဒေတွေနဲ့ အစားထိုးရမှာက နိုင်ငံရေးပါတီတွေကြိုးစားဆောင်ရွက်သင့်တဲ့ ကိစ္စဖြစ်ပါတယ်။ နိုင်ငံအာဏာကိုရမှ ဒါတွေကိုလုပ်ခွင့်ရှိမယ်ဆိုတဲ့ အမြင်က အာဏာရှင် စံနစ်အောက်မှာ တသက်လုံး နေလာခဲ့ရလို့ဖြစ်ပေါ်လာတဲ့ သံသယစိတ်တွေပါ။ ဘောလုံးပွဲ တပွဲကစားရင် နိုင်မယ်ဆိုတာ သေချာမှ ကစားမယ်ဆိုတာ မဖြစ်သင့်ပါ။ ဒီဘက်မှာ မက်ဆီ၊ ရိုနာဒို၊ ရိုနာဒင်ဟို၊ အကောင်းဆုံး ဘောလုံးသမားတွေ ရှိနေပြီဘဲ၊ ဒိုင်လူကြီးဘယ်လောက်ဘဲညစ်ညစ် ၁၀ဂိုးသွင်းရင် ၂ဂိုးလောက်တော့ ရနိုင်ပါတယ်ဗျ။ ဟိုဘက်က လူချကစားမယ်၊ ဒိုင်ညစ်မယ်ဆိုရင် ပရိတ်သတ်တွေ ၀ိုင်းအော်ကြပါလိမ့်မယ်။ ကွင်းထဲမ၀င်ဘဲ သပိတ်မှောက်ရင် အရူံးပေးပြီးသား ဖြစ်နေမှာဘဲ။

ဗီယက်နမ်မှာ ကွန်မြူနစ်စံနစ်နဲ့ စီးပွားရေး အောင်မြင်နေတယ်။ ဒီမိုကရေစီ တောင်းဆိုသံတွေကို မကြားရတာ စီးပွားရေး အဆင်ပြေနေလို့လားဆိုတာ လေ့လာသင့်ပါတယ်။ ကျနော် ပြောချင်တာက ဒီမိုကရေစီ လွတ်လပ်မူ့တွေဆိုတာ အန္တိမရည်မှန်းချက်၊ လက်ရှိ အခြေအနေထက် ပိုမိုကောင်းမွန်လာဖို့ဆိုတာက လူထုရဲ့ လက်ငင်းလိုအပ်နေတဲ့အကျိုးစီးပွား။ ဒါကိုဒီမိုကရေစီ မဟုတ်ဘူးဆိုတိုင်း မပစ်မယ်သင့်ပါဘူး။ လောလောဆယ် အခြေအနေ မပေးသေးတဲ့အချိန်မှာ ကိုယ့်ရဲ့ရည်မှန်းချက်တွေကို ခေတ္တခဏ ချိုးနှိမ် ထားသင့်ပါတယ်။ ရွေးကောက်ပွဲ ၀င်ရင်လဲ စီးပွားရေးအခြေအနေတွေ သူ့အလိုအလျောက် ကောင်းလာမယ်လို့လဲ မမျှော်လင့်ပါဘူး။ ဒါပေမယ့် ပြည်သူကို ကိုယ်စားပြုတယ်ဆိုရင် ပြည်သူတွေုရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်ဖို့၊ ဥပဒေတွေကိုပြဌာန်းရာမှာ ပါဝင်နိုင်ဖို့အတွက် ရွေးကောက်ပွဲဝင်ဖို့လိုပါတယ်။ ရွေးကောက်ပွဲမှာအနိုင်ရခဲ့လို့ အစိုးရဖွဲ့နိုင်ခဲ့တယ်ဆိုရင် ဒီမိုကရေစီ၊ လူ့အခွင့်အရေးတွေကို အပြည့်အ၀ မဖန်တီးနိုင်တောင်မှ နိုင်ငံကို ပြန်လည်ထူထောင်ဖို့ အခွင့်အလမ်းတွေ ရှိပါတယ်။ မဲလိမ်ခံရနိုင်လို့ ရွေး