Transparency Myanmar

transparency.myanmar@gmail.com

BBC news, 26th February 2010

မြောက်ကိုရီးယားမှ ကွန်ဂိုနိုင်ငံသို့ သွားသော သင်္ဘောပေါ်မှ ပိတ်ပင်ထားသော စစ်သုံး ပစ္စည်းများ ဖမ်းဆီးရမိကြောင်း တောင်အာဖရိကက အတည်ပြုခဲ့သည်။

တောင်အာဖရိက နိုင်ငံခြားရေးဌာနသည် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသို့ မြောက်ကိုရီးယားသည် ကုလသမဂ္ဂက လက်နက်များ တင်ပို့ခြင်းကို ပိတ်ပင် ထားချက်အား ချိုးဖောက်ကြောင်း သတင်းပို့ခဲ့သည်ဟု ဆိုသည်။

T-55 တင့်ကားမှ အပိုပစ္စည်းများအား ဆန်အိတ်များတွင် ထည့်၍ ကွန်တိန်နာ နှစ်လုံးတွင် ဝှက်ထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကွန်ဂိုနိုင်ငံသည် မကြာသေးမီက ကြောက်လန့်ဖွယ် ဖြစ်ရပ်များ ဖြစ်ပွားခဲ့သည့် နိုင်ငံ ဖြစ်သည်။

တောင်အာဖရိကမှ ကုလသမဂ္ဂသို့ တင်ပြသည့် အစီရင်ခံစာတွင် အဆိုပါ ကွန်တိန်နာ ၂ လုံးကို ၂ဝဝ၉ နိုဝင်ဘာလက ဖမ်းဆီး ရမိကြောင်း၊ စုံစမ်း စစ်ဆေးနေစဉ်အတွင်း Durban တွင် ထိန်းသိမ်းထားကြောင်း၊ ဘူဒိုဇာ အပိုပစ္စည်းများဟု အမည်ပေးထားကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလက ထိုင်းနိုင်ငံကလည်း မြောက်ကိုရီးယားမှ လာသော ကုန်တင်လေယာဉ်တစ်စီး ဘန်ကောက်တွင် ဆီဖြည့်ရန် အရေးပေါ် ဆင်းသက်စဉ် လက်နက်များ (၃၅) တန်ကျော် ဖမ်းဆီး ရမိခဲ့သည်။

မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂက လက်နက်များနှင့် လက်နက်နှင့် ပတ်သက်သော ပစ္စည်းများ ရောင်းချခြင်းကို ပိတ်ပင်သည့် အရေးယူမှုကို ပြီးခဲ့သည့်နှစ် ဇွန်လက ချမှတ်ခဲ့သည်။ ပြုံးယမ်းက ၎င်း၏ နျူကလီယာ ဒုံးကျည်များကို မေလတွင် စမ်းသပ်ခဲ့ပြီးနောက် အဆိုပါ အရေးယူမှုကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။

၎င်းအရေးယူမှုကို ချမှတ်ရာတွင် မြောက်ကိုရီးယားမှ လည်းကောင်း၊ မြောက်ကိုရီးယားသို့ လည်းကောင်း သွားလာနေသော ပစ္စည်းများအပေါ် ကန့်သတ်ထားသော ပစ္စည်းများ ဟုတ်မဟုတ် စစ်ဆေးခွင့်ပြုသည့် အချက်ကို ထည့်သွင်းထားသည်။

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment