Transparency Myanmar

transparency.myanmar@gmail.com

(AFP သတင်းဌာနမှ 12 February 2011 ရက်စွဲပါ "Australian Newspaper Boss Arrested in Myanmar" ကို ဘာသာ ပြန်ဆိုသည်)

မြန်မာ နိုင်ငံတွင် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုဖြင့် ထုတ်ဝေသည့် တစ်ခုတည်းသော သတင်းစာစောင်၏ ဩစတြေးလျ လူမျိုး အကြီးအကဲသည် ၎င်း၏ မီဒီယာ အုပ်စုအတွင်း အာဏာ လွန်ဆွဲမှု ဖြစ်ပေါ်နေကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ရန်ကုန်မြို့တွင် ဖမ်းဆီးခြင်း ခံရသည်ဟု တာဝန် ရှိသူ တစ်ဦးက စနေနေ့တွင် ပြောကြားသည်။

သတင်းစာ လွတ်လပ်ခွင့် အပေါ် ဖိနှိပ်မှုကြောင့် ပြင်းထန်စွာ ဝေဖန်ခြင်း ခံနေရသည့် မြန်မာ နိုင်ငံတွင် မြန်မာ တိုင်းမ် ဂျာနယ်ကို ၂၀၀၀ ခုနှစ်က ပူးတွဲ တည်ထောင်သူ Ross Dunkley သည် ထိုင်းနိုင်ငံမှ မြန်မာ နိုင်ငံသို့ ပြန်လည် ရောက်ရှိစဉ် ကြာသပတေးနေ့က ဖမ်းဆီး ခံရခြင်း ဖြစ်သည်ဟု မြန်မာ တာဝန် ရှိသူက ဆိုသည်။

"ဒီကိစ္စက သူ့ရဲ့ မီဒီယာ အုပ်စုနဲ့  မပတ်သက်ပါဘူး" ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက် ပြောကြားသည်။

အင်္ဂလိပ် ဘာသာ နှင့် မြန်မာ ဘာသာ နှစ်မျိုး အပတ်စဉ် ထုတ်ဝေသည့် မြန်မာ တိုင်းမ် ဂျာနယ်ကို ပိုင်ဆိုင်သော Myanmar Consolidated Media (MCM) အုပ်စုတွင် အဓိက ပါဝါ လွန်ဆွဲမှု  ဖြစ်ပေါ် နေသည်ဟု ပြည်ပရောက် ဧရာဝတီ သတင်းဌာနက သတင်း ဖော်ပြ ခဲ့သည်။

ရှယ်ယာ ၅၁% ပိုင်ဆိုင်သည့် ဒေါက်တာ တင်ထွန်းဦးက အယ်ဒီတာ ပါဝါ ချုပ်ကိုင်ရန် ကြိုးပမ်းမှုကို ရှယ်ယာ ၄၉% ပိုင်ဆိုင်သည့် Dunkley က ဖယ်ရှားရန် ကြိုးစား ခဲ့ခြင်း ဖြစ်သည်ဟု ကြားသိရသည်။

မီဒီယာ အုပ်စု၏ အတွင်းရေးကို စစ်ဖက် အစိုးရက အချိန် မရွေး ကြားဝင် စွက်ဖက်နိုင် သောကြောင့် ဒေါက်တာ တင်ထွန်းဦးသာလျှင် အောင်ပွဲ ခံနိုင်ဖွယ် ရှိသည်ဟု သတင်းပေးများက ပြောကြားကြောင်း ဧရာဝတီက ဇန်နဝါရီလတွင် ဖော်ပြခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment