Transparency Myanmar

transparency.myanmar@gmail.com

Bangkok Post, 27th July 2010

မြန်မာနိုင်ငံက နယ်စပ် ဖြတ်ကျော်မှုအား ဆက်လက် ပိတ်ထားရန် ပြောခဲ့ပြီးနောက် သောကြာနေ့က ထိုင်းနှင့်မြန်မာ တို့သည် မဲဆောက်တွင် နယ်စပ် ပြန်လည် ဖွင်လှစ်ရေး အတွက် ဆက်လက် စကားပြောကြသည်။

ကူးသန်း ရောင်းဝယ်ရေး၊ ဒုဝန်ကြီး Alongkorn Ponlaboot က ထိုင်း အရပ်ဖက် ဝန်ထမ်းများနှင့် စီးပွားရေး သမားများ ပါဝင်သော အဖွဲ့ကို ဦးဆောင်ပြီး မြန်မာနိုင်ငံမှ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမောင်မြင့်နှင့် မဲဆောက် တစ်ဖက်ကမ်း မြဝတီတွင် ယမန်နေ့က တွေ့ဆုံခဲ့ကြသည်။

မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံက Ban Tha At တွင် သောင်ရင်းမြစ်အား ကမ်းပါးနံရံ တည်ဆောက်မှုကြောင့် နယ်စပ် စစ်ဆေးရေး စခန်းကို ဇူလိုင်က ၁၈ ရက်နေ့က စ၍ ပိတ်ထားခဲ့သည်။

ထိုသို့ တည်ဆောက်မှုသည် နယ်စပ်မျဉ်းကို ထိခိုက်မှု ရှိကြောင်း ပြောသည်။ အဆိုပါ လုပ်ငန်းကို ဆန့်ကျင်မှု ကိုးခုကို သီးခြားစီ ပြုလုပ်ခဲ့သည်။

ယမန်နေ့က ဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံက မြန်မာနိုင်ငံကို သောင်ရင်းမြစ် ကိစ္စနှင့် နှစ်နိုင်ငံ စီးပွားရေး ကိစ္စကို သီးခြားခွဲ၍ မြင်စေရန် မျှော်လင့်လျက် ရှိသည်။

နှစ်နာရီကြာ တွေ့ဆုံ ဆွေးနွေးမှုတွင် မြန်မာနိုင်ငံက နယ်စပ်ကို ဆက်လက်၍ ပိတ်ထားဦးမည် ဖြစ်ကြောင်း ပြောခဲ့သည်ဟု Alongkorn က ပြောသည်။

နှစ်နိုင်ငံသည် သောကြာနေ့က တွေ့ဆုံပြီး၊ ယခုကိစ္စကို နှစ်နိုင်ငံ ပူးတွဲ နယ်ခြား ကော်မတီတွင် ဆွေးနွေးမည် ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment