Transparency Myanmar

transparency.myanmar@gmail.com

ရဲချုပ်ခင်ရီသည် ရာထူးမှ ဖယ်ရှားခံရခြင်းထက် အတိုင်းအတာတစ်ခုအထိအရေး ယူခံထားရခြင်းဖြစ်နိုင်ကြောင်း စစ်အစိုးရအသိုင်းအဝိုင်းနှင့်နီးစပ်သူတစ်ဦးက သုံးသပ်ပြော ဆိုသည်။

နေပြည်တော်တွင် အောက်တိုဘာ ၃ရက်က ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ၄၅ နှစ်မြောက် နှစ်ပတ်လည်ပွဲတွင် ရဲချုပ်ခင်ရီတက်ရောက်ခြင်းမရှိသည်နှင့်စပ်လျဉ်း၍ သတင်း အမျိုးမျိုး ထွက်ပေါ်နေမှုအပေါ်တွင် ယင်းသို့သုံးသပ်ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယင်းပွဲသို့ ရဲချုပ်ခင်ရီတက်ရောက်ခြင်းမရှိခဲ့သော်လည်း ပြည်ထဲရေးဝန်ကြီးမောင်ဦး နှင့် အခြားဒုရဲချုပ်၊ရဲဦးစီးချုပ်များတက်ရောက်ခဲ့သည်။

နိုင်ငံတော်နှင့် ပြည်သူကိုသစ္စာရှိကြရန်၊သူတစ်ပါးကို အရေးယူနိုင်ရန်အတွက် ဖမ်းဆီး စစ်ဆေး တရားစွဲရသော ဌာနဖြစ်၍ မိမိကိုယ်တိုင်ပုံရိပ်မှန်မှ တပ်ဖွဲ့၏ဂုဏ်တက်မှာဖြစ် ကြောင်းဝန်ကြီး ဦးမောင်ဦးက ပြောကြားခဲ့သည်ဟု ပြည်သူပိုင်သတင်းများမှ ထုတ်ပြန်ကြေငြာ ချက်အရသိရသည်။

ရဲချုပ်ခင်ရီသည် စက်တင်ဘာလလယ်က လာဘ်စားမှုနှင့် စွပ်စွဲဖမ်းဆီးခံခဲ့ရသည့် ရန်ကုန်တိုင်း ရဲမှူးကြီးဝင်းနိုင် ထွက်ပြေးလွတ်မြောက်မှုနှင့်ပတ်သက်ပြီး မသင်္ကာမှုဖြင့် ထိမ်း သိမ်းခံထားရကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

ထို့နောက်ရန်ကုန်တိုင်းအတွင်းရှိ ရဲတပ်ဖွဲ့များကို ရဲချုပ်ခင်ရီက လိုက်လံစစ်ဆေးခဲ့ ကြောင်းအောက်တိုဘာ ၁ရက်ထုတ်ပြည်သူပိုင်သတင်းစာများတွင် ဓါတ်ပုံနှင့်တကွ ထုတ်ပြန်ကြေငြာခဲ့သည်။

သို့သော် နေပြည်တော်တွင်ပြုလုပ်သည့် ရဲတပ်ဖွဲ့နှစ်ပတ်လည်ပွဲတွင် တက်ရောက် ခဲ့ခြင်းမရှိသည့်အပေါ် ရာထူးမှဖယ်ရှားခံရသည်ဟု တရားဝင်မဟုတ်သောသတင်းများ ထွက်ပေါ်ခဲ့သည်။

ယင်းနှင့်စပ်လျဉ်း၍ “ မသေချာဘဲ ကောလာဟာလက ထွက်လေ့မရှိဘူး၊ဒါပေမယ့် အခြေအနေကစိတ်ဝင်စားဖို့ကောင်းတယ်။ ရာထူးကဖယ်ရှားခံရတာထက် အတိုင်းအတာ တစ်ခုအထိ အရေးယူခံထားရနိုင်တယ်” ဟု အာဏာရှင်အစိုးရနှင့်နီးစပ်သူ တစ်ဦးကပြော သည်။

ရဲချုပ်ခင်ရီသည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ၂၀၀၄ ခုနှစ်တွင် စတင် ပြောင်းရွှေ့လာခဲ့သည်။

0 comments:

Post a Comment