Transparency Myanmar

transparency.myanmar@gmail.com

(AFP  သတင်းဌာနမှ 11 February 2011 ရက်စွဲပါ "Egypt Revolt Set to Flare as Mubarak Clings to Power" ကို ဘာသာ ပြန်ဆိုသည်)

ဒေါသ ထွက်နေသော အီဂျစ် ဆန္ဒပြသူများက သမ္မတ ဟော့စနီ မူဘာရက်နှင့် ၎င်း အသစ် ရွေးထားသော ဒုတိယ သမ္မတတို့ အမြန်ဆုံး နုတ်ထွက်ရေးကို တောင်းဆိုရန် အတွက် ကိုင်ရိုတွင် ပြုလုပ် ခဲ့သမျှအနက် အကြီးကျယ်ဆုံး ဆန္ဒပြပွဲကြီးကို သောကြာနေ့တွင် ပြုလုပ်ရန် သံန္နိဋ္ဌာန် ချထားကြသည်။

ထောင်ပေါင်းများစွာသော အီဂျစ် ပြည်သူများသည် အသက် ၈၂ အရွယ် အမှည့်လွန် အာဏာရှင် နုတ်ထွက်သည့် သတင်းကို နားထောင်ရန် မျှော်လင့်ချက်ဖြင့် ကြာသပတေးနေ့ ညပိုင်းတွင် မြို့တော် အလယ် ဗဟို တာရစ် ရင်ပြင်သို့ ဦးတည် ရွေ့လျားလျက် ရှိသည်။ သို့သော်လည်း ပြည်သူများ ကြားလိုသည့် သတင်းအစား မူဘာရက်က သမ္မတ အာဏာကို ဒုတိယ သမ္မတ အိုမာ ဆူလေမန်ထံ လွှဲပြောင်း ပေးခဲ့သည်ဟုသာ ကြေညာခဲ့သည်။

ဟော့စနီ မူဘာရက်က သူသည် စက်တင်ဘာလ အထိ အမည်ခံ ခေါင်းဆောင် အဖြစ် ရှိနေဦးမည် ဖြစ်ကြောင်းနှင့် ပြည်ပတွင် နေထိုင်ရသည်ထက် အီဂျစ် ပြည်တွင်း၌သာ ဘဝကို ကုန်ဆုံးကာ တစ်ချိန်ချိန်တွင် ခေါင်းချရန် သံန္နိဋ္ဌာန် ချထားကြောင်း ပြောကြား ခဲ့သည့် အတွက် ဆန္ဒပြ ပြည်သူများကို ဒေါသ ထွက်စေခဲ့သည်။

ဒေါသထွက်၍ စိတ်ပျက်သွားသော ပြည်သူတို့၏ တုံ့ပြန်မှုမှာ တမုဟုတ်ချင်း လျှင်မြန်လှသည်။ အာဏာရှင် နုတ်ထွက်ပေးရန် တောင်းဆိုနေသည့် ပြည်လုံးကျွတ် ကြီးမားသော ဆန္ဒပြပွဲများ၏ ၁၇ ရက်မြောက် နေ့အဖြစ် ကိုင်ရို မြို့လယ် တာရစ် ရင်ပြင် ပြည့်လျှံသွားသည် အထိ စုဝေး ခဲ့ကြသည့် ပြည်သူ ၂ သိန်းကျော် အကြားမှ "မူဘာရက် ချက်ချင်း ဆင်းပေး" ဟူသော ကြွေးကြော်သံ များ၏ အောက်တွင် မူဘာရက်၏ ရုပ်သံ မိန့်ခွန်း တိမ်မြုပ်သွားခဲ့သည်။

မြောက်မြားစွာသော ဆန္ဒပြသူများက ချက်ချင်းပသ် အထွေထွေ သပိတ်မှောက်ရန် တောင်းဆို ခဲ့ကြပြီး တာရစ် ရင်ပြင် ပတ်လည်တွင် တင့်ကားများ၊ တပ်ဖွဲ့ဝင် များစွာဖြင့် တပ်စွဲထားသည့် စစ်တပ်ကိုလည်း "အာဏာရှင် အတွက်လား၊ ပြည်သူ့ အတွက်လား၊ အီဂျစ် တပ်မတော် အခု ရွေးချယ်ပါ" ဟု စိတ်ဆိုးမာန်ဆိုး တောင်းဆိုခဲ့ကြသည်။

အာဏာ ပလ္လင်ကို တွယ်ဖက် ထားသည့် အာဏာရှင်၏ မိန့်ခွန်း အပြီးတွင် ကြီးမားသော လူအုပ်ကြီး စတင် လူစု ကွဲသွားသော်လည်း "မုန်တိုင်း ဆင်မည့် နေ့" ဟု ကြေညာထားပြီး ဖြစ်သည့် ဆန္ဒပြ ချီတက်ပွဲကြီး အတွက် သောကြာနေ့တွင် ပြန်လာကြရန် အများစုက ကတိ ပြုခဲ့ကြသည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment