Transparency Myanmar

transparency.myanmar@gmail.com

ငါးသိန်းတန် ဖုန်းများ မိုဘိုင်းဖုန်းကုတ်သို့ ပြောင်းမည့် ရက် ပြောင်းလဲသတ်မှတ်

ဖေဖော်ဝါရီ ၁၄

ရန်ကုန်နှင့် မန္တလေး တိုင်းဒေသကြီးမြို့များတွင် သုံးစွဲနေကြသည့် CDMA (800MHz) WLL ကြိုးမဲ့အော်တိုဖုန်း ၀၁ ၇၃xxxxxx နှင့် ၀၂ ၉၁xxxxxx များကို မိုဘိုင်းဖုန်းကုတ် ပြောင်းလဲပေးမည့်ရက်ကို ယခင် ကြေညာထားသည့် ဖေဖော် ဝါရီ ၁၅ ရက်အစား ဖေဖော်ဝါရီ ၂၀ရက်သို့ ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းအနေနှင့် ၎င်းဖုန်းတွေကို ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် မိုဘိုင်း ဖုန်းကုတ်ပြောင်း ပေးမည်ဟု ကြေညာထားခဲ့သည်။ CDMA (800MHz) WLL (၀၁ ၇၃xxxxxx) နှင့် (၀၂ ၉၁xxxxxx) ဖုန်း သုံးစွဲသူများအနေ နှင့် ၀၁/၀၂ ဧရိယာ ကုတ်ကနေ ၀၉ မိုဘိုင်းကုတ် ပြောင်းလဲသွားပါက ဂျီအက်စ်အမ်၊ စီဒီအမ်အေ(450MHz) မိုဘိုင်းဖုန်း များကဲ့သို့  ခေါ်ဆိုမှုကိုပါ ပြောင်းလဲပေးရမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ခေါ်ဆိုမှု ပြောင်းလဲသွားသည် ဆိုရာတွင်လည်း လက်ရှိ မိုဘိုင်းဖုန်းများကဲ့သို့ မိုဘိုင်းဖုန်း အချင်းချင်း ခေါ်ဆိုသည့် အခါ ၀၉ ခံခေါ်ရန် မလိုတော့သကဲ့သို့ အော်တိုဖုန်းများသို့ခေါ်ရာတွင်လည်း သက်ဆိုင်ရာ ဧရိယာကုတ် (ဥပမာ - ၀၁ ၅၁xxxx ၊ ၀၂ ၇၈xxx) ခံပြီးမှ ခေါ်ဆိုရမည် ဖြစ်သည်။ မိုဘိုင်းဖုန်းကုတ် ၀၉ အဖြစ် ပြောင်းလဲသွားသည့်အခါ ဖုန်းခေါ်ဆိုခ နှုန်းထားများကို မိုဘိုင်းဖုန်း ခေါ်ဆိုခ နှုန်းထားအတိုင်း ပြောင်းလဲကောက်ခံမည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
Spectator News

 

လမ်းစည်းကမ်းကို မက်စ်ဝဲလ် (McWiLL) နည်းပညာသုံး ဗဟိုထိန်းချုပ်စနစ်ဖြင့် ဆောင်ရွက်တော့မည်
ဖေဖော်ဝါရီ ၁၄

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးနှင့် လုံခြုံချောမွေ့စေရန် အတွက် မက်စ်ဝဲလ် (McWiLL) နည်းပညာသုံး ဗဟိုထိန်းချုပ်မှုစနစ် (Central Command Center) ကို အသုံးပြုရန် အဆင်သင့်ဖြစ်နေပြီဟု လုံခြုံရေးနှင့်ဆက်သွယ်ရေးကို အဓိက ဝန်ဆောင်မှု ပေးနေသည့် FISCA (ဖစ်စကာ) ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဲဒီအတွက် အဆင်သင့်ဖြစ်အောင် ယခုနှစ်အတွင်း မီးပွိုင့် အခု ၃၀ မှာ ကင်မရာတွေ ဆက်လက် တပ်ဆင်သွား မည်ဟုလည်း သိရသည်။ ဗဟိုထိန်းချုပ်မှုစနစ်(Central Command Center)ကို ပြည်လမ်းနဲ့ ဦးဝိစာရလမ်းကြား ဟံသာဝ တီ အဝိုင်းအနီးမှာ ဆောင်ရွက်ဖို့ လျာထားသည်ဟုလည်းလည်း သိရသည်။ အဆိုပါနေရာကနေ ၅ မိုင်ပတ်လည်အတွင်းရှိ သည့် မီးပွိုင့် ၁၁၈ ပွိုင့်ကို ထိန်းချုပ်ခန်းကနေ မပြတ်စောင့်ကြည့်နေနိုင်သည့်အပြင် အရေးပေါ်အခြေအနေ၌ ပုံကြီးချဲ့ကြည့် လို့ရသည့် နည်းပညာမျိုး ဖြစ်သည်ဟု သိရသည်။

ထို့အပြင် FM (Frequency Modulation) စနစ်နှင့် အသံချဲ့စက် (Speaker) များ တပ်ဆင်အသုံးပြု ကွပ်ကဲနိုင် သည့်အထိ ဆောင်ရွက်နိုင်မည်ဟု ဆိုသည်။

e police (အီလက်ထရွန်နစ် နည်းပညာသုံး ကွပ်ကဲမှု) ကို ဆောင်ရွက်နိုင်ရန်အတွက် FISCA (ဖစ်စကာ) ကုမ္ပဏီ အနေနှင့် ယာဉ်အသွားအလာ ထူထပ်တဲ့ ရွှေဂုံတိုင်(၁)၊ ရွှေဂုံတိုင်(၂)၊ မင်္ဂလာဈေး၊ ဘုရင့်နောင် မီးပွိုင့် လေးနေရာများတွင် လွန်ခဲ့သည့်  ၂ နှစ် ၂၀၀၉ခုနှစ်တည်းက စမ်းသပ် ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

ပြစ်မှုများနှင့် ပတ်သက်၍ တပ်ဆင်ထားသည့် ကင်မရာများကရသည့် ဓာတ်ပုံများတွင် ပြစ်မှုကျူးလွန်သည့် အချိန် နှင့် ရက်စွဲ၊ သတ်မှတ်မြန်နှုန်း၊ ကားနံပါတ်နှင့် နေရာအတိအကျကို ဖော်ပြပေးနိုင်သည့်အတွက် ပြစ်မှုကျူးလွန်သူများအနေ နှင့်  အငြင်းပွား၍ မရနိုင်ဟု သိရသည်။

Spectator News

(အထက်ပါ သတင်းများကို ရွှေပြည်တော် ဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ ခရော်နီကယ် ပရိတ်သတ်များအတွက် သတင်းများနှင့် ဆောင်းပါးများကိုအချိန်ပေးဖတ်ရှုရ သည့်အလျှောက် ပေးရသည့်အချိန်နှင့် ထိုက်တန်သည့် ရလဒ် တခုခုကိုရရှိကျေနပ်စေရန် ရည်ရွယ်၍ ထပ်ဆင့်ဖော်ပြပေးခြင်းသာဖြစ်ပြီး ပေးပို့သည့် သတင်းများ၊ ဆောင်းပါးများ အားလုံးသည် yangon chronicle ၏ အာဘော်(လုံးဝ)မဟုတ်ပါ ကြောင်း အသိပေး ဖော်ပြအပ်ပါသည်။)

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment