Transparency Myanmar

transparency.myanmar@gmail.com

ကချင်ပြည်နယ် နောချမ်းခ (Ngawchanka) မြစ်တွင် လျှပ်စစ်ဓာတ်အား ၁၀၅၅ မီဂါဝပ် ထွက်ရှိမည့် ရေအားလျှပ်စစ် စက်ရုံတစ်ခု တည်ဆောက်ရန် မြန်မာနှင့် တရုတ် နိုင်ငံတို့မှ နိုင်ငံပိုင် ကုမ္ပဏီကြီးများ သဘော တူညီချက် စာချုပ် လက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း ဇူလိုင်လ ၂၅ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများက ဆိုသည်။

မြန်မာနိုင်ငံ မြို့တော်သစ် နေပြည်တော်တွင် ဇူလိုင်လ ၁၄ ရက်နေ့က ကျင်းပ ပြုလုပ်သော အဆိုပါ သဘော တူညီချက် လက်မှတ် ရေးထိုးခြင်း အခမ်းအနားသို့ အမှတ်(၁) လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန ဝန်ကြီး ဦးဇော်မင်းနှင့် Yunnan Provincial Investment Group Co.,Ltd မှ ဥက္ကဋ္ဌ မစ္စတာ Bao Minghu တို့ တက်ရောက် ကြကြောင်း New Light of Myanmar သတင်းစာက ရေးသားသည်။

အဆိုပါ စီမံကိန်းကို တရုတ်နိုင်ငံမှ YPIC International Energy Cooperation & Development Co., Ltd နှင့် မြန်မာနိုင်ငံမှ International Group of Entrepreneurs Company တို့က နော်ချမ်းခ မြစ်ပေါ်တွင် အဆင့် ၅ ဆင့်ဖြင့် အကောင်အထည်ဖော် တည်ဆောက်မည် ဖြစ်သည်။

နော်ချမ်းခ ရေအား လျှပ်စစ် စီမံကိန်းမှ ထွက်ရှိမည့် လျှပ်စစ် ဓာတ်အားများကို အိမ်နီးချင်း တရုတ်နိုင်ငံ တောင်ပိုင်း၊ ယူနန်ပြည်နယ်သို့ ပေးပို့ ရောင်းချမည်ဟု မျှော်လင့်ရသည်။

Monster Sand Critics မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment