Transparency Myanmar

transparency.myanmar@gmail.com

(The Strait Times မှ 11 Feb 2011 ရက်စွဲပါ "Chinese hackers target oil companies" သတင်းကို ဘာသာ ပြန်ဆိုသည်။)

တရုတ်နိုင်ငံမှ ဟက်ကာများက ကမ္ဘာ့ရေနံ ကုမ္ပဏီကြီးများ၏ ကွန်ပြူတာ ကွန်ယက်များကို ထိုးဖောက်ကာ လေလံ အစီအစဉ်များနှင့် ပတ်သတ်သည့် ဘဏ္ဍာရေး အချက်အလက်များနှင့် အခြား ကန့်သတ် ထားသော သတင်း အချက်အလက်များကို ခိုးယူနေသည်ဟု အမေရိကန် ကွန်ပြူတာ လုံခြုံရေး ကုမ္ပဏီက ကြာသပတေးနေ့ တွင် ပြောကြားလိုက်သည်။

"၂၀၀၉ နိုဝင်ဘာလက စပြီး ကမ္ဘာ့ရေနံ စွမ်းအင်နှင့် ရေနံဓါတု ကုမ္ပဏီကြီးတွေကို ပစ်မှတ်ထားတဲ့ ဆိုက်ဘာ တိုက်ခိုက်မှုတွေ၊ လျှို့ဝှက် ပူးပေါင်း ကြံစည်မှုတွေ ပေါ်ပေါက်လာခဲ့တာပါ" ဟု ကယ်လီဖိုးနီးယား အခြစိုက် Mc Afee ၏ အစီရင်ခံစာက ဆိုသည်။

"ဟက်ကာတွေက ကုမ္ပဏီ ကွန်ပြူတာတွေကို တိုက်ခိုက်ခဲ့တဲ့ အပြင် ကုမ္ပဏီပိုင် အထူး ကန့်သတ် သတင်း အချက်အလက်တွေကို ရရှိဖို့ အတွက် ကာဇက်စတန်၊ ထိုင်ဝမ်၊ ဂရိနဲ့ အမေရိကန် ပြည်ထောင်စုက အမှုဆောင် အရာရှိတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ တစ်ဦးချင်း အသုံးပြုတဲ့ ကိုယ်ပိုင် ကွန်ပြူတာတွေကိုပါ တိုက်ခိုက်ခဲ့ကြတာပါ" ဟု Mc Afee က ပြောကြားသည်။

"လုပ်ကိုင် အောင်မြင်နေတဲ့ ရေနံ ဓါတ်ငွေ့သိုက် ထုတ်လုပ်မှု စနစ်တွေနဲ့ ပတ်သတ်တဲ့ ဖိုင်တွေ၊ ရေနံဓါတ်ငွေ့သိုက် ရှာဖွေမှု၊ ကန်ထရိုက် လေလံချုပ်ဆိုမှုနဲ့ ပတ်သတ်တဲ့ ဘဏ္ဍာရေး အချက်အလက်တွေကို ဟက်ကာတွေက လိုချင်ကြတာပါ" ဟု ဆိုသည်။

မနှစ်က အမေရိကန်- တရုတ် စီးပွားရေးနှင့် လုံခြုံရေး ဆန်းစစ်မှု ကော်မရှင်၏ အစီရင်ခံစာတွင် "အမေရိကန် ကွန်ပြူတာစနစ်များ အပေါ် ကြီးကြီးမားမား တိုက်ခိုက်ခဲ့ကြသည်" ဟု စွပ်စွဲ ခံထားရသည့် တရုတ် ဟက်ကာများ၏ ယခု စက်မှုလုပ်ငန်း သူလျှို လုပ်မှုမှာ နောက်ဆုံး ပေါ်ထွက်လာသော စွပ်စွဲမှု ဖြစ်သည်။

ဟက်ကာများက ပစ်မှတ်ထားသော ကုမ္ပဏီများကို Mc Afee ကုမ္ပဏီက တိတိကျကျ ပြောကြားခြင်း မရှိသော်လည်း "အားလုံးသော အထောက်အထားများက ဆိုက်ဘာ တိုက်ခိုက်မှုများ တရုတ်နိုင်ငံမှ စတင်ခဲ့သည်ကို ညွှန်ပြနေသည်" ဟု ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment