Transparency Myanmar

transparency.myanmar@gmail.com

Japantoday.com, 26th February 2010

          ဂျပန်နိုင်ငံတွင် နိုင်ငံခြားမှ ဒုက္ခသည် အဆင့်အတန်း လျှောက်ထားမှုမှာ ၂၀၀၉ ခုနှစ်တွင် ကျဆင်းသွားပြီး ၁၃၈၈ ဦးသာ ရှိကြောင်း၊ ယမန်နှစ်က အမြင့်ဆုံး ဖြစ်ခဲ့ပြီး ယခုနှစ်တွင် ၂၁၁ ဦး နည်းသွားကြောင်း တရားရေးဌာနက သောကြာနေ့က ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ တစ်နိုင်ငံတည်းမှ လျှောက်ထားသူ ၄၁၁ ဦးသာ ကျန်ရှိ၍ လျော့သွားကြောင်း အဆိုပါဌာနမှ ပြောကြားခဲ့သည်။

          မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေသည် လွန်ခဲ့သော ၂၀၀၇ ခုနှစ် ဆန္ဒပြမှုများကို နှိပ်ကွပ်အပြီးတွင် ပြောင်းလဲသွားရန် ရှိကြောင်း၊ လူဝင်မှု ကြီးကြပ်ရေးဗျူရိုမှ ဆိုသည်။ ၂၀၀၉ ခုနှစ်တွင် ဒုက္ခသည်အဖြစ် မြန်မာ ၃၀ ဦးအား ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခဲ့ပြီး ၎င်းမှာ ၂၀၀၉ မတိုင်မီက ဒုက္ခသည်အဖြစ် မလျှောက်ထားရသော သူများအပါအဝင် ကိန်းဂဏန်း ဖြစ်သည်။ ၂၀၀၈ ခုနှစ်ကနှင့် စာလျှင် ၂၇ ဦး လျော့နည်းသွားကြောင်း ပြောသည်။

          ၂၀၀၉ ခုနှစ်တွင် ဒုက္ခသည်အဖြစ် လျှောက်ထားကြသူများတွင် မြန်မာနိုင်ငံမှ ၅၆၈ ဦး၊ သီရိလင်္ကာမှ ၂၃၄ ဦး၊ တူရကီမှ  ၉၄ ဦး၊ ပါကစ္စတန်မှ ၉၂ ဦးနှင့် အိန္ဒိယမှ ၅၉ ဦးတို့ ဖြစ်ကြသည်။

          သီရိလင်္ကာမှ လျှောက်ထားသူများမှာ ၂၀၀၈ ခုနှစ်က ၉၀ ဦးသာ ရှိခဲ့သော်လည်း ပြည်တွင်း ပဋိပက္ခများသည် ၂၀၀၉ မေလထိ ရှိနေသောကြောင့် ၂၀၀၉ ခုနှစ်တွင် တိုးလာခြင်း ဖြစ်သည်။

          ဝန်ကြီးဌာနသည် ၂၀၀၉ ခုနှစ်တွင် လျှောက်ထားသူများ အနက်မှ ၅၀၁ ဦးကို ပယ်ချခဲ့သော်လည်း လူသားချင်း စာနာသည အနေဖြင့် ဂျပန်နိုင်ငံတွင် အထူးနေထိုင်ခွင့် ပါမစ် ပေးခဲ့သည်။ မနှစ်က ထက်စာလျှင် ပယ်ချခံရသူ ၁၄၁ ဦး ပိုများသည်။

          ဒုက္ခသည်အဖြစ် အသိအမှတ် ပြုခံရသူများဖြစ်သော ၅၃၁ ဦး အနက်မှ ၄၇၈ ဦးသည် မြန်မာနိုင်ငံမှ ဖြစ်ကြောင်း ဂျပန် အစိုးရဌာနက ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment