Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2010.googlegroups.com

US struggling to find a strategy on reclusive Myanmar
အထီးကျန် ဧကစာ မြန်မာနိုင်ငံအပေါ် ကျင့်သုံးရမည့် နည်းဗျူဟာများကို အမေရိကန် ကြိုးစားရှာဖွေနေ
ဝါရှင်တန်
အမေရိကန်နိုင်ငံသည် မြန်မာအစိုးရအပေါ် ထားရှိသည့် နည်းဗျူဟာသစ်ဖြစ်သော စေ့စပ်ဆွေးနွေးရေးနှင့် ပတ်သက်သည့် အစဦး အားပေးတိုက်တွန်းမှုများကို ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်သော်လည်း ကမ္ဘာပေါ်တွင် အစွန်းရောက် ဧကစာကျင့်သုံးနေသော နိုင်ငံတစ်နိုင်ငံအား မည်ကဲ့သို့ လွှမ်းမိုးထိန်းချုပ်မည်နည်း ဟူသော ဆွေးနွေးငြင်းခုန်ဖွယ်ရာ ပြဿနာတစ်ရပ် အစပျိုးနေပြီဖြစ်ပါသည်။
အင်္ဂါနေ့က အမေရိကန်အစိုးရ တာဝန်ရှိပုဂ္ဂိုလ်များသည် မြန်မာ့တပ်မတော် ခေါင်းဆောင်အချို့နှင့် ဆယ်စုနှစ်အတွင်း ထိပ်တန်းအဆင့် တွေ့ဆုံမှုကို ပြုလုပ်ခဲ့ပြီး စေ့စပ်ဆွေးနွေးမှု အသစ်ပြုလုပ်ရန် ကတိပေးခဲ့သည်။ သို့ရာတွင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရေး အပါအဝင် ဒီမိုကရေစီအရေး လှုပ်ရှားမှုများ ဆောင်ရွက်ရန် တောင်းဆိုထားသည်။
သောကြာနေ့ကမူ မြန်မာတရားရုံးက ဒေါ်အောင်ဆန်းစုကြည်၏ အယူခံလွှာကို ပယ်ချ၍ နေအိမ်တွင် အကျယ်ချုပ် ဆက်လက်ချထားခဲ့သည်။ သို့ရာတွင် အစိုးရသည် ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ပါတီ၏ခေါင်းဆောင် ဖြစ်မည့်သူမနှင့် ရှားရှားပါးပါး တွေ့ဆုံမှုကိုမူ ပြုလုပ်ခဲ့ပေသည်။
တွေ့ဆုံဆွေးနွေးမှု မူဝါဒဖြင့် ကမ္ဘာကျော်သွားခဲ့သော သမ္မတ အိုဘားမား အစိုးရသည် မြန်မာနိုင်ငံမူဝါဒအား လအတန်ကြာ ပြန်လည်သုံးသပ်မှုကို ဦးစီးဆောင်ရွက်ခဲ့ပြီး ယခုအချိန်အထိ ပန်းပန်နေဆဲ ဖြစ်ပါသည်။
အမေရိကန်အစိုးရက အရေးယူပိတ်ဆို့မှုများကို ရုတ်တရက် ဖြေလျှော့ပေးဦးမည် မဟုတ်ရင် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသူ အုပ်စုများ စိတ်သက်သာရာ ရနေချိန်တွင် သြဂုတ်လက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သူ ဆီနိတ်တာ ဂျင်မ်ဝက် ဦးဆောင်သည့် စေ့စပ်ဆွေးနွေးရေး အုပ်စုက အစိုးရ၏ ကြိုးပမ်းအားထုတ်မှုအသစ်ကို ကြိုဆိုလိုက်သည်။ ရှေ့ဆက်၍လည်း ပိတ်ဆို့မှုများသည် သဘောထားကွဲလွဲမှု၏ အကြောင်းအချက် ဖြစ်နေပါဦးမည်။
ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသူ US Campaign for Burma က တစ်ကမ္ဘာလုံးနှင့် လက်နက်ကုန်သွယ်မှု မပြုလုပ်ရန် ဖိအားပေးရေး အစရှိသော အချို့အရေးယူမှုများကို ကျယ်ပြန့်စွာ ဆောင်ရွက်သွားရန် အမေရိကန်အစိုးရအား တိုက်တွန်းထားသည်။
တင်းကြပ်ပြင်းထန်သော အရေးယူပိတ်ဆို့မှုများကို ရုတ်သိမ်းပေးနေကြောင်း နားလည်သဘော ပေါက်သွားလျှင် မြန်မာအစိုးရသည် အပြုသဘောဆောင်သော တုန့်ပြန်ဆက်ဆံမှုများ ပြုလုပ်လာလိမ့်မည်ဟု Advocacy Group ၏ ညွှန်ကြားရေးမှူး ဂျရမီး ဝူဒရမ်က ပြောကြားလိုက်သည်။
လက်နက်ကုန်သွယ်မှု တားမြစ်ချက်သည် တပ်မတော်အစိုးရအား အညှာကို ကိုင်ရန် ရည်ရွယ်သော လုပ်ဆောင်မှုသာ ဖြစ်ပေသည်။ အကယ်၍ နိုင်ငံများသည် ၎င်းတို့၏ ပြည်သူများကို ထိခိုက်စေမည့် လက်နက်များကို တပ်ဆင်မပေးရန် ဆုံးဖြတ်လိုက်ပါက စစ်သားများအတွက် မည်သို့ ဆောင်ရွက်ရမည်နည်း ဟု ၎င်းက ပြောကြားခဲ့သည်။ ယင်းအချက်သည် အလွန်ထိရောက်တန်ဖိုးရှိသော သတင်းတစ်ခုဖြစ်ပြီး မြန်မာပြည်သူများကို ထိခိုက်စေလိမ့်မည် မဟုတ်ပါဟု ၎င်းက ဆက်လက်ပြောကြားသည်။
ဆီနိတ်တာ ဂျင်မ်ဝက်က ဆက်လက်၍ မြန်မာနိုင်ငံအား အထီးကျန်စေရန် ဘေးဖယ်ထားသော အမေရိကန်၏ မူဝါဒသည် လေးစားဂုဏ်ပြုဖွယ်အသွင် ဆောင်နေချိန်တွင် ၎င်း၏အိမ်နီးချင်း တရုတ်ကြီးက စစ်ရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ အကူအညီများ စစ်အစိုးရကို ပေးပြီး လက်တံဆန့်လာခဲ့ခြင်းသည် အမေရိကန် အစိုးရ၏ လွှမ်းမိုးထိန်းချုပ်မှုကို အားနည်းစေခဲ့လေပြီ ဟုလည်း သုံးသပ်ခဲ့သည်။
မြန်မာနိုင်ငံအပေါ် ရှုမြင်သုံးသပ်ချက်များနှင့် ပတ်သက်၍ အခြားဥပဒေပြု အမတ်အများစုနှင့် သဘောထားကွဲလွဲခဲ့သူ စာရေးဆရာ၊ မရင်းတပ်သားဟောင်း၊ ဆီနိတ်တာ ဂျင်မ်ဝက်က အကယ်၍ မြန်မာအစိုးရကသာ ပြောင်းလဲမှုများ ပြုလုပ်ခဲ့လျှင် အမေရိကန်ကလည်း အရေးယူမှုများကို ဖြေလျှော့ပေးရမည် ဖြစ်ကြောင်း တိုက်တွန်းခဲ့သည်။
ကြာသပတေးနေ့က ထုတ်ပြန်သည့် အစီရင်ခံစာ တစ်စောင်တွင် မြန်မာနိုင်ငံထွက် ပတ္တမြား၊ ကျောက်စိမ်းနှင့် အခြား တန်ဖိုးကြီးကျောက်မျက်ရတနာများ တင်သွင်းကုန်သွယ်ခြင်းကို တားမြစ်ထားသည့် ၂၀၀၈ ခုနှစ် ဥပဒေသည် အသုံးဝင်ထိရောက်မှု မရှိကြောင်းနှင့် အစိုးရကသာ ကြွယ်ဝချမ်းသာလျက်ရှိကြောင်း ဖော်ပြခဲ့သည်။
အမေရိကန်အစိုးရ စာရင်းကိုင်ဌာနမှ စာရင်းစစ်တစ်ဦးက မြန်မာနိုင်ငံသည် ၎င်း၏ ကျောက်မျက်များကို အလွန်ကြီးမားသည့် ပြည်တွင်းဈေးကွက်ရှိသော တရုတ်နိုင်ငံသို့ လွတ်လပ်စွာ တင်ပို့လျက်ရှိသည်ဟု ပြောကြားခဲ့သည်။
အထက်ပါ အစီရင်ခံစာတွင် အမေရိကန်အစိုးရသည် မြန်မာနိုင်ငံထွက် ကျောက်မျက်များနှင့် ပတ်သက်၍ ထိရောက်သော နည်းလမ်းများ ရှာဖွေသုံးသပ်ရန် အားနည်းခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။

0 comments:

Post a Comment