Transparency Myanmar

transparency.myanmar@gmail.com

UPI, 23rd July 2010

မြန်မာနိုင်ငံ စစ်အစိုးရ အပေါ် အရေးယူမှုများ သက်တမ်း တိုးခဲ့မှုမှာ ၎င်း၏ လူ့အခွင့်အရေး လုပ်ဆောင်မှုများကြောင့် အံ့သြစရာ မဖြစ်ရကြောင်း အမေရိကန် ဆီနိတ်တာ Dianne Finstein က ပြောကြားခဲ့သည်။

အမေရိကန် ဆီးနိတ်သည် Feinstein ၊  D-Calit နှင့် Milch McConnell တို့ စပွန်ဆာဖြင့် ရေးဆွဲသော ဥပဒေကို အတည်ပြုပေးခဲ့သည်။ အဆိုပါ ဥပဒေတွင် မြန်မာ စစ်အစိုးရ အပေါ် အရေးယူမှု သက်တမ်း တိုးရန် ဖြစ်သည်။

ဆီးနိတ်သည် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ဆက်လက် ချိုးဖောက်နေမှုများနှင့် ဒီမိုကရေစီ အုပ်ချုပ်ရေး ဖြစ်ပေါ်မှုကို ကန့်သတ်မှုများ ပြုလုပ်နေမှုများကြောင့် အရေးယူမှုများကို သက်တမ်းတိုးရန် မဲပေးခဲ့သည်။ အမေရိကန် အောက်လွှတ်တော်က အဆိုပါ ကိစ္စကို လေဖြင့် ဆုံးဖြတ်ခွင့် ပြုခဲ့သည်။

အဆိုပါ အရေးယူမှုတွင် မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများ အမေရိကန်သို့ တင်သွင်းရန် ပိတ်ပင်ထားပြီး၊ စစ်အစိုးရကို ဗီဇာ ကန့်သတ်မှုများ ပြုလုပ်ထားသည်။

"ယခု ပြုလုပ်မှုသည် မြန်မာ စစ်အစိုးရအား ၎င်းတို့၏ တရားမဝင်သော အခြေခံ ဥပဒေနှင့် ရွေးကောက်ပွဲ ဥပဒေဖြင့် မြန်မာ ပြည်သူများ၏ ဒီမိုကရေစီ ဆန္ဒပြင်းပြမှုများကို ဖိနှိပ်၍ မရနိုင်ကြောင်း ရှင်းရှင်းလင်းလင်း ပြသလိုက်ခြင်းပင် ဖြစ်ပါသည်" ဟု ကယ်လီဖိုးနီးယား ဒီမိုကရက် အမတ်က ကြေညာချက်တွင် ဖြော်ပထားသည်။

Feinstein သည် မြန်မာနိုင်ငံနှင့် ပတ်သက်သော ဆီးနိတ် အမျိုးသမီး လုပ်ငန်း ကော်မတီ ပူးတွဲ ဥက္ကဋ္ဌ ဖြစ်သည်။

နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက် ဖမ်းဆီး ထိန်းသိမ်းထားမှုကြောင့် မြန်မာနိုင်ငံကို အားလုံးက စောင့်ကြည့်လျက် ရှိသည်။

မတရား ဖမ်းဆီးမှုများ အတွက် ကုလသမဂ္ဂ လုပ်ငန်း အဖွဲ့ကလည်း သူမအား ထိန်းသိမ်းထားမှုမှာ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ယုံကြည်သည်ဟု ပြောကြားခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment