Transparency Myanmar

transparency.myanmar@gmail.com

မန္တလေးဘားကမ့် ၂၀၁၁ ကျင်းပ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

မန္တလေးဘားကမ့်အမည်ဖြင့် ဖေဖော်ဝါရီလ ၁၂ရက်နေ့နှင့် ၁၃ရက်နေ့ထိ နှစ်ရက်တိတိ ကျင်းပမည့် အိုင်တီအပါ အဝင်အခြား နည်းပညာဆိုင်ရာဖလှယ်ပွဲကို မန္တလေးမြို့ ဘူတာကြီးအနီးရှိ ပုပ္ပါးဟိုတယ်တွင် ပထမဆုံးနေ့အဖြစ် နံနက် ၉ နာရီမှ ညနေငါးနာရီအထိ စတင်ကျင်းပခဲ့ရာ နယ်ပယ်အသီးသီးမှ ပညာရှင်များနှင့် စိတ်ပါဝင်စားသူ အများအပြား တက် ရောက်ခဲ့ကြကြောင်းသိရသည်။ 
          
ပထမဦးဆုံးနေ့ ဆွေးနွေးပွဲများအဖြစ် အခန်းအသီးသီးတွင် ခေါင်းစဉ်အသီးသီးဖြင့်ဟောပြောခဲ့ကြပြီး တက်ရောက် လာကြသူများကို ဘားကမ့်အထိမ်းအမှတ် တီရှပ်၊ ဘောပင်နှင့် မှတ်စုစာအုပ်များဝေငှခဲ့ကြသည်။ 
         
အိုင်တီကဏ္ဍကို အဓိကထား၍ ကျယ်ပြန့်စွာဆွေးနွေးခဲ့ကြပြီး ပြင်သစ်နိုင်ငံမှ ပညာရှင်တစ်ဦးက ကွန်ပျူတာနည်း ပညာ Operation Sysen (OS) တစ်ခုကို မိတ်ဆက်ပြသသည့်အနေဖြင့် လက်ပ်တော့ပါလာသူတိုင်းကို အခမဲ့ထည့်သွင်း ပေးသည့်အပြင် စမ်းသပ်သုံးစွဲလိုသူ များကိုလည်း ဒီဗွီဒီတစ်ချပ် လက်ဆောင်အဖြစ်ဝေငှပေခဲ့သည်။ 
       
မနလေးဘားကမ့်ကို မူလက အင်းဝဟိုတယ်တွင်ကျင်းပရန် စီစဉ်ထားသော်လည်း မြို့ထဲရှိ ပုပ္ပါးဟိုတယ်တွင် ပြောင်းလဲ ကျင်းပခဲ့ရာ နေရာအခက်အခဲကြောင့် လမ်းမကြီးပေါ်အထိ ဆိုင်ကယ်များ၊ ကားများ ပြည့်နှက်ကာ ယာဉ်ကြော ပိတ်ဆို့မှုများလည်းဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။ 

_______________________________________________________________________

ကျပ်ငါးသိန်းတန် ဂျီအက်စ်အမ် ဖုန်းများအား စတင် လျှောက်ထားခွင့်ပြု

ဖေဖော်ဝါရီလ ၁၃

      ကျပ်ငါးသိန်းတန် ဂျီအက်စ်အမ် ဖုန်းများအား ဖေဖော်ဝါရီလ ၁၄ ရက်နေ့ (တနင်္လာနေ့)ကစပြီး အများပြည်သူကို စတင် လျှောက်ထားခွင့် ပြုလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

      လျောက်လွှာကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(ရွှေဂုံတိုင်ရုံး)တွင် လက်ခံသွားမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီး နှင့် ပြည်နယ်ဒေသ အသီးသီးရှိ မြန်မာ့ဆက်သွယ်ရေး ရုံးများတွင်လည်း လက်ခံဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရ သည်။

      ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်းများကို မူလက ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် ချပေးရန် စီစဉ်ခဲ့သော်လည်း ရွှေ့ဆိုင်း ခဲ့ပြီး ယခုလ ၁၄ ရက်နေ့တွင် အမှန်တကယ် လျှောက်လွှာတင်ခွင့်ပေးမည် ဖြစ်ကြောင်းလည်း အဆိုပါ တာဝန်ရှိသူတစ် ဦးက ပြောကြားသည်။

      ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်းများ၏ ဖုန်းခေါ်ဆိုခ နှုန်းထားမှာ တစ်မိနစ်လျှင် ကျပ် ၅၀ ဖြစ်ပြီး တစ်ခါသုံး ငွေဖြည့် ကတ် ကျပ်တစ်သောင်း၊ ကျပ် နှစ်သောင်းနှင့် ကျပ်ငါးသောင်း ကတ်များကို ရောင်းချသွားမည် ဖြစ်ပြီး ယခင် ဂျီအက်အမ် ဖုန်း များ ကဲ့သို့ပင် မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၂၆ မြို့နယ်၌ ကိုင်ဆောင်သုံးစွဲနိုင်မည် ဖြစ်ကြောင်း သိရသည်။

(အထက်ပါ သတင်းများကို ရွှေပြည်တော် ဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ ခရော်နီကယ် ပရိတ်သတ်များအတွက် သတင်းများနှင့် ဆောင်းပါးများကို အချိန်ပေးဖတ်ရှုရသည့်အလျှောက် ပေးရသည့်အချိန်နှင့် ထိုက်တန်သည့် ရလဒ် တခုခုကို ရရှိကျေနပ်စေရန် ရည်ရွယ်၍ ထပ်ဆင့်ဖော်ပြပေးခြင်းသာ ဖြစ်ပြီး ပေးပို့သည့် သတင်းများ၊ ဆောင်းပါးများ အားလုံးသည် yangon chronicle ၏ အာဘော်(လုံးဝ) မဟုတ်ပါကြောင်းအသိပေး ဖော်ပြအပ်ပါသည်။)


_______________________________________________________________________

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment