Transparency Myanmar

transparency.myanmar@gmail.com

Yahoo News, 23rd July 2010

မြောက်ကိုးရီးယား စစ်တပ်မှ အရာရှိများနှင့် အမေရိကန် ဦးဆောင်သော ကုလသမဂ္ဂ ကွပ်ကဲမှု အဖွဲ့တို့သည် ပြုံးယမ်းအား အပြစ်တင်ထားသော တောင်ကိုးရီးယား စစ်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ သောကြာနေ့က တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ပြီးခဲ့သည့် မတ်လ မြောက်ကိုးရီးယား စစ်သင်္ဘော နစ်မြုပ်မှုသည် မြောက်ကိုးရီးယား ရေငုပ်သင်္ဘောမှ ပစ်ခတ်သော တော်ပီဒိုကြောင့်ဟု နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး အဖွဲ့က မေလက သုံးသပ်ခဲ့သည်။ သို့သော် မြောက်ကိုးရီးယားက ငြင်းဆန်ခဲ့ပြီး၊ ၎င်းအား ဒဏ်ခတ်ခဲ့လျှင် စစ်ခင်းမည် ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့သည်။ တိုအရေးကိစ္စသည် ကိုးရီးယား ကျွန်းဆွယ်တွင် တင်းမာမှုများ ဖြစ်စေပြီး မြောက်ကိုးရီးယားကို ၎င်း၏ နျူကလီယာ အစီအစဉ်များ ကိစ္စဆွေးနွေးရန် ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ ပြန်ခေါ်ရန် ကြိုးပမ်းမှုတွင် ပိုမို ရှုပ်ထွေးစေသည်။

ကုလသမဂ္ဂ ကွပ်ကဲရေး အဖွဲ့သည် ကိုးရီးယား စစ်ပွဲပြီးဆုံးရန် အပစ်အခတ် ရပ်စဲရေးကို ကြီးကြပ် ကွပ်ကဲသော အဖွဲ့ ဖြစ်သည်။ ယခု မြောက်ကိုးရီးယား စစ်တပ်မှ ဗိုလ်မှူးကြီး အဆင့်ရှိသူများနှင့် ကုလသမဂ္ဂ ကွပ်ကဲရေး အဖွဲ့တို့ ကိုးရီးယားနှစ်နိုင်ငံ နယ်စပ် စစ်တပ် ကင်းမဲ့ဇုန်ရှိ Panmunjom တွင်တွေ့ဆုံရာတွင် သတင်း ကြေညာချက် ထုတ်ပြန်နိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။

ပထမအကြိမ် တွေ့ဆုံစဉ် မည်သည့် တိုးတက်မှုမျှ မရရှိခဲ့ပဲ မြောက်ကိုးရီးယားက ၎င်းတို့ကိုယ်တိုင် သင်္ဘော နစ်မြုပ်မှုအား စစ်ဆေးခွင့်ကို ပြန်လည် တောင်းဆိုခဲ့သည်။

ကုလသမဂ္ဂ ကွပ်ကဲရေးအဖွဲ့က ပြောကြားရာတွင် ကြာသပတေးနေ့က ထုတ်ပြန်သော သတင်း ထုတ်ပြန်ချက်တွင် နှစ်ဖက် စလုံးသည် ဗိုလ်ချုပ်အဆင့် တွေ့ဆုံမှုများအတွက် ရက်၊ အကြောင်းအရာနှင့် ဆက်ဆံရေးများ အသေးစိတ်ကို ဆွေးနွေးမည်ဟု ဆိုသည်။

ယခု အစည်းအဝေးနှင့် တစ်ချိန်တည်းမှာပင် တောင်ကိုးရီးယားနှင့် အမေရိကန်တို့သည် မြောက်ကိုးရီးယားနှင့် တရုတ်တို့က ဆန့်ကျင်နေသည့် ကြားမှ ပူးတွဲ စစ်ရေး လေ့ကျင့်မှု ပြုလုပ်ရန် ပြင်ဆင်နေသည်။

ပူးတွဲ စစ်ရေး လေ့ကျင့်မှုကို တနင်္ဂနွေနေ့မှ ဗုဒ္ဓဟူးနေ့ အထိ ပြုလုပ်မည် ဖြစ်ရာ အမေရိကန်နှင့် တောင်ကိုးရီးယား စစ်သား (၈၀၀၀) ခန့်နှင့် အတူ သင်္ဘောနှင့် ရေငုပ်သင်္ဘော အစီး (၂၀)၊ တိုက်လေယာဉ် အစီး (၂၀၀)၊ လေယာဉ်တင် သင်္ဘော USS ဂျော့ဝါရှင်တန်နှင့် အမေရိကန် လေတပ် F-22 တိုက်လေယာဉ်များ ပါဝင်မည် ဖြစ်သည်။

အမေရိကန်နှင့် တောင်ကိုးရီးယားတို့၏ စစ်ရေး လေ့ကျင့်မှုမှာ မြောက်ကိုးရီးယားကို တိုက်ခိုက်ရန် ပြင်ဆင်ခြင်း ဖြစ်ကြောင်း ပြုံးယမ်းက စွပ်စွဲခဲ့သည်။ ဝါရှင်တန်နှင့် ဆိုးလ်တို့ကမူ ယခု လေ့ကျင့်မှုမှာ ကာကွယ်ရေးအတွက် သက်သက်သာ ဖြစ်ပြီး၊ မြောက်ကိုးရီးယားကို ကျူးကျော်ရန် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

အမေရိကန်သည် ကိုးရီးယား စစ်ပွဲ၏ အမွေအဖြစ် တောင်ကိုးရီးယားတွင် စစ်သား (၂၈၅၀၀) တပ်စွဲထားသည်။ ကိုးရီးယား စစ်ပွဲသည် ငြိမ်းချမ်းရေး စာချုပ် မရှိဘဲ အပစ်အခတ် ရပ်ရန် သဘော တူညီချက်ဖြင့်သာ ရပ်ဆိုင်းသွားခဲ့ရာ၊ ဥပဒေကြောင်းအရ ကြည့်လျှင် စစ်ပွဲမှာ မပြီးဆုံးသေးဟု ဆိုနိုင်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment