Transparency Myanmar

transparency.myanmar@gmail.com

(Monsters and Critisc မှ 9.Feb 2011 ရက်စွဲပါ "Only four civillion on Myanmar's next oabinet line up" သတင်းကို ဘာသာ ပြန်ဆိုသည်)

ဗုဒ္ဓပာူးနေ့က လွှတ်တော်တွင် တင်ပြခဲ့သော လာမည့်မြန်မာအစိုးရသစ်အတွက် ဝန်ကြီးများ စာရင်းတွင် အရပ်သား (၄) ဦးမျှသာ ပါဝင်သည်။

          နေပြည်တော် အခြေစိုက် မြန်မာ လွှတ်တော်က အမျိုးသား(ဖို-သတ္တဝါ) များသာ ပါဝင်သည့် အစိုးရ အဖွဲ့ ဝန်ကြီးများ စာရင်းကို သောကြာနေ့တွင် မဲခွဲ အတည်ပြုမည်ပာု တာဝန် ရှိသူများက ပြောကြားထားသည်။     

          အဆိုပါ ဝန်ကြီးများ စာရင်းမှ ၂၆ ဦးမှာ တပ်မတော် အရာရှိပောာင်းများ ဖြစ်ကြပြီး ကျန်အရပ်သား (၄) ဦးမှာ ACE ဆောက်လုပ်ရေး ကုမ္ပဏီမှ ဦးတင့်ဆန်း၊ ရန်ကုန် ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဖေသက်ခင် မန္တလေး ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မြအေးနှင့် UMFCCI ဥက္ကဋ္ဌ ဦးဝင်းမြင့်တို့ ဖြစ်မည်ပာု သိရှိရသည်။

          အစိုးရ ဝန်ကြီး ဋ္ဌာနများကို ဖော်ပြခြင်း မရှိသော်လည်း ဂျီနီဖာ အခြေစိုက် ယခင် သံအမတ်ကြီး ဦးဝဏ္ဏမောင်လွင် ကို နိုင်ငံခြားရေး ဝန်ကြီး ရာထူး ခန့်အပ်မည်ပာု မျှော်လင့်ရကြောင်း သတင်းများက ဆိုသည်။

          ဗိုလ်ချုပ်ကြီးပောာင်း သိန်းစိန်ကို သမ္မတအဖြစ် လွှတ်တော်က ရွေးချယ်ထားပြီး ဖြစ်ရာ ၎င်းအနေဖြင့် အစိုးရအဖွဲ့ ရွေးချယ် ခန့်အပ်ခွင့် အာဏာ ရရှိမည့် အပြင် အသစ် ဖွဲ့စည်းမည့် သြဇာကြီး လုံခြုံရေး ကောင်စီကို ဦးဆောင်မည်ပာု သိရသည်။

          လွှတ်တော် အမတ်များမှာ ၁၉၆၂ မှစ၍ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သည့် တပ်မတော်က လွှမ်းမိုးထားသော အစိုးရအတွက် တံဆိပ်တုံး ထုပေးကြရမည်ပာု မျှော်လင့်ရပြီး ရွေးချယ် တင်မြှောက်သော အစိုးရကို ကြားခံကာ တပ်မတော်က ဆက်လက် အုပ်ချုပ်ဦးမည် ဖြစ်သည်။

          သမ္မတသစ် ဦးသိန်းစိန်သည် အနှစ် ၂၀ အတွင်း ပထမဆုံး ပြုလုပ်သည့် နိုဝင်ဘာ ရွေးကောက်ပွဲ များတွင် ၉၂% အနိုင် ရရှိခဲ့သည့် (စစ်အစိုးရ ထောက်ခံသော) ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ၏ ဥက္ကဋ္ဌ တာဝန်ကိုလည်း ယူထားသူတစ်ဦး ဖြစ်သည်။

          နိုဝင်ဘာလက ရွေးကောက်ပွဲများသည် USDP ပါတီကို မျက်နှာသာ ပေးကာ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အတိုက်အခံ NLD ပါတီကို ပယ်ထုတ်ခဲ့သည့် အတွက် အနောက် ဒီမိုကရေစီ နိုင်ငံများ အပါအဝင် ကမ္ဘာတစ်ဝှမ်းမှ ဝိုင်းဝန်း ဝေဖန်ခြင်းကို ခံခဲ့ရသည်။

          သမ္မတသစ် ဦးသိန်းစိန်သည် သူ၏ စစ်ယူနီဖောင်းကို စွန့်လွှတ်ခဲ့သော်လည်း အစိုးရနှင့် တပ်မတော် ၂ ဖွဲ့စလုံးထက် ပါဝါမြင့်သည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အဖွဲ့သစ်ကို သမ္မတအဖြစ် ဦးဆောင်မည် ဖြစ်၍ တပ်မတော်အပေါ် ဆက်လက် သြဇာညောင်းနိုင်မည် ဖြစ်သည်။

          အဆိုပါ ကောင်စီတွင် အဖွဲ့ဝင် ၁၁ ဦးအဖြစ် သမ္မတ၊ ဒုတိယသမ္မတ ၂ ဦး၊ အထက်နှင့် အောက် လွှတ်တော် ဥက္ကဋ္ဌများ၊ ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်နှင့် ကာကွယ်ရေး၊ ပြည်ထဲရေး၊ နိုင်ငံခြားရေး၊ နယ်စပ်ရေးရာ ဝန်ကြီး (၄) ပါး တို့ ပါဝင်မည်ပာု ကြားသိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment