Transparency Myanmar

transparency.myanmar@gmail.com

indiatimes.com, 28th February 2010

          အိမ်နီးချင်း မြန်မာနိုင်ငံအတွင်းမှ  အနောက်မြောက် သူပုန်များကို မောင်းထုတ်ရန် ပူးပေါင်း စစ်ဆင်ရေး တစ်ရပ်ကို အိန္ဒိယနှင့် မြန်မာနိုင်ငံတို့က မကြာမီ စတင်ဆင်နွှဲမည်ဟု ဗဟိုအစိုးရ ပြည်ထဲရေး ဝန်ကြီး GK Pillai က ပြောကြားလိုက်သည်။

          ဖေဖော်ဝါရီ ၁၈ ရက်က နေပြည်တော်တွင် ဗိုလ်မှူးချုပ်ဖုန်းဆွေနှင့် Pillai တို့ တွေ့ဆုံ ဆွေးနွေးစဉ် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ အစည်းအဝေးတွင် အိန္ဒိယ ကိုယ်စားလှယ်အဖွဲ့က မြန်မာအရာရှိများထံ မြန်မာနိုင်ငံတွင်းရှိ သူပုန်စခန်းများ၏ မြေပုံညွှန်းကို ပေးအပ်ခဲ့သည်ဟု ဝန်ကြီးက ပြောကြားသည်။

          United National Liberation Front Revolutionary People's Front ၏ လက်နက်ကိုင်တပ် NSCM (F.M) နှင့် People's Front Liberation Army စသော သူပုန်အဖွဲ့များသည် မြန်မာနိုင်ငံတွင်း ပုန်းအောင်း နေထိုင်ကြသည်ဟု ၎င်းက ဆိုသည်။

          မြန်မာ့တပ်မတော်တွင်လည်း အခက်အခဲများနှင့် ရင်ဆိုင်နေရသောကြောင့် ပူးပေါင်းစစ်ဆင်ရေးကို အစီအစဉ် ရေးဆွဲခြင်း ဖြစ်ကြောင်း မြန်မာအာဏာပိုင်များထံ လိုအပ်သော အကူအညီ မှန်သမျှ အိန္ဒိယနိုင်ငံက ပေးအပ်သွားမည် ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် စစ်တပ်သို့ အလားတူ အကူအညီများ ပေး၍ ဆောင်ရွက်ခဲ့ရာတွင် အောင်မြင်မှု ရရှိခဲ့ကြောင်း Pillai က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment