Transparency Myanmar

transparency.myanmar@gmail.com

အေပီသတင်းဋ္ဌာန၏ Burma vote to be 'Free and Fair' သတင်းကို ဘာသာ ပြန်ထားခြင်းဖြစ်သည်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်း ထားသော်လည်း အစိုးရက လာမည့်နှစ် ၂၀၁၀ ရွေးကောက်ပွဲအားလွပ်လပ်ပြီးတ ရားမျှတမှုရှိစွာ ကျင်းပပေးမည်ဖြစ် ကြောင်း စစ်အစိုးရ၏နိုင်ငံခြားရေးဝန် ကြီး ဦးဉာဏ်ဝင်းက ကတိပေးလိုက် သည်။ ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်ပင်၏အနောက်မြောက်ဘက် ၃၁၄ မိုင်အကွာရှိ ဆိုင်ယမ်ရိဒ်ပ်ပြည်နယ်တွင် ကျင်းပပြုလုပ်သော မဲခေါင်-ဂျပန် နိုင်ငံ ခြားရေးဝန်ကြီးများအစည်းအဝေးပွဲ၌ မြန်မာစစ်အစိုးရ၏နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ် ၀င်းက အခြားနိုင်ငံခြားရေး ၀န်ကြီးများအား ယင်းသို့ကတိပေးခြင်း ဖြစ်သည်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်း ထားမှုရှိသော်လည်း ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲသည် လွတ်လပ်မှုနှင့်တ ရားမျှတမှုရှိမည်ဟု သူကဆိုသည်။

“ကျွန်တော်တို့မြန်မာနိုင်ငံမှာလွတ် လပ်ပြီးတရားမျှတမှုရှိမယ့်ရွေးကောက် ပွဲကျင်းပပေးမယ်လို့ ကျွန်တော်တို့ တရား ၀င်အသိပေးကြေညာထားပြီးပါပြီ” ဟု အဆိုပါအစည်းအဝေးအပြီးတွင် သတင်း ထောက်များအားပြောသည်။ “ရွေး ကောက်ပွဲဟာ တရားမျှတမှုရှိမယ်၊ မရှိ ဘူးဆိုတာကို အခုအချိန်မှာ ဘယ်သူ တစ်ဦးတစ်ယောက်ကမှ အကဲဖြတ်လို့ မရပါဘူး။ ရွေးကောက်ပွဲကျင်းပပြီးတော့ မှ တကယ်တရားမျှတပြီးလွတ်လပ်မှု ရှိ၊ မရှိဆိုတာကို ခင်ဗျားတို့ အကဲဖြတ်နိုင် မှာပါ” ။

စစ်အစိုးရကြိုးကိုင်ထားသော ရန်ကုန် တရားရုံးတော်က အောက်တိုဘာလ ၂ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ အယူခံမှုကို ပယ်ချလိုက်သည်။ စစ်အစိုး ရ၏ တရားရုံးကချမှတ်ထားသော ပစ်ဒဏ်အရ ဒေါ်အောင်ဆန်းစုကြည် သည်နောက်ထပ် ၁၈ နေအိမ်အကျယ် ချုပ်ကျခံရမည်ဖြစ်ရာ ယခု ဦးဉာဏ် ၀င်းက တရားမျှတမည်ဟု ကတိပေး လိုက်သော ရွေးကောက်ပွဲတွင် ပါဝင်နိုင် မည်မဟုတ်ပေ။ ထို့ကြောင့် အတိုက်အခံ နိုင်ငံရေးသမားများနှင့် ဝေဖန်သုံးသပ် သူများက ၂၀၁၀ရွေးကောက်ပွဲသည် အတုအယောင်မျှသာ ဖြစ်လိမ့်မည်ဟု ပြောဆိုလျက်ရှိကြသည်။

ယခုမဲခေါင်-ဂျပန် အစည်းအဝေး တွင် ဦးဉာဏ်ဝင်းသည် ဂျပန်အပါအ ၀င် မဲခေါင်နိုင်ငံများဖြစ်ကြသော ထိုင်း၊ ဗီယက်နမ်၊ကမ္ဘောဒီးယားနှင့်လာအို နိုင်ငံ တို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့်တွေ့ ဆုံခဲ့သည်။ ဆွေးနွေးပွဲအပြီးတွင်ဂျပန် နိုင်ငံခြားရေး ကတ်ဆူရာ အိုကာဒါက နိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံဆွေးနွေး ပွဲ၌ မြန်မာနှင့်ပတ်သက်သော မေးခွန်း များထွက်ပေါ်ခဲ့ကြောင်းပြောဆိုသည်။“ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက် ပြီး နိုင်ငံရေးပါတီတွေအားလုံးပါဝင်နိုင် မယ့်၊ ပွင့်လင်းမြင်သာ မှုရှိမယ့်ရွေး ကောက် ပွဲတစ်ရပ် ကျင်းနိုင်မယ်လို့ ကျွန်တော်တို့မျှော်လင်ပါတယ်” ဟု အိုကာဒါကပြောသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၏ ပြောရေးဆိုခွင့်ရှိသူ ကာဇူကိုဒါမာ၏ အဆိုအရ စစ်အစိုးရနိုင်ငံခြားရေးဝန် ကြီး ဦးဉာဏ်ဝင်းက ဒီမိုကရေစီဟူ သည် ပြည်ပမှသွင်းယူ၍ရနိုင်သောအရ မဟုတ်ကြောင်း ပြောဆိုသည်။ ဂျပန်နိုင် ငံအစိုးရအဖွဲ့သစ်သည် မဲခေါင်နိုင်ငံများ နှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့် လုပ်ကိုင်ရန် မျှော်လင့်လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနကဆိုသည်။ ဤ အတောအတွင်း နှစ်ကာလကြာရှည်စွာ ထိန်းသိမ်းခံထားရသော ဒီမိုကရေ စီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် သည် စစ်အစိုးရ၏ ဆက်ဆံရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့်တွေ့ဆုံခဲ့ကြောင်း စစ် အစိုးရသတင်းစာများ၏ဖော်ပြချက် အရသိရသည်။ သူတို့နှစ်ဦးသည် မြန်မာ နိုင်ငံအပေါ်အနောက်ကမ္ဘာ၏ စီးပွားရေး ပိတ်ဆို့မှုများအဆုံးသတ်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြပုံရကြောင်း နိုင်ငံရေးသ မားများက ခန့်မှန်းပြောဆိုနေကြသည်။

0 comments:

Post a Comment