Transparency Myanmar

transparency.myanmar@gmail.com

(Daily Times မှ 13 Feb 2011 ရက်စွဲပါ "World wheat trade for 2010-11 Projected down slightly" သတင်းကို ဘာသာ ပြန်ဆိုသည်။)

၂၀၁၀-၂၀၁၁ ကမ္ဘာ့ဂျုံ ကုန်သွယ်ရေး သည် ယခုလတွင် တန်ချိန် ၀.၃ သန်းခန့် အနည်းငယ် ကျဆင်းကာ တန်ချိန် ၁၂၅.၃ သန်းခန့်သို့ ရောက်ရှိဖွယ် ရှိသည်ပာု ခန့်မှန်းရသည်။

          ခန့်မှန်းချက်များ အရ အီးယူ ၂၇ နိုင်ငံ၏ ဂျုံတင်ပို့မှုမှာ တန်ချိန် ၀.၅ သန်း လျှော့ကာ တန်ချိန် ၂၁.၅ သန်းသို့ ကျဆင်းနိုင်သော်လည်း ကနေဒါ၏ ခန့်မှန်း ဂျုံတင်ပို့ တန်ချိန်မှာ ၀.၅ သန်း မြင့်တက်ကာ တန်ချိန် ၁၇.၅ သန်းသို့ ရောက်ရှိ နိုင်သည်ပာု ဆိုသည်။

          ယခုနှစ်တွင် အီးယူ ၂၇ နိုင်ငံအတွက် ဂျုံရောင်းချမှု နှင့် ပို့ကုန် လိုင်စင် ပမာဏများမှာ အမှာစာ ရရှိထားသော်လည်း ပြည်တွင်းဈေးနှုန်းများ တက်လာခဲ့ခြင်းကြောင့် ယခု ဘဏ္ဍာရေးနှစ် နှောင်းပိုင်း ဂျုံတင်ပို့မှု များကို ထိန်းချုပ်ရန် အတွက် ဂျုံရောင်းချမှုများကို တင်းကြပ်ထားခြင်း ဖြစ်သည် ပာု မျှော်လင့်ရသည်။

          ၂ နှစ် ဆက်တိုက် စံချိန်တင် ဂျုံအထွက် တိုးမှုကြောင့် တင်ပို့နိုင်မှု ပမာဏ တိုးမြင့်ခဲ့သော ပါကစ္စတန် နိုင်ငံတွင်လည်း ဂျုံတင်ပို့ကုန် တန်ချိန် ၀.၂ သန်း တိုးကာ တန်ချိန်၁.၀ သန်းသို့ပင် ရောက်ရှိခဲ့သည့် ပါကစ္စတန်၏ ဂျုံတင်ပို့မှုသည် တန်ချိန် ၂.၃ သန်းသို့ပင် ရောက်ရှိနိုင်ကြောင်း တာဝန် ရှိသူများက ခန့်မှန်းခဲ့ကြသည်။သို့ရာတွင် ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာနိုင်ငံသို့ ရောင်းချမှုများကို အတည်ပြုပြီး သွားသော်လည်း မေ-ဧပြီ ပြည်တွင်း ကုန်သွယ်ရေး နှစ်အတွက် ဂျုံတင်ပို့မှု ပမာဏမှာ တန်ချိန် ၀.၇ သန်းသာ ခန့်မှန်း နိုင်ပြီး ဇူလိုင်-ဇွန် ကမ္ဘာလုံး ကုန်သွယ်ရေးနှစ် အတွက် တန်ချိန် ၁ သန်း သာလျှင် ခန့်မှန်း ရောက်ရှိနိုင်သည်ပာု အစီရင်ခံစာတွင် ဖော်ပြထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment