Transparency Myanmar

transparency.myanmar@gmail.com

AFP, 28th February 2010

          နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်မပေးသည့်အတွက် မြန်မာနိုင်ငံ ဗဟိုတရားရုံးကို အမေရိကန် ပြည်ထောင်စုက ပြစ်တင် ဝေဖန်လိုက်ပြီး လွှတ်တော်အမတ် တစ်ဦးကလည်း အရေးယူမှုများ တင်းကြပ်ရန် အချိန်ရောက်နေပြီဟု ပြောကြားလိုက်သည်။

          နေအိမ် အကျယ်ချုပ်မှ လွှတ်ပေးရန် ဒီမိုကရေစီခေါင်းဆောင်၏ အယူခံလွှာကို စစ်ဖက် အုပ်ချုပ်သော နိုင်ငံ၏ အမြင့်ဆုံး ခုံရုံးက ပယ်ချခဲ့သည်။

          ရွေးကောက်ပွဲ မတိုင်မီ ယခုကဲ့သို့ တရားရုံးက ဆုံးဖြတ်ခဲ့ခြင်းအတွက် ပြည်တွင်း၊ ပြည်ပ အတိုက်အခံများအကြား သံသယများ ပိုမိုကြီးထွားလာစေသည်။

          တရားရုံးချုပ်၏ ဆုံးဖြတ်ချက်ကို ပြစ်တင် ရှုတ်ချသည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိတစ်ဦးက သောကြာနေ့တွင် ပြောကြားသည်။ အမည်မဖော်လိုသူ အရာရှိက ဆက်လက် ပြောကြားရာတွင် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေး၍ ရွေးကောက်ပွဲတွင် ပါဝင်ခွင့် ပြုရန် အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံကို အပြင်းအထန် တိုက်တွန်းသည်ဟု ဆိုသည်။

          စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အစိုးရကို ပစ်မှတ်ထားသည့် တင်းကြပ်သော အရေးယူမှုများ ပြုလုပ်ရန်အချိန် ကျရောက်လာပြီဟု ပြောကြားသူမှာ ဒီမိုကရက်တစ် လွှတ်တော်အမတ် Joe Crowley ဖြစ်သည်။

          ဒေါ်အောင်ဆန်းစုကြည်အား ၁၄ နှစ်ကြာ ထိန်းသိမ်းထားခြင်းသည် အစကတည်းက လိမ်ညာ အမှုဆင်ထားခြင်းသာ ဖြစ်သည်ဟု Crowley က ပြောသည်။

          ပြည်သူလူထု၏ လူ့အခွင့်အရေးများကို ပိတ်ပင် ချိုးဖောက်သော ရက်စက်သည့် စစ်ဖက်အစိုးရသည် ဆိုးကျိုးများနှင့် ရင်ဆိုင်ရလိမ့်မည်ဟုလည်း ၎င်းက ပြောလိုက်သည်။

          အိုဘားမားအစိုးရ၏ သဘောထားရေးရာ ဆန့်ကျင်ဘက်ဖြစ်သော မြန်မာအစိုးရအဖွဲ့နှင့် ဆက်ဆံရေး မူဝါဒသစ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိက ပြည်ထောင်စုက ယခင်နှစ်မှစပြီး မြန်မာနိုင်ငံနှင့် ဆွေးနွေးခဲ့သည်။

          မြန်မာနိုင်ငံအား ပစ်ပယ်ထားသော ယခင် နည်းလမ်းသည် မအောင်မြင်ခဲ့ဟု အိုဘားမားအစိုးရက ဝန်ခံ ပြောကြားထားသော်လည်း ဒီမိုကရေစီ တိုးတက်မှုများ ရှိလာမှသာ အပြန်အလှန်အားဖြင့် အရေးယူ ပိတ်ဆို့မှုများကို ဖြေလျော့ပေးမည်ဟု ဆိုသည်။

          ဒေါ်အောင်ဆန်းစုကြည်အား သူမ၏ NLD ပါတီ ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အချိန်မှ စ၍ စစ်ဖက် အစိုးရက နေအိမ်အကျယ်ချုပ် ဖမ်းဆီးထားခဲ့ခြင်း ဖြစ်သည်။

          ယခုနှစ်တွင် ရွေးကောက်ပွဲအသစ်များ ကျင်းပရန် အစိုးရက စီစဉ်နေပြန်သည်။

          ယခုနှစ် သြဂုတ်လက အမေရိကန် သူစိမ်းတစ်ဦးအား လက်ခံမှုဖြင့် အစိုးရက တရားစွဲကာ အတိုက်အခံ ခေါင်းဆောင်ကို ရွေးကောက်ပွဲများ ပြီးစီးချိန်အထိ ၁၈ လကြာ ဆက်လက် ထိန်းသိမ်းထားမည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment