Transparency Myanmar

transparency.myanmar@gmail.com

(The Straits Times မှ 12 February 2011 ရက်စွဲပါ "Philippines Hails People Power in Egypt" ကို ဘာသာ ပြန်ဆိုသည်)

အီဂျစ် နိုင်ငံမှ ငြိမ်းချမ်းစွာ ဖြေရှင်းမှုကို ၁၉၈၆ ခုနှစ်က ဖိလစ်ပိုင် အာဏာရှင်ကို ဖယ်ရှားခဲ့သည့် ပြည်သူ့အာဏာ တော်လှန်ရေးနှင့် နှိုင်းယှဉ်ကာ ဖိလစ်ပိုင် သမ္မတ ဘီနစ်နို အကွီနိုက စနေနေ့တွင် ချီးကျူး ပြောဆိုလိုက်သည်။

အာဏာရှင် သမ္မတ မူဘာရက် နုတ်ထွက် အပြီးတွင် ဖိလစ်ပိုင် သမ္မတက "ဖိလစ်ပိုင် လူမျိုးတို့သည် စစ်မှန်သော၊ ငြိမ်းချမ်းသော ပြောင်းလဲမှုကို ကြိုးပမ်းနေသည့် အီဂျစ် လူမျိုးများနှင့် တစ်သားတည်း ရှိနေသည်" ဟု ပြောကြားခဲ့သည်။

"ပိုမို လွတ်လပ်သော၊ မျှတတဲ့ လူ့အဖွဲ့အစည်း ဖြစ်ပေါ်ဖို့ ဆန္ဒ ပြင်းပြမှုတွေဟာ အမြဲတမ်း မှန်ကန်တယ် ဆိုတာကို အီဂျစ် ပြည်သူတွေရဲ့ အာဏာ လွှဲပြောင်းမှုက ပြသနေပါတယ်၊ ၁၉၈၆ ခုနှစ်တုန်းက ဖိလစ်ပိုင်တွေ လုပ်ခဲ့ကြ သလိုပဲ အီဂျစ်တွေ ဟာလည်း သူတို့ရဲ့ မူ၊ ဘောင်၊ အဖွဲ့အစည်း၊ အင်စတီ ကျူးရှင်းတွေ ပြန်လည် တည်ဆောက်မှုကို အခု စတင်ကြတော့မှာပါ" ဟု အကွီနိုက ဆိုသည်။

ဖိလစ်ပိုင် အာဏာရှင် ဖာဒီနန် မားကို့စ် ပြည်ပသို့ ထွက်ပြေးရအောင် ဖိအားပေးရန် သန်းနှင့် ချီသော ဆန္ဒပြသူများ လမ်းလုံးပြည့် ထွက်လာခဲ့သည့် ၁၉၈၆ ခုနှစ်က သွေးစွန်း လုနီးပါး နာမည်ကြီး တော်လှန်ရေးကို သမ္မတ အကွီနိုက ရည်ညွှန်း ကိုးသား ပြောကြားခြင်း ဖြစ်သည်။

အဆိုပါ တော်လှန်ရေးတွင် ယခု သမ္မတ အကွီနို၏ မိခင် ဖြစ်သူ ဒီမိုကရေစီ ခေါင်းဆောင် ကိုရာဇန် အကွီနိုကို ပြည်သူ့ အာဏာဖြင့် ခေါင်းဆောင် တင်မြှောက်ကာ ၁၄ နှစ်ကြာ တစ်ဦးတည်း အာဏာရှင် အုပ်စိုးခဲ့သည့် ဖိလစ်ပိုင် နိုင်ငံကို ဒီမိုကရေစီ စနစ်ဖြင့် ပြန်လည် တည်ဆောက် ခဲ့ကြသည်။

ဖိလစ်ပိုင် နိုင်ငံ၏ အဓိက မွတ်စလင် လက်နက်ကိုင် အုပ်စု Moro Islamic Liberation Front (MILF) ကလည်း ၎င်းတို့၏ တရားဝက် ဝက်ဘ်ဆိုက်တွင် ဖော်ပြသော ကြေညာချက်တွင် "မူဘာရက် နုတ်ထွက်သွားခြင်း" ကို ထောက်ခံ ကြိုဆိုခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment