Transparency Myanmar

transparency.myanmar@gmail.com

ရိုက်တာသတင်းဋ္ဌာနသတင်းထောက် မာတင်ပစ်တီ၏ Myanmar says nuclearambitions are peaceful-Japan သတင်းကို ဘာသာ ပြန်ထားခြင်း ဖြစ်သည်

မြန်မာအစိုးရသည် ရုရှားနိုင်ငံနှင့် ပူးပေါင်းပြီး နျူကလီးယားစွမ်းအင်ဆိုင် ရာ အစီအစဉ်များကို လုပ်ကိုင်လျက်ရှိ သော်လည်း နျူကလီးယားလက်နက်များ တပ်ဆင်နေခြင်းမဟုတ်ပါကြောင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီးကပြောသည်။ ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်ပင်၏အနောက်မြောက်ဘက် ၃၁၄ မိုင်အကွာရှိ ဆိုင်ယမ်ရိဒ်ပ်ပြည်နယ်တွင် ကျင်းပပြုလုပ်သော မဲခေါင်-ဂျပန် နိုင်ငံ ခြားရေးဝန်ကြီးများအစည်းအဝေးပွဲ၌ မြန်မာစစ်အစိုးရ၏နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ် ၀င်းက မိမိအားယင်းသို့ ထုတ် ဖော်ပြောဆိုခဲ့ကြောင်း ဂျပန်နိုင်ငံခြား ရေးဝန်ကြီး ကတ်ဆူရာ အိုကာဒါကဆို သည်။

မြန်မာနိုင်ငံသည် မြောက်ကိုရီးယား နိုင်ငံမှ အကူအညီနှင့်အထောက်အပံ့ များကိုရယူကာ မြို့တော်အသစ်နေပြည် တော်အနီးတွင် နျူလက်နက်များတပ် ဆင်နေသည်ဟု ထင်မြင်သုံးသပ်ချက် များထွက်ပေါ်နေသော်လည်း စစ်အစိုး ရက အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရေငုံ နှုတ်ပိတ်လုပ်နေသည်။ ယခုကမ္ဘောဒီး ယားတွင်ပြုလုပ်သော ဆွေးနွေးပွဲ၌ ဦးဉာဏ်ဝင်းက ဂျပန်နိုင်ငံခြားရေးဝန် ကြီးအား မိမိတို့သည် ရုရှားနိုင်ငံ၏အကူ အညီကိုရယူကာ နျူးကလီးယားစွမ်းအင် ကိစ္စကို အကောင်အထည်ဖော်ရန်ကြိုး ပမ်းခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါနျူ စွမ်း အင်အစီအစဉ်မှာ ငြိမ်းချမ်းမှုကို ဦးတည် ပြီး မြန်မာပြည်သူလူထုအတွက်ဖြစ် ကြောင်းပြောကြားသည်။

“ဦးဉာဏ်ဝင်းက မစ္စတာကတ်ဆူရာ အိုကာဒါကို သူ့တို့အစိုးရဟာ နျူကလီး ယားလက်နက်တီတွင်ထုတ်လုပ်ဖို့ ဆန္ဒ မရှိပါဘူးလို့ပြောပါတယ်” ဟု ဂျပန်နိုင် ငံခြားရေးဝန်ကြီးဋ္ဌာနမှပြောရေးဆိုခွင့် ရှိ သူကပြောသည်။ “မြန်မာအစိုးရဟာ ရုရှားနိုင်ငံရဲ့အထောက်အပံကို ရယူပြီး နျူကလီးယားစွမ်းအင်ကို ငြိမ်းငြိမ်းချမ်း ချမ်းနဲ့ အကောင်အထည်ဖော်ဖို့လုပ်ခဲ့ တယ်”။ မြောက်ကိုရီးယားနှင့် နျူကလီး ယား အရေးကိစ္စကို အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးခဲ့ခြင်းရှိ၊ မရှိ ကိုမူ ထုတ်ဖော်မပြောခဲ့ပေ။ သုတေသီပညာ ရှင်အချို့၏အဆိုအရ စစ်အစိုးရသည် ပြီးခဲ့သည့် သြဂုတ်လအတွင်းက နျူက လီးယားဓာတ်ပေါင်းဖိုတစ်ခုနှင့် ပလူတို နီယမ်ထုတ်လုပ်ရေးစက်ရုံတစ်ခုကို လျှို့ ၀ှက်စွာတည်ဆောက်နေခဲ့သည်။ သုတေ သီများက ထောက်လှမ်းရေးသတင်းများ ကို ကိုးကားပြီးပြောဆိုခြင်းဖြစ်သည်။ ထို သတင်းများအရ မြန်မာနိုင်ငံတွင် ယူရေ နီယံသတ္တုရိုင်းများရှိကြောင်း၊ စစ်အစိုး ရသည် အီရန်နှင့် မြောက်ကိုရီးယားနိုင် ငံများအတွက် နျူကလီးယားလောင်စာ ပြုလုပ်ရတွင်အသုံးပြုနိုင်သော Yellowcake (နည်းပညာအခေါ်အဝေါ်) အဆင့်ရှိ သန့်စင်ပြီးသားယူရေနီယံမျာိးုကိုထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ အကဲခတ်လေ့လာသူများ၏ အဆိုအရ အနောက်ကမ္ဘာ၏ ပိတ်ဆို့မှုကိုခံနေရ သော မြန်မာနိုင်ငံသည် နျူကလီးယား ဟူသောအကြောင်းကိစ္စဖြင့်ဒေသတွင်းလက် နက်တပ်ဆင်မှု အားပြိုင်ပွဲတစ်ရပ်ကို ပြုလုပ်လာနိုင်သည်။ အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြီးခဲ့သည့် ဇူလိုင်လ ထိုင်းနိုင်ငံတွင်ပြု လုပ်သော အာဆီယံဒေသတွင်ဖိုရမ်၌ မိမိတို့သည် မြောက်ကိုရီးယားမှ နျူက လီးယားနည်းပညာများ မြန်မာနိုင်ငံသို့ ၀င်ရောက် နေသည့် ကိစ္စအတွက်လွန်စွာ စိုးရိမ်မကင်းဖြစ်မိကြောင်းပြောသည်။ အမေရိကန်လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး ကတ်ကမ်းဘဲက မြန်မာနိုင်ငံ ရှိနယ်ပယ်တချို့တွင် မြန်မာနှင့်မြောက် ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုများ တိုး မြှင့်လုပ်ကိုင်ခဲ့သည့် လက္ခဏာများတွေ့ ရကြောင်း၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် မှုပြုလုပ်ထားသည့် အဆိုပါနယ်မြေများ ကို ကန့်သတ်ပိတ်ပင်ထားမည်ဖြစ် ကြောင်း စစ်အစိုးရနှင့်မြောက်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုပြုလုပ်မှုအထောက် အထားများကို ကိုးကား၍ပြောသည်။ မည်သို့ပင်ဖြစ်စေ မြန်မာစစ်အစိုးရက နျူကလီးယားလက်နက်တပ်ဆင်ထုတ် လုပ်ရန် ကြိုးပမ်းသည့် သက်သေအ ထောက်အထားများမှာ အနည်းငယ်မျှ သာဖြစ်ကြောင်း၊ထောက်လှမ်းရေးသတင်း များ မည်မျှအတိုင်းအတာအထိမှန်ကန် မှုရှိ၊မရှိဟူသည်ကိုလည်းစောင့်ကြည့်ရ မည်ဖြစ်ကြောင်း လေ့လာအကဲခတ်သူ များက ပြောဆိုသည်။

0 comments:

Post a Comment