Transparency Myanmar

transparency.myanmar@gmail.com

The Irrawaddy, By Saw Yan Naing and The Associated Press, 27th February 2010

          ထိုင်းနိုင်ငံပိုင်ဘဏ် Exim Bank မှ မြန်မာနိုင်ငံသို့ အတိုးနှုန်း နည်းနည်းနှင့် ငွေချေးခဲ့သော ကိစ္စမှာ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင်အပေါ် စွပ်စွဲထားသော ပြစ်ချက်များတွင် တစ်ခု အပါအဝင် ဖြစ်ပြီး၊ ယင်းကိစ္စနှင့် ပတ်သက်၍ သက်ဆင်တွင် အပြစ်ရှိကြောင်း မနေ့က တွေ့ရှိခဲ့ပါသည်။

          ထိုင်းနိုင်ငံ တရားရုံးချုပ်က သက်ဆင်သည် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနကို မြန်မာနိုင်ငံသို့ ဘတ် ၄ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၂၇ သန်း) ချေးရန် အတည်ပြုရေးကို အာဏာဖြင့် ဖိအားပေးခဲ့ကြောင်း၊ သို့မှသာ ၎င်းပိုင် Shinawatra Satellite ကုမ္ပဏီသည် ဆက်သွယ်ရေး စာချုပ်များမှတဆင့် အမြတ်အစွန်း ရရှိမည်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

          ၂၀၀၄ ခုနှစ်က Shinawatra Satellite သည် ထိုစဉ်က ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွှန့်၏ သားဖြစ်သူ ပိုင်သော ပုဂံဆိုက်ဘာတက်သို့ Broadband အင်တာနက်တွင် တယ်လီဖုန်း လုပ်ငန်းများအတွက် ဂြိုလ်တု ငှားရမ်းပေးခဲ့သည်။

          သို့သော် ပုဂံကြေညာချက်အရ ထိုင်း၊ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား အစိုးရများ၏ ဒေသတွင်း စီးပွားရေး သဘောတူညီချက်များကို လက်မှတ် ရေးထိုးထားရာ၊ ထိုင်းနိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာနသည် ဆက်သွယ်ရေး ကဏ္ဍအတွက် ငွေချေးခြင်းကို အတည်ပြုခွင့် မရှိကြောင်း သိရှိရသည်။

          တရားရုံးချုပ်အနေဖြင့် သက်ဆင်အပေါ် စွပ်စွဲထားသော အမှု ငါးခုအနက် လေးခုတွင် သက်ဆင်သည် ဝန်ကြီးချုပ်အဖြစ် ၂၀၀၁ မှ ၂၀၀၆ ခုနှစ်အတွင်း တာဝန်ယူစဉ်က မူဝါဒများကို အကောင်အထည် ဖော်ရာတွင် ၎င်းအမြတ်ရှိစေရန် အာဏာကို အသုံးပြုခဲ့ကြောင်း တစ်ခါတစ်ရံ တိုင်းပြည်၏ ကုန်ကျစရိတ်ကို အသုံးပြုခဲ့ကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။

          တရားရုံးချုပ်က ပြောကြားရာတွင် သက်သာခွင့် ပေးသည့် အနေဖြင့် သက်ဆင်အား အာဏာ သိမ်းခဲ့စဉ်က ထိုင်းဘဏ်များတွင် ထိန်းသိမ်းထားသော ၎င်း၏ မိသားစု ပိုင်ငွေ ဘတ် ၇၆ ဘီလီယံ (ဒေါ်လာ ၂.၃ ဘီလီယံ) အနက် ဘတ် ၄၆ ဘီလီယံ (ဒေါ်လာ ၁.၄ ဘီလီယံ) ကိုသာ သိမ်းယူသင့်ကြောင်း ဆိုသည်။

          သက်ဆင်နှင့် သူ၏ မိသားစုအပေါ် စစ်ဆေးရန် ကျန်နေသေးသော အမှုများကို မည်သည့် အချိန်တွင် စစ်ဆေးမည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။ နိုင်ငံခြားရှိ ဘဏ်များတွင် သက်ဆင်အနေနှင့် မည်မျှချမ်းသာသည်ကို မသိရှိနိုင်ပေ။

          တရားရုံးချုပ်က ပြောကြားရာတွင် ၎င်းပိုင်ဆိုင်မှု အားလုံးကို သိမ်းဆည်းရန်မူ မသင့်တော်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အချို့ ပိုင်ဆိုင်မှုများမှာ ၎င်းဝန်ကြီးချုပ် မဖြစ်မီကပင် ရှိနေသော အရာများ ဖြစ်သောကြောင့်ဟု ဆိုသည်။

          သက်ဆင်အပေါ် အပြစ်ရှိကြောင်း ဆုံးဖြတ်ချက်အား တရားသူကြီး၏ ၇ နာရီခွဲကြာ ဖတ်ကြားမှုကို အချို့ ရုပ်မြင်သံကြားအစီအစဉ်မှ ပြသခဲ့သည်။ ရာပေါင်းများစွာသော လူထုကြီးသည် အတိုက်အခံ သက်ဆင်၏ မဟာမိတ်ပါတီ Puca Thai ပါတီရုံးချုပ်ရှေ့တွင် စုရုံး အော်ဟစ် လှောင်ပြောင်ခဲ့ကြသည်။ အချို့ အမျိုးသမီးများ ငိုကြပြီး၊ လူတစ်ဦးမှာ ခုံပေါ်တွင် ရပ်၍ ရုပ်မြင်သံကြားကို ကြည့်၍ အော်ဟစ်ခဲ့သည်ကို တွေ့ရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment